ဣသရေလပြည်သူတို့သည်၊ ယုဒပြည်သူ တို့အပေါ်တွင်ငြူစူစိတ်ရှိကြတော့မည် မဟုတ်။ ယုဒပြည်သူတို့သည်လည်းဣသရေ လပြည်သူတို့၏ရန်ဘက်ဖြစ်ကြတော့မည် မဟုတ်။-
ဇာခရိ 11:14 - Common Language Bible ထိုနောက်ငါသည်``စည်းလုံးခြင်း'' နာမည်တွင် သောတောင်ဝှေးကိုချိုးပစ်လိုက်၏။ ထိုအခါ ယုဒပြည်နှင့်ဣသရေလပြည်စည်းလုံးမှု သည်ပျက်ပြား၍သွားလေတော့၏။ Garrad Bible ထို နောက်၊ ယု ဒ အ မျိုး နှင့် ဣ သ ရေ လ အ မျိုး တို့ သွေး သား ပျက် မည့် လ က္ခ ဏာ အ ဖြစ်၊ သင်း ဖွဲ့ ခြင်း ခေါ် ဒု တိ ယ တောင် ဝေး ကို လည်း၊ ငါ ချိုး ဖြတ်၏။ Judson Bible ထိုအခါ ယုဒအမျိုးနှင့် ဣသရေလအမျိုးဖွဲ့သော မိတ်သဟာယကို ဖျက်လို၍၊ အနှောင်အဖွဲ့အမည်ရှိသော အခြားတောင်ဝှေးကို ငါချိုး၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယုဒလူမျိုးနှင့် အစ္စရေးလူမျိုးကြား ညီအစ်ကိုတော်စပ်မှုကို ပယ်ဖျက်ရန် ဒုတိယတောင်ဝှေးဖြစ်သော “စည်းလုံးခြင်းတောင်ဝှေး”ကို ငါချိုးပစ်၏။ |
ဣသရေလပြည်သူတို့သည်၊ ယုဒပြည်သူ တို့အပေါ်တွင်ငြူစူစိတ်ရှိကြတော့မည် မဟုတ်။ ယုဒပြည်သူတို့သည်လည်းဣသရေ လပြည်သူတို့၏ရန်ဘက်ဖြစ်ကြတော့မည် မဟုတ်။-
မနာရှေသားချင်းစုနှင့်ဧဖရိမ်သားချင်း စုသည်အပြန်အလှန်တိုက်ခိုက်ကြပြီးလျှင် သူတို့နှစ်ဦးပေါင်း၍ယုဒသားချင်းစုကို တိုက်ခိုက်ကြတော့၏။ သို့နှင့်လည်းထာဝရ ဘုရားသည်အမျက်တော်မပြေဘဲအပြစ် ဒဏ်ခတ်တော်မူရန်လက်တော်ကိုချိန်ရွယ် လျက်ပင်ထားတော်မူ၏။
ငါသည်သူတို့အားထိုပြည်တွင်ဣသရေလ တောင်များပေါ်မှာလူမျိုးတစ်မျိုးတည်း ဖြစ်စေတော်မူမည်။ သူတို့၌အုပ်စိုးမည့် ဘုရင်တစ်ပါးတည်းရှိလိမ့်မည်။ လူမျိုး နှစ်မျိုးနိုင်ငံနှစ်နိုင်ငံကွဲပြားလျက် မရှိရ။-
(ထာဝရဘုရားက၊``ငါသည်ကမ္ဘာမြေကြီး ပေါ်တွင်အဘယ်သူ့ကိုမျှသနားတော့မည် မဟုတ်ပါ။ ငါကိုယ်တိုင်ပင်လူအပေါင်းတို့ ကို သူတို့၏ဘုရင်များ၏လက်သို့ပေးအပ် မည်။ ထိုဘုရင်တို့သည်ကမ္ဘာမြေကြီးကို ပျက်ပြုန်းစေကြမည်ဖြစ်သော်လည်း ငါ သည်ကယ်တင်ပေးလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။)
သိုးရောင်းဝယ်သူတို့ကငါ့ကိုငှားရမ်းသ ဖြင့်ငါသည်နှိပ်စက်ခြင်းခံရသောသိုးတို့ ကို ထိန်းကျောင်းရသူဖြစ်လာလေသည်။ ``ကျေး ဇူးပြုခြင်း'' ဟုနာမည်တွင်သောသိုးထိန်း တောင်ဝှေးတစ်ချောင်းနှင့်``စည်းလုံးခြင်း'' ဟု နာမည်တွင်သောသိုးထိန်းတောင်ဝှေးတစ် ချောင်းကိုယူပြီးလျှင်သိုးအုပ်ကိုငါ ထိန်းကျောင်းရ၏။-
ထိုနောက်ငါ၏သိုးအုပ်အား``ငါသည်သင် တို့၏သိုးထိန်းမလုပ်လိုတော့ပါ၊ သေရ မည့်သိုးတို့သည်သေကြပါလေစေ။ အသတ် ခံရမည့်သိုးများသည်လည်းအသတ်ခံရ ကြပါလေစေ။ အသက်မသေဘဲကျန်ရှိ သည့်သိုးများသည်လည်း မိမိတို့အချင်း ချင်းသတ်ဖြတ်ကြပါလိမ့်မည်'' ဟုပြော ဆို၏။-
ထိုအခါလူများစွာပင်မှောက်မှားလမ်းလွဲကြ လျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်ကြလိမ့်မည်။-
သို့သော်သားရဲတိရစ္ဆာန်အချင်းချင်းကိုက်သတ် ကြသကဲ့သို့ သင်တို့ပြုကြပါလျှင် အချင်း ချင်းဖျက်ဆီးရာရောက်မည်ဖြစ်ကြောင်းသတိ ပြုကြလော့။
သို့သော်အကယ်၍သင်တို့စိတ်နှလုံးတွင် နာကြည်းစိတ်၊ မနာလိုစိတ်၊ တစ်ကိုယ်ကောင်း စိတ်များရှိလျှင်မိမိဉာဏ်ပညာအတွက် ကြွားဝါပြောဆိုခြင်းအားဖြင့်သမ္မာတရား ကိုမဆန့်ကျင်နှင့်။-
အဘယ်ကြောင့်ဆိုသော်မနာလိုစိတ်၊ တစ်ကိုယ် ကောင်းစိတ်တို့သည်မငြိမ်မဝပ်ရုန်းရင်းဆန် ခတ်မှု၊ ဆိုးညစ်ယုတ်မာမှုအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေတတ်သောကြောင့်တည်း။-