စားပွဲတွင်သူတို့နှင့်အတူထိုင်တော်မူလျက် မုန့်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းတော် မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍သူတို့အားပေး တော်မူ၏။-
တမန်တော်ဝတ္ထု 10:41 - Common Language Bible လူတိုင်းကိုယ်တော်ကိုဖူးမြင်ခွင့်ရကြသည် မဟုတ်။ အသိသက်သေများအဖြစ်ဖြင့်ဘုရား သခင်ကြိုတင်ရွေးချယ်ထားသူငါတို့သာ လျှင်ဖူးမြင်ရကြ၏။ ငါတို့သည်ကိုယ်တော် သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်နှင့်အတူစားသောက်ခဲ့သူများဖြစ် ကြ၏။- Judson Bible လူအပေါင်းတို့အား ထင်ရှားစွာပြတော်မမူ၊ ဘုရားသခင်ခန့်ထားတော်မူနှင့်သော သက်သေခံတည်းဟူသော ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။ သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ ထိုသခင်နှင့်အတူ ငါတို့သည် စားသောက်ရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် လူအားလုံးထံ၌မဟုတ်ဘဲ သက်သေအဖြစ် ဘုရားသခင်ကြိုတင်ခန့်ထားသော ငါတို့ထံ၌သာ ကိုယ်ထင်ရှားပြတော်မူ၏။ ကိုယ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီးနောက် ငါတို့သည် ကိုယ်တော်နှင့်အတူစားသောက်ခဲ့ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် လူအပေါင်းတို့ထံ၌ ကိုယ်ထင်ပြစေတော်မူသည်မဟုတ်။ ဘုရားသခင်ကိုယ်တိုင် သက်သေများအဖြစ် ကြိုတင်ရွေးချယ်ထားသော ကျွန်ုပ်တို့ထံ၌သာ ကိုယ်ထင်ပြစေတော်မူ၏။ ယေရှုခရစ်တော် သေခြင်းမှ ထမြောက်တော်မူပြီးနောက် ကျွန်ုပ်တို့သည်လည်း ထိုသခင်နှင့်အတူ စားသောက်ကြ၏။ |
စားပွဲတွင်သူတို့နှင့်အတူထိုင်တော်မူလျက် မုန့်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းတော် မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍သူတို့အားပေး တော်မူ၏။-
သင်တို့အားထိုအဖြစ်အပျက်များနှင့် ပတ်သက်၍မျက်မြင်သက်သေများဖြစ်ကြ၏။-
ထိုအရှင်သည်ဘုရားသခင်အကြောင်းဆိုင် ရာသမ္မာတရားကိုဖော်ပြသောဝိညာဉ်တော် ဖြစ်၏။ လောကသားတို့သည်ထိုဝိညာဉ်တော် ကိုမြင်လည်းမမြင်၊ သိလည်းမသိသဖြင့် မခံမယူနိုင်။ ထိုဝိညာဉ်တော်သည်သင်တို့ နှင့်အတူတည်နေတော်မူ၍ သင်တို့စိတ်နှလုံး တွင်ကျိန်းဝပ်တော်မူသဖြင့်ထိုအရှင်ကို သင်တို့သိကြ၏။
ကာလအနည်းငယ်ကြာလျှင်ဤလောက သားတို့သည် ငါ့ကိုမြင်ကြရတော့မည်မဟုတ် သော်လည်း သင်တို့မူကားမြင်ကြရလိမ့်မည်။ ငါ သည်အသက်ရှင်သောကြောင့်သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။-
(ရှကာရုတ်မဟုတ်သူ) အခြားယုဒက``သခင်၊ လောကသားတို့အားမိမိကိုယ်ကိုပေါ်လွင် ထင်ရှားစေတော်မမူဘဲ အကျွန်ုပ်တို့အား အဘယ်သို့ပေါ်လွင်ထင်ရှားစေတော်မူမည် နည်း'' ဟုမေးလျှောက်၏။
သင်တို့သည်ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ တည်မြဲသောအသီးကိုသီးနိုင်ကြစေရန်သင် တို့အားငါရွေးကောက်ခန့်ထား၏။ သို့ဖြစ်၍ငါ ၏နာမကိုအမှီပြု၍သင်တို့တောင်းလျှောက် သမျှတို့ကိုခမည်းတော်ပေးတော်မူလိမ့်မည်။-
သင်တို့သည်လည်းအစကပင်ငါနှင့်အတူ ရှိနေသောကြောင့် ငါ၏အကြောင်းကိုပြော ကြားရကြလိမ့်မည်။''
သခင်ယေရှုသည်သူတို့ရှိရာသို့ကြွတော်မူ ၍မုန့်ကိုယူပြီးလျှင်သူတို့အားပေးတော် မူ၏။ ငါးကိုလည်းထိုနည်းတူပေးတော်မူ၏။
သူတို့သည်စုရုံးလာကြသောအခါကိုယ်တော် က``ယေရုရှလင်မြို့မှထွက်ခွာ၍မသွားကြ နှင့်။ ခမည်းတော်ကတိထားတော်မူသည့်ဆု ကျေးဇူးကိုစောင့်မျှော်လျက်နေကြလော့။ ထို ဆုကျေးဇူးအကြောင်းကိုယခင်ကသင်တို့ အားငါဖော်ပြခဲ့၏။-
ယေရုရှလင်မြို့၌လည်းကောင်း၊ ဣသရေလ နိုင်ငံရှိအခြားမြို့ရွာများ၌လည်းကောင်း၊ ကိုယ်တော်လုပ်ဆောင်ခဲ့သမျှသောအမှုအရာ တို့နှင့်ပတ်သက်၍ ငါတို့သည်အသိသက်သေ များဖြစ်ကြ၏။ ထိုနောက်လူတို့သည်ကိုယ်တော် ကိုလက်ဝါးကပ်တိုင်တွင်တင်၍သတ်ကြ၏။-
ထိုနောက်ထိုအရှင်သည်ယခင်ကမိမိနှင့်အတူ ဂါလိလဲပြည်မှယေရုရှလင်မြို့သို့လိုက်ပါ ကြသူတို့အား ရက်ပေါင်းများစွာကိုယ်ထင်ပြ တော်မူ၏။ သူတို့သည်ယခုအခါဣသရေလ အမျိုးသားတို့အား ကိုယ်တော်၏အကြောင်းကို သက်သေခံလျက်ရှိကြ၏။-