တမန်တော်ဝတ္ထု 13:15 - Common Language Bible ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းကိုဖတ်ပြီး သောအခါ တရားဇရပ်အမှုဆောင်လူကြီး များသည်သူတို့အား ``ညီအစ်ကိုတို့၊ လူတို့ အားတိုက်တွန်းအားပေးစကားပြောကြား ရန်ရှိပါလျှင်ပြောကြပါ'' ဟုလူလွှတ်၍ အကြောင်းကြားကြ၏။- Garrad Bible ပ ည တ္တိ ကျမ်း နှင့် ပ ရော ဖက် ကျမ်း ချက် များ ကို ဖတ် ရွတ် ပြီး သည့် ကာ လ ဓ မ္မာ ရုံ အုပ် တို့ သည် သူ တို့ ထံ လူ လွှတ် လျက် ညီ အစ် ကို တို့၊ လူ ပ ရိ သတ် အား နှိုး ဆော် ရန် ရှိ လျှင် ဟော ပြော ကြ ပါ ဟု တိုက် တွန်း ကြ သည့် အ တိုင်း၊ Judson Bible ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းကို ဖတ်ရွတ်ပြီးမှ၊ တရားဇရပ်မှူးတို့သည်၊ ညီအစ်ကိုတို့၊ လူများအား ဆုံးမစရာစကားရှိလျှင် ဟောပြော ကြပါဟု လူကိုစေလွှတ်၍ ကြားပြောစေ၏။ မြန်မာ့စံမီသမ္မာကျမ်း ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ကြားပြီးသောအခါ ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံများသည် သူတို့ထံ လူလွှတ်၍ “ညီအစ်ကိုတို့၊ သင်တို့တွင် လူတို့အား တိုက်တွန်းအားပေးစကားတစ်စုံတစ်ခုရှိလျှင် ပြောကြပါ”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ပြီးနောက် ဂျူးဝတ်ပြုဆောင်မှူးများက “ညီအစ်ကိုတို့… သင်တို့ထံတွင် ပရိသတ်များအတွက် အားပေးတိုက်တွန်းစကားရှိပါကဝေမျှပေးပါ” ဟု လူလွှတ်၍ ပြောစေ၏။ |
``ယောဟန်မပေါ်မီကာလကပညတ်ကျမ်း နှင့်ပရောဖက်ကျမ်းများအာဏာတည်လျက်ရှိ ၏။ ယောဟန်ပေါ်ပြီးချိန်မှစ၍ဘုရားသခင်၏ နိုင်ငံတော်အကြောင်းသတင်းကောင်းကိုဟော ပြောကြေညာခဲ့၏။ လူအပေါင်းတို့သည်လည်း နိုင်ငံတော်သို့အနိုင်အထက်ဝင်ကြကုန်၏။-
``ညီအစ်ကိုတို့၊ သခင်ယေရှုကိုဖမ်းဆီးသူတို့ ၏လမ်းပြဖြစ်သူ ယုဒရှကာရုတ်ကိုရည်မှတ်၍ ကျမ်းစာတော်တွင်ဖော်ပြပါရှိသည်အတိုင်းဖြစ် ပျက်ရမည်သာတည်း။ ဤကျမ်းချက်ကိုသန့်ရှင်း သောဝိညာဉ်တော်သည်ဒါဝိဒ်မင်းနှုတ်အားဖြင့် ဟောကြားခဲ့၏။-
ယေရုရှလင်မြို့သားများနှင့်သူတို့၏ခေါင်း ဆောင်များကား ထိုအရှင်သည်ကယ်တင်ရှင် ဖြစ်သည်ကိုမသိမမြင်ကြ။ ဥပုသ်နေ့တိုင်း မိမိတို့ဖတ်ကြသည့်ပရောဖက်ကျမ်းစကား ကိုလည်းနားမလည်ကြ။ သို့သော်ထိုသူတို့ သည်ပရောဖက်များ၏ဟောကြားချက်အတိုင်း ဖြစ်ပျက်စေရန် ထိုအရှင်ကိုသေဒဏ်စီရင် ကြ၏။-
အဘယ်ကြောင့်ဆိုသော်ရှေးကာလမှစ၍ မောရှေ၏ပညတ်တရားကိုတရားဇရပ်များ တွင်ဥပုသ်နေ့တိုင်းဖတ်ခြင်း၊ သူ၏တရားကို ဟောပြောခြင်းရှိသောကြောင့်ဖြစ်၏'' ဟုဆို လေသည်။
အတော်ပင်အချေအတင်ဆွေးနွေးကြပြီး သောအခါ ပေတရုသည်နေရာမှထ၍ ``ညီ အစ်ကိုတို့၊ လူမျိုးခြားတို့သည်သတင်းကောင်း ကိုကြား၍ယုံကြည်နိုင်စေရန် ဘုရားသခင် သည်လွန်ခဲ့သည့်ကာလအတန်ကြာက သတင်း ကောင်းကိုကြေညာရန်အတွက် ငါ့အားသင်တို့ အထဲမှရွေးချယ်ခန့်ထားတော်မူခဲ့ကြောင်း သင်တို့သိကြ၏။-
ထိုသူတို့သည်တရားဇရပ်အုပ်ချုပ်ရေးမှူး သုဿင်ကိုဖမ်းဆီး၍တရားခွင်ရှေ့တွင်ရိုက် နှက်ကြ၏။ သို့ရာတွင်ဂါလျုန်သည်ထိုအပြု အမူကိုလုံးဝဂရုမစိုက်ဘဲနေ၏။
တရားဇရပ်အုပ်ချုပ်မှူးကရိပ္ပုနှင့်အိမ်သူ အိမ်သားအပေါင်းတို့သည် သခင်ဘုရားကို ယုံကြည်သူများဖြစ်လာကြ၏။ အခြား ကောရိန္သုမြို့သားအမြောက်အမြားသည် လည်း နှုတ်ကပတ်တရားတော်ကိုကြားရ၍ ယုံကြည်ကာဗတ္တိဇံမင်္ဂလာကိုခံယူကြ၏။
``ညီအစ်ကိုတို့၊ ငါတို့၏နာမည်ကျော်အဖ ဖြစ်သောဒါဝိဒ်မင်း၏အကြောင်းကို ငါသည် သင်တို့အားရှင်းလင်းစွာဖော်ပြပါရစေ။ သူ သည်သေလွန်၍သင်္ဂြိုဟ်ခြင်းကိုခံရ၏။ သူ၏ သင်္ချိုင်းသည်ယနေ့တိုင်အောင်ငါတို့မျက်မှောက် တွင်ရှိသေး၏။-
ထိုစကားကိုကြားကြသောအခါ လူတို့သည် လွန်စွာပူပင်သောကရောက်ကြလျက် ပေတရု နှင့်အခြားတမန်တော်တို့အား``ညီအစ်ကိုတို့၊ ငါတို့အဘယ်သို့ပြုရပါမည်နည်း'' ဟုမေး မြန်းကြ၏။
ထိုသူတို့သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက် ဝိညာဉ်တော်ပေးအပ်တော်မူသည့် တန်ခိုးစွမ်းရည်အတိုင်းဘာသာစကား အမျိုးမျိုးဖြင့်ဟောပြောကြကုန်၏။
သူသည်ထိုဒေသများကိုလှည့်လည်ကာ တပည့်တော်တို့အား အားပေးစကားများ ပြောကြားပြီးနောက်အခါယပြည်သို့ သွား၏။-
``ညီအစ်ကိုများနှင့်ဖခင်တို့၊ ယခုအကျွန်ုပ် ထုချေမည့်စကားကိုနားထောင်ကြပါ'' ဟု ဆို၏။-
ယောသပ်ဟုနာမည်တွင်သောလူတစ်ယောက် ရှိ၏။ သူ့အားတမန်တော်တို့ကဗာနဗဟူ၍ မှည့်ခေါ်ကြ၏။ (ဗာနဗ၏အနက်ကားအား ပေးကူညီသူဟူ၏။) သူသည်ကုပရုပြည် သား၊ လေဝိအနွယ်ဝင်ဖြစ်၏။-
သတေဖန်က``ညီအစ်ကိုများနှင့်ဖခင်တို့၊ နားထောင်ကြပါလော့။ ငါတို့အဖအာဗြဟံ သည်ခါရန်မြို့သို့သွား၍မနေထိုင်မီ မေသော ပေါတာမိပြည်တွင်ရှိစဉ် ဘုန်းအသရေနှင့် ပြည့်စုံတော်မူသောဘုရားသခင်အား ဗျာဒိတ်ရူပါရုံတွင်ဖူးမြင်ရလေသည်။-
ငါတို့၏ဆုကျေးဇူးသည်သူတစ်ပါးတို့ကို အားပေးနိုင်စွမ်းဖြစ်ပါကအားပေးကြရမည်။ ပေးကမ်းဝေမျှသူသည်ရက်ရောစွာပေးကမ်း ဝေမျှရမည်။ အာဏာရှိသူသည်လုံ့လထုတ်၍ အလုပ်လုပ်ရမည်။ သူတစ်ပါးတို့အားသနား ကြင်နာမစသူသည်ရွှင်လန်းဝမ်းမြောက်စွာ ကူညီမစရမည်။
သို့ရာတွင်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောသောသူသည်ကား လူတို့အားဆောက် တည်ရာရစေသောစကား၊ အားပေးသော စကား၊ နှစ်သိမ့်သောစကားတို့ကိုပြော၏။-
ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် ထိုင်းမှိုင်းလျက်ရှိခဲ့၏။ ယနေ့တိုင်အောင်ပင်လျှင် ပဋိညာဉ်တရားဟောင်းကိုဖတ်သည့်အခါတိုင်း သူတို့စိတ်နှလုံးသည်ယင်းပဝါဖြင့်ဖုံးအုပ် လျက်ရှိ၏။ ခရစ်တော်အားဖြင့်သာလျှင်ယင်း ပဝါကိုပယ်ရှားရ၏။-
သင်တို့အားငါတို့၏ဟောပြောတိုက်တွန်း ချက်သည်အမှားအယွင်းအပေါ်၌သော် လည်းကောင်း၊ မသမာသောရည်ရွယ်ချက် အပေါ်၌သော်လည်းကောင်း၊ မူတည်သည် မဟုတ်။ ငါတို့သည်မည်သူ့ကိုမျှလည်း လိမ်လည်လှည့်စားရန်မကြိုးစား။-
ညီအစ်ကိုတို့၊ ဤအားပေးတိုက်တွန်းချက် ကိုသည်းခံလျက်နာယူကြရန်သင်တို့ အားငါတောင်းပန်၏။ ယခုသင်တို့ထံသို့ ငါရေးလိုက်သောစာသည်များစွာမရှည် ပါ။-