အစပထမ၌ကမ္ဘာတစ်ဝန်းလုံးရှိလူတို့ သည် ဘာသာစကားတစ်မျိုးတည်းပြောကြ ၏။-
ဇေဖနိ 3:9 - Common Language Bible ``ထိုအခါငါသည်လူမျိုးအပေါင်းကို ပြုပြင်ပြောင်းလဲစေမည်ဖြစ်၍ သူတို့သည် အခြားဘုရားများကိုမကိုးကွယ်ဘဲ ငါ့ ကိုသာကိုးကွယ်ကြလိမ့်မည်။ သူတို့အား လုံးပင်ငါ၏စကားကိုနားထောင်ကြ လိမ့်မည်။- Garrad Bible ထို ကာ လ၊ လူ အ မျိုး မျိုး တို့ သည်၊ တစ် သ ဘော တည်း ဝတ် ပြု လျက်၊ ငါ ထာ ဝ ရ ဘု ရား၏ နာ မ တော် အား ပ ဌ နာ ပြု စေ ခြင်း ငှာ၊ နှုတ် များ ကို ငါ စင် ကြယ် စေ မည့် အ လျောက်၊ Judson Bible အကယ်စင်စစ် လူမျိုးအပေါင်းတို့သည် ထာဝရဘုရား၏အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက်မည်အကြောင်း၊ နာမတော်ကို ပတ္ထနာပြုစေခြင်းငှာ သန့်ရှင်းသော ဘာသာစကားကို သူတို့အား ငါပြန်ပေးမည်။ မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့သည် ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုလျက် တစ်စိတ်တစ်သဘောတည်းဖြင့် ဝတ်ပြုနိုင်ရန် ငါသည် သူတို့အား သန့်ရှင်းသောနှုတ်ကို ပြန်ပေးမည်။ |
အစပထမ၌ကမ္ဘာတစ်ဝန်းလုံးရှိလူတို့ သည် ဘာသာစကားတစ်မျိုးတည်းပြောကြ ၏။-
ရှေသသည်လည်းသားရ၍ထိုသားကိုဧနုတ် ဟုမှည့်ခေါ်၏။ ထိုခေတ်ကာလမှစ၍ လူတို့ သည်ထာဝရဘုရား၏နာမတော်ကိုအမှီ ပြုလျက်ကိုးကွယ်ကြလေ၏။
နေထွက်ရာအရပ်မှနေဝင်ရာအရပ်သို့ တိုင်အောင် ထာဝရဘုရား၏နာမတော်အားထောမနာ ပြုကြ ပါစေသတည်း။
လူမျိုးတကာတို့သည်ထာဝရဘုရားကို သတိရကြလိမ့်မည်။ ကမ္ဘာအရပ်ရပ်မှလူမျိုးအပေါင်းတို့သည် စိတ်သဘောပြောင်းလဲ၍ကိုယ်တော်ကို ကိုးကွယ်ဆည်းကပ်ကြလိမ့်မည်။
ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်မြို့ကြီးငါးမြို့တွင်ဟေဗြဲ ဘာသာစကားကိုသုံးစွဲကြလိမ့်မည်။ ထို မြို့များရှိလူတို့သည်ကျိန်ဆို၍ထာဝရ ဘုရားအားသစ္စာကတိပြုကြလိမ့်မည်။ ထို မြို့တို့အနက်မှမြို့တစ်မြို့သည်နေမင်း၏ မြို့ဟုနာမည်တွင်လိမ့်မည်။
ဣသရေလနိုင်ငံရှိဝမ်းနည်းပူဆွေးလျက် နေသူတို့၏နှုတ်မှကျေးဇူးတော်ချီးမွမ်း ကြစေ၊ ရပ်နီးရပ်ဝေးရှိလူအပေါင်းတို့အား ငြိမ်းချမ်းသာယာမှုကိုငါပေး၏။ ငြိမ်သက် ခြင်းကိုငါပေး၏။ ငါ၏လူမျိုးတော်ကိုငါ ကုစားမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။-
သူသည်ငါ့နှုတ်ခမ်းကိုမီးခဲနှင့်တို့ပြီးလျှင် ``သင်၏နှုတ်ခမ်းသည်ဤမီးခဲနှင့်တို့ထိရပြီးဖြစ်သဖြင့်သင့်မှာအပြစ်မရှိတော့။ သင်သည်အပြစ်များမှဖြေလွှတ်၍သွားပေပြီ'' ဟုဆို၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကွယ်ကာစောင့်ထိန်းတော်မူ၍ ခွန်အား ကိုပေးတော်မူပါ၏။ ဒုက္ခရောက်ချိန်၌ကူမတော် မူပါ၏။ ကမ္ဘာမြေကြီးစွန်းမှလူမျိုးတကာတို့ သည် အထံတော်သို့လာ၍``ကျွန်တော်မျိုးတို့ ဘိုးဘေးများကိုးကွယ်ခဲ့သည့်ဘုရားတို့သည် အတုအယောင်များသာလျှင်ဖြစ်ပါ၏။ အသုံး မဝင်အကျိုးမပေးသောရုပ်တုများသာဖြစ် ပါ၏။-
ထိုတုတ်နှစ်ချောင်းကိုတစ်ချောင်းတည်းဟု ထင်ရအောင်သင်၏လက်တွင်ကိုင်ထားလော့။-
ပင်လယ်တို့သည်ရေနှင့်ပြည့်လျက်နေသကဲ့% သို့ ကမ္ဘာမြေကြီးသည်လည်း ဘုရားသခင်၏% ဘုန်းအသရေတော်ကိုသိကျွမ်းမှုဖြင့်ပြည့်% လျက်နေလိမ့်မည်။
ထာဝရဘုရားသည်သူတို့အားထိတ်လန့် တုန်လှုပ်စေတော်မူလိမ့်မည်။ ကိုယ်တော်သည် လောကီဘုရားများကိုဆိတ်သုဉ်းစေတော် မူမည်ဖြစ်၍လူမျိုးတကာတို့သည် မိမိ တို့ပြည်အသီးသီးတွင်ကိုယ်တော်ကိုဝတ် ပြုကိုးကွယ်ကြလိမ့်မည်။
ထိုအခါကမ္ဘာတစ်ဝှမ်းလုံးကိုထာဝရ ဘုရားအုပ်စိုးတော်မူလိမ့်မည်။ လူအပေါင်း တို့သည်လည်းကိုယ်တော်အား မိမိတို့၏ ဘုရားသခင်အဖြစ်ဝတ်ပြုကိုးကွယ်ကာ ထိုနာမတော်တစ်ပါးတည်းဖြင့်သိမှတ် ကြလိမ့်မည်။
ထိုအခါလူမျိုးပေါင်းမြောက်မြားစွာတို့ သည်ထာဝရဘုရားထံတော်သို့ချဉ်းကပ် ကြလျက် ကိုယ်တော်၏လူမျိုးတော်ဖြစ်လာ ကြလိမ့်မည်။ ကိုယ်တော်သည်သင်တို့အလယ် တွင်ကျိန်းဝပ်တော်မူလိမ့်မည်။ ငါ့အားကိုယ် တော်စေလွှတ်တော်မူလိုက်ကြောင်းကိုလည်း သင်တို့သိကြလိမ့်မည်။-
ကောင်းမြတ်သောသူသည်မိမိ၏ကောင်းမြတ်သော စိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှကောင်းမြတ်သော အရာကိုထုတ်ဖော်တတ်၏။ ဆိုးယုတ်သောသူသည် မိမိဆိုးယုတ်သောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်း မှဆိုးယုတ်သောအရာများကိုထုတ်ဖော်တတ်၏။
ညစ်ညမ်းသည့်စကားတစ်ခွန်းကိုမျှသင်တို့နှုတ်မှ မထွက်စေနှင့်။ သူတစ်ပါးတို့အားအကျိုးရှိစေမည့် စကား၊ အပြုသဘောပါသည့်စကားကိုသာ ပြောကြားကြလော့။ သို့မှသာလျှင်သင်တို့၏စကား ကိုကြားကြသူတို့သည်အကျိုးကျေးဇူးခံစား ရလိမ့်မည်။-
ထိုနောက်သတ္တမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ``ကမ္ဘာလောကကိုအုပ်စိုး သောအာဏာသည် ငါတို့အရှင်နှင့်ကိုယ်တော် ၏မေရှိယလက်ထဲသို့ရောက်လာလေပြီ။ ကိုယ်တော်သည်ကမ္ဘာအဆက်ဆက်စိုးစံတော် မူလိမ့်မည်'' ဟုကောင်းကင်မှကျယ်စွာပြော သောအသံများကိုကြားရ၏။-