တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏ဟု ပညက်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီ သနည်း။
ဆာလံ 93:4 - Common Language Bible ထာဝရဘုရားသည်သမုဒ္ဒရာ မြည်ဟည်းသံထက်လည်းကောင်း၊ ပင်လယ်လှိုင်းတံပိုးများထက်လည်းကောင်းသာ၍ တန်ခိုးကြီးပြီးလျှင် အချုပ်အခြာအာဏာတော်ဖြင့်ကောင်းကင်ဘုံတွင် စိုးစံတော်မူ၏။ Garrad Bible ပင် လယ် ဟုန်း သံ နှင့် သ မု ဒ္ဒ ရာ လှိုင်း တံ ပိုး များ အား ကြီး သည် ထက်၊ ထာ ဝ ရ ဘု ရား သည် မြင့် မြတ်၍ တန် ခိုး ကြီး တော် မူ ပါ၏။ Judson Bible ရေများဟုန်းသံနှင့်တကွ သမုဒ္ဒရာလှိုင်းတံပိုးတို့သည် အားကြီးသည်ထက်၊ ထာဝရဘုရားသည် မြင့်သော အရပ်၌သာ၍ တန်ခိုးကြီးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း မြင့်သောအရပ်၌ရှိတော်မူသောထာဝရဘုရားသည် များစွာသောရေတို့၏မြည်ဟည်းသံထက်တန်ခိုးကြီးတော်မူ၏။ ပင်လယ်လှိုင်းတံပိုးများထက် တန်ခိုးကြီးတော်မူ၏။ |
တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏ဟု ပညက်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီ သနည်း။
ထာဝရဘုရား၏အသံတော်သည်ထွက်ပေါ် လာ၏။ ထိုအသံတော်သည်ဘုန်းတန်ခိုးအာနုဘော် တော်နှင့် ပြည့်စုံ၏။
ကိုယ်တော်ရှင်သည်ပင်လယ်ရေမြည်ဟည်းသံနှင့် လှိုင်းလုံးသံတို့ကိုငြိမ်သက်စေတော်မူပါ၏။ လူတို့ရုန်းရင်းဆန်ခတ်သံများကိုလည်း ငြိမ်သက်စေတော်မူပါ၏။
အို ထာဝရဘုရား၊ ကောင်းကင်ဘုံတွင်ကိုယ်တော်ရှင်နှင့်အဘယ် သူ တူပါသနည်း။ အဘယ်ကောင်းကင်သားသည်ကိုယ်တော်ကို တုပြိုင်နိုင်ပါသနည်း။
ကိုယ်တော်ရှင်သည်လှိုင်းကြီးသည့်ပင်လယ်ကို အစိုးရတော်မူ၍ ပြင်းထန်သောလှိုင်းတံပိုးတို့ကိုငြိမ်းစေတော်မူပါ။
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား ဖြစ်တော်မူသောကိုယ်တော်ရှင်သည် ထာဝစဉ်အချုပ်အခြာအာဏာပိုင် ဖြစ်တော်မူသောကြောင့်တည်း။
ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-