ကိုယ်တော်က``အချင်းလူသား၊ တောင်အရပ် သို့မျှော်ကြည့်၍ ထိုအရပ်နှင့်ထိုအရပ်ရှိ သစ်တောအားဗျာဒိတ်တော်ကိုဆင့်ဆိုလော့။-
ဇာခရိ 11:2 - Common Language Bible အို ထင်းရှူးပင်တို့ငိုကြွေးမြည်တမ်းကြလော့။ သစ်ကတိုးပင်များသည်ပြိုလဲကြလေပြီ။ ကြက်သရေဆောင်သည့်ထိုအပင်တို့သည် ပျက်ပြုန်း၍သွားလေပြီ။ အို ဗာရှန်ဝက်သစ်ချပင်တို့ငိုကြွေး မြည်တမ်းကြလော့။ ထူထပ်သည့်သစ်တောကိုခုတ်လှဲလိုက်ကြ လေပြီ။ Garrad Bible အို ထင်း ရူး ပင်၊ ထူး မြတ် သော သစ် က တိုး တော လဲ ကျ ပျက် စီး သည့် အ တွက်၊ အော် လော့။ အို ဗာ ရှန် ညန် မြိုင်၊ မ ဝင် နိုင် သော သစ် တော လဲ ကျ သည့် အ တွက်၊ ဟစ် လော့။ Judson Bible အို ထင်းရှူးပင်၊ အာရဇ်ပင်လဲသောကြောင့် မြည်တမ်းလော့။ မြတ်သောအပင်တို့သည် ပျက်စီးကြပြီ။ အို ဗာရှန်သပိတ်ပင်တို့၊ ခိုင်ခံ့သောတောကို ခုတ်လှဲသောကြောင့် မြည်တမ်းကြလော့။ မြန်မာ့စံမီသမ္မာကျမ်း အို ထင်းရှူးပင်၊ ညည်းတွားလော့။ အကြောင်းမူကား သစ်ကတိုးပင် လဲကျ၍ ကျက်သရေဆောင်သစ်ပင်တို့ ပျက်စီးကုန်ပြီ။ အို ဗာရှန်ဝက်သစ်ချပင်တို့၊ ညည်းတွားကြလော့။ အကြောင်းမူကား ထူထပ်သောသစ်တောကြီး ပြုန်းတီးသွားလေပြီ။ |
ကိုယ်တော်က``အချင်းလူသား၊ တောင်အရပ် သို့မျှော်ကြည့်၍ ထိုအရပ်နှင့်ထိုအရပ်ရှိ သစ်တောအားဗျာဒိတ်တော်ကိုဆင့်ဆိုလော့။-
လှော်တက်များကိုပြုလုပ်ရန်ဗာရှန်တောမှ ဝက်သစ်ချပင်များကိုယူဆောင်လာကြ၏။ သင်၏ကုန်းပတ်ကိုကုပရုကျွန်းမှရသော ထင်းရှူးဖြင့်ပြုလုပ်ကာဆင်စွယ်များဖြင့် ချယ်လှယ်ထားကြ၏။
ယင်းတို့သည်ယခင်ကပြိုလဲသွားကြသည့် အပင်များနှင့်ပေါင်းဆုံမိကြရန် အာရစ်ပင် နှင့်အတူမရဏာနိုင်ငံသို့သက်ဆင်းကြ လိမ့်မည်။ ထိုအာရစ်ပင်၏အရိပ်တွင်ခိုလှုံ ခဲ့ကြသူအပေါင်းတို့နှင့် လူမျိုးတကာ မိတ်ဆွေတို့သည်လည်းအတူသက်ဆင်း ကြလိမ့်မည်'' ဟူ၍တည်း။
ဇိအုန်မြို့၌သက်တောင့်သက်သာစွာဇိမ်ခံ နေကြသူတို့၊ ရှမာရိတောင်ပေါ်တွင်လုံလုံ ခြုံခြုံနှင့်စံမြန်းနေကြသူတို့၊ ပြည်သူ များကအသနားခံနေရသူတို့၊ လူမျိုး များထဲမှအထွတ်အမြတ်ဖြစ်သောဣသ ရေလလူမျိုးတော်တို့၊ သင်တို့သည်အရှက် တကွဲအကျိုးနည်းဖြစ်ရတော့မည်။-
အို လေဗနုန်တောင်၊ သင်၏သစ်ကတိုးပင်များသည် မီးသင့်လောင်၍သွားနိုင်ရန်သင်၏တံခါးတို့ကို ဖွင့်ပါလော့။
ဘုရင်မင်းတို့သည်ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြ၏။ သူတို့၏ဘုန်းအသရေကားကွယ်ပျောက် သွားလေပြီ။ ခြင်္သေ့များ၏ဟောက်သံကိုနားထောင် ကြလော့။ သူတို့ခိုအောင်းရာယော်ဒန်မြစ်ဝှမ်းရှိ သစ်တောသည်ကားပျက်ပြုန်း၍သွားလေပြီ။
စိမ်းစိုသောအပင်ကိုဤသို့ပြုကြပါမူ အပင်သည်ခြောက်သွေ့သောအခါမည်သို့ ဖြစ်လိမ့်မည်နည်း'' ဟုမိန့်တော်မူ၏။