ထိုအခါသူတို့သည်မောရှေအား``အကျွန်ုပ် တို့သောက်စရာရေပေးပါ'' ဟုညည်းညူ တောင်းဆိုကြ၏။ မောရှေက``အဘယ်ကြောင့်ညည်းညူကြ သနည်း။ ထာဝရဘုရားကိုအဘယ်ကြောင့် စုံစမ်းကြသနည်း'' ဟုပြန်၍ပြောလေ၏။
တမန်တော်ဝတ္ထု 15:10 - Common Language Bible သို့ဖြစ်၍သင်တို့သည်အဘယ်ကြောင့်ဘုရား သခင်ကိုသွေးစမ်းလိုကြသနည်း။ ငါတို့ဘိုး ဘေးများသော်လည်းကောင်း၊ ငါတို့ကိုယ်တိုင် ပင်သော်လည်းကောင်း၊ မထမ်းနိုင်သည့်ဝန်ကို အဘယ်ကြောင့်ထိုသူတို့အားထမ်းစေကြ ပါသနည်း။- Garrad Bible ထို့ ကြောင့် ဘိုး ဘေး များ မှ စ၍ ငါ တို့ လည်း မ ထမ်း နိုင် သော ထမ်း ပိုး ကို ထို တ ပည့် တော် တို့ လည် ပေါ် တွင် တင် လျက် အ ဘယ့် ကြောင့် ဘု ရား သ ခင် ကို ယ ခု စုံ စမ်း ကြ သ နည်း။ Judson Bible သို့ဖြစ်လျှင်၊ ငါတို့နှင့် ငါတို့ဘိုးဘေးများ မထမ်းနိုင်သော ထမ်းပိုးကို တပည့်တော်တို့၏ လည်ပင်းပေါ်၌ တင်စေခြင်းငှာ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် သင်တို့သည် ငါတို့ဘိုးဘေးများနှင့် ငါတို့ကိုယ်တိုင်လည်း မထမ်းနိုင်သောထမ်းပိုးကို ထိုတပည့်တော်တို့၏လည်ပင်းပေါ်၌ တင်ခြင်းအားဖြင့် ဘုရားသခင်ကို အဘယ်ကြောင့် စမ်းသပ်ကြသနည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ယခုသင်တို့သည် ကျွန်ုပ်တို့၏ဘိုးဘေးများနှင့် ကျွန်ုပ်တို့ပင် မထမ်းနိုင်သောထမ်းပိုးကို တပည့်တော်တို့၏လည်ပင်းပေါ်တွင်တင်ခြင်းအားဖြင့် အဘယ်ကြောင့် ဘုရားသခင်ကို စမ်းသပ်ကြသနည်း။ |
ထိုအခါသူတို့သည်မောရှေအား``အကျွန်ုပ် တို့သောက်စရာရေပေးပါ'' ဟုညည်းညူ တောင်းဆိုကြ၏။ မောရှေက``အဘယ်ကြောင့်ညည်းညူကြ သနည်း။ ထာဝရဘုရားကိုအဘယ်ကြောင့် စုံစမ်းကြသနည်း'' ဟုပြန်၍ပြောလေ၏။
အာခတ်က``ငါသည်ထာဝရဘုရားအား အကဲမစမ်းလိုပါ။ သို့ဖြစ်၍နိမိတ် လက္ခဏာကိုတောင်းလျှောက်လိမ့်မည် မဟုတ်'' ဟုဆို၏။
သူတို့သည်လေးလံ၍အထမ်းရခက်သည့်ဝန်ထုပ် များကိုသူတစ်ပါးတို့အားထမ်းစေကြ၏။ မိမိ တို့ကိုယ်တိုင်မူထိုဝန်ထုပ်များကိုလက်ဖျားနှင့် မျှမတို့လိုကြ။-
သခင်ယေရှုကလည်း ``သင်၏ဘုရားသခင် ထာဝရဘုရားကိုအစုံအစမ်းမပြုရဟူ ၍လည်းကျမ်းစာတော်တွင်ပါရှိ၏'' ဟုမိန့် တော်မူ၏။
ပေတရုက ``သခင်ဘုရား၏ဝိညာဉ်တော် ကိုသွေးတိုးစမ်းရန် အဘယ်ကြောင့်သင်တို့ သဘောတူကြံစည်ကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကိုသင်္ဂြိုဟ်ခဲ့သူတို့သည် ယခု တံခါးဝသို့ပြန်ရောက်ပြီ။ သူတို့သည်သင့် ကိုလည်းဆောင်ယူသွားကြလတ္တံ့' ဟုဆို၏။-
ယခုမှာမူသင်တို့သည်ဘုရားသခင်ကိုသိရှိ လာကြလေပြီ။ သင်တို့အားဘုရားသခင်သိရှိ တော်မူလေပြီဟုငါဆိုသင့်၏။ သို့ဖြစ်၍သင်တို့ သည်အားနည်း၍သနားစရာကောင်းသည့်ဝိညာဉ် များထံသို့အဘယ်ကြောင့်ပြန်လည်သွားလိုကြ သနည်း။ အဘယ်ကြောင့်သူတို့၏ကျွန်ပြန်၍ ဖြစ်လိုကြသနည်း။-
ခရစ်တော်သည်ငါတို့အား ကျွန်ဘဝမှလွတ် မြောက်စေတော်မူပြီဖြစ်၍ ငါတို့သည်ကျွန် မဟုတ်ကြ။ သို့ဖြစ်၍လွတ်လပ်သူများအဖြစ် နှင့်ရပ်တည်ကြလော့။ နောက်တစ်ဖန်ကျွန်မဖြစ် ကြနှင့်။
သင်တို့ဘိုးဘေးများသည်အနှစ်လေးဆယ်တိုင် တိုင် ငါပြုတော်မူသောအမှုကိုတွေ့မြင်ခဲ့သော်လည်း ငါ့ကိုဆန့်ကျင်၍အကဲစမ်းကြ၏။
ဤအရာအပေါင်းတို့သည်မျက်မှောက်ခေတ်ကို ညွှန်ပြနေသည့်အမှတ်လက္ခဏာဖြစ်၏။ ပြဌာန်း ထားသည့်ပူဇော်သကာနှင့်ယဇ်များသည် ဝတ်ပြု သောသူ၏စိတ်နှလုံးကိုဖြူစင်သန့်ရှင်းအောင် ပြုပြင်၍မပေးနိုင်။-