သနားကြင်နာတတ်၍ကရုဏာနှင့်ပြည့်ဝ လျက် တရားမျှတသောသူတော်ကောင်းတို့အတွက် အမှောင်ထဲ၌အလင်းရောင်ပေါ်ထွန်းတတ်၏။
ဇာခရိ 14:6 - Common Language Bible ထိုအချိန်ကာလကျရောက်လာသောအခါ ချမ်းဧမှု သို့မဟုတ်ဆီးနှင်းများကျမှု ရှိတော့မည်မဟုတ်။- Garrad Bible ထို နေ့ ရက် တော် အ လင်း သည်၊ နေ့ အ ချိန်၊ ညဉ့် အ ချိန် မ ပြောင်း ဘဲ၊ တောက် ပ ခြင်း၊ မှောင် ကျ ခြင်း ကင်း လျက်၊ ထာ ဝ ရ ဘု ရား သိ မှတ် တော် မူ သော တ ရက် တည်း ဖြစ် သည့် အ တိုင်း၊ ညဉ့် ဦး ယံ အ ချိန်၌ ပင် လင်း အံ့ သေး၏။ Judson Bible ထိုနေ့ရက်၌ အလင်းမရှိ၊ မြတ်သောအရာတို့သည် ယုတ်လျော့လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်တွင် အလင်းရောင်မရှိ။ အလင်းသည် အမှောင်ဖြစ်လိမ့်မည်။ |
သနားကြင်နာတတ်၍ကရုဏာနှင့်ပြည့်ဝ လျက် တရားမျှတသောသူတော်ကောင်းတို့အတွက် အမှောင်ထဲ၌အလင်းရောင်ပေါ်ထွန်းတတ်၏။
ကြယ်နက္ခတ်အပေါင်းတို့သည်မတောက်ဘဲ နေလိမ့်မည်။ နေထွက်လာသောအခါမှောင် လျက်နေလိမ့်မည်။ လသည်လည်းအလင်း ရောင်ကိုပေးလိမ့်မည်မဟုတ်။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်နန်း စံတော်မူတော့မည်ဖြစ်၍ လသည်မိုက်လျက် နေလိမ့်မည်။ နေသည်လည်းနောက်တစ်ဖန်ထွန်း လင်းတော့မည်မဟုတ်။ ကိုယ်တော်သည်ယေရု ရှလင်မြို့၊ ဇိအုန်တောင်ပေါ်တွင်စိုးစံတော် မူလိမ့်မည်။ ပြည်သူတို့၏ဦးစီးခေါင်းဆောင် များသည်လည်း ကိုယ်တော်၏ဘုန်းအသရေ တော်ကိုဖူးမြင်ရကြလိမ့်မည်။
ထာဝရဘုရားအားကြောက်ရွံ့ရိုသေ၍၊ ကိုယ်တော်အစေခံ၏စကားကိုနားထောင်သူ အပေါင်းတို့၊ သင်တို့လျှောက်ရသည့်လမ်းသည်မှောင်လျက် နေကောင်းနေလိမ့်မည်။ သို့ရာတွင်သင်တို့သည်ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ သင်တို့၏ဘုရားသခင်ကိုမှီခိုအားကိုးကြလော့။
ငါသည်၊ကမ္ဘာမြေကြီးကိုကြည့်လိုက်သော အခါ ယင်းသည်ပုံသဏ္ဌာန်ကင်းမဲ့လျက်နေ၏။ မိုးကောင်းကင်ကိုကြည့်သောအခါ၌လည်း အလင်းရောင်မတွေ့ရ။
သင့်အားသုတ်သင်ဖျက်ဆီးချိန်၌ငါသည် မိုးကောင်းကင်ကိုဖုံးအုပ်ကွယ်ကာ၍ ကြယ် တာရာများကိုကွယ်ပျောက်စေမည်။ နေကို မိုးတိမ်များဖုံးအုပ်လိမ့်မည်။ လသည် လည်းအလင်းရောင်ပေးလိမ့်မည်မဟုတ်။-
ငါသည်မိုးကောင်းကင်မှအလင်းအိမ်ရှိ သမျှကိုကွယ်ပျောက်စေ၍သင့်ပြည်၌ အမှောင်ကျစေမည်။ ဤကားငါအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
ငါတို့သည်ထာဝရဘုရားကိုသိကျွမ်း ရန်ကြိုးစားအားထုတ်ကြကုန်အံ့။ နံနက် အရုဏ်တက်မြဲတက်သကဲ့သို့လည်းကောင်း၊ မိုးရာသီတွင်မြေကြီးပေါ်သို့မိုးရွာမြဲ ရွာသကဲ့သို့လည်းကောင်း ကိုယ်တော်သည် ငါတို့ထံသို့မုချကြွလာတော်မူမည်'' ဟုဆိုကြ၏။
ထိုနေ့သည်မှောင်မိုက်အုံ့ဆိုင်းသောနေ့၊မည်း နက်လျက် မိုးတိမ်ထူထပ်သောနေ့ဖြစ်လိမ့်မည်။ တောင်ရိုးများကိုလွှမ်းခြုံလိုက်သည့် မှောင်ရိပ်ကဲ့သို့၊ကျိုင်းကောင်အုပ်ကြီးသည်ရှေ့သို့ ချီတက်လာလေသည်။ ဤသို့အဘယ်အခါကမျှဖြစ်ပျက်ခဲ့ဘူးသည်မရှိ။ နောင်အဘယ်အခါ၌မျှလည်းဖြစ်ပျက်လိမ့်မည် မဟုတ်။
``ငါသည်ထိုနေ့ရက်ကာလနှင့်ပတ်သက်၍ မိုးကောင်းကင်၌သော်လည်းကောင်း၊မြေကြီး ပေါ်၌ သော်လည်းကောင်းပုဗ္ဗနိမိတ်များကိုပြမည်။ သွေးထွက်သံယိုဖြစ်မှုမီးလျှံမီးခိုးများ ထမှုတို့ ဖြစ်ပေါ်လာလိမ့်မည်။
ထာဝရဘုရားတရားစီရင်တော်မူရာ ကြောက်မက်ဖွယ်ကောင်းသည့်နေ့ကြီး မကျမရောက်မီ၊ နေသည်မှောင်မိုက်၍သွားလိမ့်မည်။ လသည် လည်း သွေးကဲ့သို့နီမြန်း၍လာလိမ့်မည်။
ထိုအလင်းသည်အမှောင်တွင်ထွန်းလင်း၍အမှောင်သည် ထိုအလင်းကိုအဘယ်အခါမျှမဖုံးလွှမ်းနိုင်။
ငါ့ကိုယုံကြည်သူမှန်သမျှသည်အမှောင် တွင်မနေရစေခြင်းငှာ ငါသည်အလင်း အဖြစ်လောကသို့ကြွလာပြီ။-
ဤအမှုအရာကားပရောဖက်ယောလ ဟောကြားခဲ့သည့်အမှုအရာပင်ဖြစ်၏။ ထို ပရောဖက်က၊
အထက်အရပ်ကောင်းကင်တွင်နိမိတ် လက္ခဏာများကိုလည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်တွင်အံ့သြဖွယ်သော အရာများကိုလည်းကောင်းငါပြမည်။ သွေး၊မီးလျှံ၊မီးခိုးတည်းဟူသော ပုပ္ပနိမိတ်များကိုငါပြမည်။
သို့ဖြစ်၍ငါတို့သည်ပရောဖက်များကြေညာ သည့်ဗျာဒိတ်တော်ကိုပို၍စိတ်ချယုံကြည် ကြ၏။ ထိုဗျာဒိတ်တော်ကိုဂရုပြုလော့။ အဘယ် ကြောင့်ဆိုသော်ယင်းသည်အရုဏ်ကျင်းလျက် နေအလင်းပေါ်၍ သင်တို့စိတ်နှလုံးထဲတွင် အရုဏ်ကြယ်ပေါ်ထွက်ချိန်မတိုင်မီအမှောင် ထဲတွင်ထွန်းလင်းလျက်နေသည့်မီးခွက်နှင့်တူ၏။-
ထိုနောက်သတ္တမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ``ကမ္ဘာလောကကိုအုပ်စိုး သောအာဏာသည် ငါတို့အရှင်နှင့်ကိုယ်တော် ၏မေရှိယလက်ထဲသို့ရောက်လာလေပြီ။ ကိုယ်တော်သည်ကမ္ဘာအဆက်ဆက်စိုးစံတော် မူလိမ့်မည်'' ဟုကောင်းကင်မှကျယ်စွာပြော သောအသံများကိုကြားရ၏။-
ငါ၏သက်သေခံနှစ်ပါးအားငါစေလွှတ် မည်။ သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ ရက်ပေါင်းတစ်ထောင်နှစ်ရာခြောက်ဆယ်တိုင် တိုင် ဗျာဒိတ်တော်ကိုဟောကြားကြလိမ့် မည်'' ဟုဆို၏။