ပေတရုဝင်လာသောအခါ ကော်နေလိသည် ခရီးဦးကြို၍သူ၏ခြေရင်းတွင်ပျပ်ဝပ် လေ၏။-
ဝင် လာ သော ပေ တ ရု ကို ကြို ဆို လျက် ခြေ ရင်း တွင် ပျပ် ဝပ် ရှိ ခိုး ရာ၊
ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု၍၊ ပေတရု၏ခြေရင်း၌ ပျပ်ဝပ်လျက် ကိုးကွယ်လေ၏။-
ပေတရုဝင်လာသောအခါ ကော်နေလိသည် သူ့ကိုကြိုဆို၍ သူ၏ခြေရင်း၌ပျပ်ဝပ်လျက် ရှိခိုးလေ၏။
ပေတရုရောက်လာသောအခါ ကော်နေလိသည် ကြိုဆို၍ သူ၏ခြေရင်း၌ ဝပ်တွားခယလျက် ရှိခိုးလေ၏။
ဘုရားသခင်သည်ယင်းသို့လျှို့ဝှက်ခက်ခဲ သည့်အရာကို အကျွန်ုပ်အားသိစေတော် မူသည်မှာအကျွန်ုပ်သည် အခြားသူအပေါင်း တို့ထက်ပို၍အသိပညာရှိသောကြောင့် မဟုတ်ပါ။ အရှင်မင်းကြီးအားအိပ်မက်၏ အနက်ကိုသိရှိစေရန်နှင့် နှလုံးတော်ဆင် ခြင်ချက်များကိုနားလည်လာစေရန်ပင် ဖြစ်ပါ၏။
ထိုအခါနေဗုခဒ်နေဇာမင်းသည်ဒံယေလ ၏ရှေ့တွင်မြေသို့တိုင်အောင်ဦးညွှတ်တော်မူ ပြီးလျှင် ဒံယေလအားယဇ်နှင့်ပူဇော်သကာ များဆက်ကပ်ကြရန်အမိန့်ပေးတော်မူ၏။-
လှေထဲရှိတပည့်တော်တို့သည်ကိုယ်တော်အား ဦးညွှတ်ရှိခိုးလျက် ``အရှင်ကားအကယ်ပင် ထာဝရဘုရား၏သားတော်ဖြစ်ပါ၏'' ဟု လျှောက်ထားကြ၏။
ထိုအခါအရေပြားရောဂါစွဲကပ်သူလူတစ် ယောက်သည်ကိုယ်တော်၏ရှေ့မှောက်သို့လာရောက် ဒူးထောက်လျက် ``အရှင်၊ အရှင်အလိုတော်ရှိ လျှင်အကျွန်ုပ်အား ဤရောဂါမှသန့်စင်စေနိုင် ပါသည်'' ဟုလျှောက်ထားတောင်းပန်၏။
ထိုအခါငါသည်သူ၏ခြေရင်းတွင်ပျပ်ဝပ် လျက်သူ့အားရှိခိုးမည်ပြု၏။ သို့ရာတွင်ကောင်း ကင်တမန်က``ဤသို့မပြုနှင့်။ ငါသည်သင်နှင့် သင်၏ညီအစ်ကိုများမှစ၍သခင်ယေရှု ဖော်ပြသည့်သမ္မာတရားကိုစောင့်ထိန်းရသူ တို့နှင့်လုပ်ဖော်ဆောင်ဘက်အစေခံတစ်ဦး သာလျှင်ဖြစ်၏။ ဘုရားသခင်ကိုသာရှိခိုး လော့'' ဟုဆို၏။ အဘယ်ကြောင့်ဆိုသော်သခင်ယေရှုဖော်ပြ တော်မူသောသမ္မာတရားသည်ပရောဖက်တို့ အားလှုံ့ဆော်သောကြောင့်တည်း။