ပေတရုသည်ထိုဗျာဒိတ်ရူပါရုံ၏အနက် အဋ္ဌိပ္ပါယ်ကိုဆင်ခြင်စဉ်းစားလျက်နေ၏။ ထို အချိန်၌ကော်နေလိစေလွှတ်လိုက်သောလူ တို့သည် ရှိမုန်၏အိမ်ကိုမေးမြန်းရှာဖွေ၍ ယခုအိမ်ရှေ့သို့ရောက်ရှိလာကြ၏။-
တမန်တော်ဝတ္ထု 10:18 - Common Language Bible ထိုသူတို့က ``ပေတရုခေါ်ရှိမုန်သည်ဤ အိမ်တွင်ရှိပါ၏လော'' ဟုအော်၍မေးမြန်း ကြ၏။ Garrad Bible ထို အိမ် တွင် ပေ တ ရု ဘွဲ့ ခံ ရှိ မုန် တည်း နေ သည် မ နေ သည် ကို ဟစ် မေး ကြ၏။ Judson Bible ပေတရုအမည်သစ်ကိုရသော ရှိမုန်သည် ဤမှာတည်းနေပါ သလောဟု မေးမြန်းဟစ်ခေါ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် လှမ်းခေါ်၍ “ပေတရုဟုခေါ်သောရှိမုန်သည် ဤအိမ်တွင် တည်းခိုနေပါသလော”ဟု မေးမြန်းကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့က “ပေတရုဟု ခေါ်သော ရှိမုန်သည် ဤအိမ်တွင်တည်းခိုနေသလော” ဟု ဟစ်ခေါ်မေးမြန်းကြ၏။ |
ပေတရုသည်ထိုဗျာဒိတ်ရူပါရုံ၏အနက် အဋ္ဌိပ္ပါယ်ကိုဆင်ခြင်စဉ်းစားလျက်နေ၏။ ထို အချိန်၌ကော်နေလိစေလွှတ်လိုက်သောလူ တို့သည် ရှိမုန်၏အိမ်ကိုမေးမြန်းရှာဖွေ၍ ယခုအိမ်ရှေ့သို့ရောက်ရှိလာကြ၏။-
ပေတရုသည်ဗျာဒိတ်ရူပါရုံအကြောင်း ကိုစဉ်းစားနေစဉ်ဝိညာဉ်တော်က ``လူသုံး ယောက်တို့သည်သင့်ကိုရှာနေကြ၏။-
ထိုနောက်ငါရှိရာအိမ်သို့လူသုံးယောက် ရုတ်တရက်ရောက်ရှိလာ၏။ သူတို့သည် ကဲသရိမြို့မှငါ့ထံသို့စေလွှတ်လိုက် သူများဖြစ်၏။-