မတရားသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ် ၏။
ဇာခရိ 9:4 - Common Language Bible သို့ရာတွင်ထာဝရဘုရားသည်ထိုမြို့၏ စည်းစိမ်ဥစ္စာမှန်သမျှကိုသိမ်းယူတော် မူ၍ ပင်လယ်ထဲသို့ပစ်ချတော်မူလိမ့်မည်။ ထိုမြို့သည်လည်းမီးလောင်ကျွမ်း၍သွား လိမ့်မည်။ Garrad Bible ထို စည်း စိမ် ကို သိမ်း ယူ လျက်၊ ပင် လယ် ထဲ သို့ ပစ် ချ၍၊ မြို့ ကို လည်း ကျွမ်း လောင် စေ မည်။ Judson Bible ထာဝရဘုရားသည် သူတစ်ပါးလက်သို့သူ့ကိုအပ်၍၊ သူ့ခွန်အားကို ပင်လယ်ထဲသို့ ချတော်မူသဖြင့်၊ မြို့သည် မီးဖြင့် ကျွမ်းလောင်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ဘုရားရှင်သည် သူပိုင်ဆိုင်သမျှကိုသိမ်းပိုက်၍ သူ့အစွမ်းကို ပင်လယ်ပြင်တွင် ဖျက်ဆီးတော်မူမည်။ မီးဖြင့် လောင်ကျွမ်းစေတော်မူမည်။ |
မတရားသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ် ၏။
အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။
ထာဝရဘုရားသည်ပင်လယ်ပေါ်မှာ လက်တော်ကိုချိန်ရွယ်လျက် တိုင်းနိုင်ငံများ ကိုပျက်ပြုန်းစေတော်မူပြီ။ ဖိုနီးရှားတို့ ၏ကုန်သွယ်ရေးဌာနများကိုဖျက်ဆီး ပစ်ရန်လည်းအမိန့်ပေးတော်မူလေပြီ။-
သို့ဖြစ်၍သူတို့သည်သင့်အားရည်စူး ကာငိုခြင်းသီဆိုသည်မှာ ထင်ပေါ်ကျော်ဇောသောမြို့သည်ပျက်စီး လေပြီတကား။ ပင်လယ်နား၌နေသောမြို့များသည်ပယ်ရှင်း ခြင်းကို ခံရပြီတကား။ ဤမြို့သားတို့သည်ပင်လယ်များကိုအစိုးရ ခဲ့၏။ ပင်လယ်ကမ်းခြေတွင်နေထိုင်သူတို့အားလည်း ကြောက်လန့်တုန်လှုပ်စေခဲ့ကြ၏။
သင်သည်ရောင်းဝယ်ဖောက်ကားမှုများပြား သည့်အတွက် အကြမ်းဖက်မှုနှင့်အပြစ်ကူး လွန်မှုများကိုပြုကျင့်လာလေသည်။ သို့ ဖြစ်၍ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သော တောင်ပေါ်မှသင့်ကိုထွက်စေခဲ့၏။ အို အစောင့် ကောင်းကင်တမန်၊ အရောင်လက်လျက်နေ သည့်ကျောက်မျက်ရတနာများရှိရာမှ သင့်ကိုငါနှင်ထုတ်ခဲ့၏။-
သင်သည်ရောင်းဝယ်ဖောက်ကားရာတွင်ဆိုး ညစ်မှုကိုပြုသဖြင့် သင်၏အပြစ်များ ကြောင့်သင်၏ကိုးကွယ်ဝတ်ပြုရာဌာန များကိုညစ်ညမ်းစေ၏။ ထိုကြောင့်သင့်ကို ယခုကြည့်ကြသူအပေါင်းတို့ရှေ့တွင် ငါ သည်သင်၏မြို့ကိုပြာပုံဖြစ်အောင်မြေ အထိလောင်ကျွမ်းစေ၏။ ငါတို့သည်ပြာ ကိုသာလျှင်မြင်ရကြမည်။-
ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် အားငါအရှင်ထာဝရဘုရား၏အမိန့် တော်ကိုဆင့်ဆိုရမည်မှာ သင်သည်မာန် မာနထောင်လွှားလျက်မိမိကိုယ်ကိုဘုရား ဟူ၍ပင်လယ်ဝိုင်းရံ၍နေသောရာဇပလ္လင် ပေါ်တွင် ဘုရားကဲ့သို့ထိုင်လျက်နေရသည် ဟုဆိုလေသည်။ သင်သည်ဘုရားနည်းတူ ပညာရှိသည်ဟုထင်သော်လည်း သင်သည် ဘုရားမဟုတ်။ အမှန်ပင်မဟုတ်။ လူသား မျှသာဖြစ်၏။-
သင့်ကိုလည်းတွင်းထဲသို့ဆွဲချ၍ ရေသင်္ချိုင်း တွင်အသက်ဆုံးရှုံးလိမ့်မည်။-
ငါသည်သင်တို့၏သားသမီးများအား ယုဒပြည်သားတို့၏ငွေဝယ်ကျွန်ဖြစ်စေ မည်။ ယုဒပြည်သားတို့သည်လည်းသူတို့ အားဝေးလံသောရှေဘပြည်သို့ရောင်းစား ကြလိမ့်မည်။ ဤကားငါထာဝရဘုရား ၏မြွက်ဟသည့်စကားဖြစ်၏။
ထို့ကြောင့်ငါသည်တုရုမြို့ရိုးများအပေါ် သို့မီးမိုးရွာစေပြီး တုရုရဲတိုက်များကို ပြာချလိုက်မည်ဟုမိန့်တော်မူ၏။
ဤအမှုကိုအာရှကေလုန်မြို့သည်မြင်၍ ကြောက်လန့်သွားလိမ့်မည်။ ဂါဇမြို့သည် လည်းမြင်သဖြင့်စိတ်နှလုံးတုန်လှုပ်ခြောက် ချား၍သွားလိမ့်မည်။ ဧကြုန်မြို့သည်လည်း ထိုနည်းလည်းကောင်းဖြစ်၍သူ၏မျှော်လင့် ချက်များပျက်ပြား၍သွားလိမ့်မည်။ ဂါဇ မြို့သည်မင်းဆက်ပြတ်လျက်၊ အာရှကေလုန် မြို့သည်လူသူဆိတ်ငြိမ်ရာဖြစ်၍ကျန်ရစ် လိမ့်မည်။-