ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့အားလိုက်လံဖမ်းဆီးသဖြင့် သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွား တတ်သော ဖွဲကဲ့သို့ဖြစ်ရကြပါစေသော။
ဆာလံ 90:9 - Common Language Bible ကျွန်တော်မျိုးတို့သည်အမျက်တော်ကိုခံရ သောကြောင့် အသက်တိုကြရပါ၏။ ကျွန်တော်မျိုးတို့၏အသက်သည်တီးတိုး ပြောသည့် လေသံကဲ့သို့ပျောက်ကွယ်တတ်ပါ၏။ Garrad Bible အ မျက် တော် ကြောင့်၊ အ ကျွန်ုပ် တို့ ရက် တာ ပြောင်း လျက်၊ နှစ် တာ လည်း သက် ကြီး ရှိုက် တ ငင် လွန် သွား တတ် ပါ ၏။ Judson Bible အကျွန်ုပ်တို့သည် အမျက်တော်ကိုခံရသောကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အကျွန်ုပ်တို့၏နေ့ရက်အားလုံးသည် ကိုယ်တော်၏အမျက်တော်အောက်၌ ကုန်လွန်သွားကြပါ၏။ အကျွန်ုပ်တို့၏နှစ်ကာလတို့သည် သက်ပြင်းတစ်ချက်အချမှာပင် ကုန်ဆုံးသွားပါ၏။ |
ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့အားလိုက်လံဖမ်းဆီးသဖြင့် သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွား တတ်သော ဖွဲကဲ့သို့ဖြစ်ရကြပါစေသော။
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ ကျွန်တော်မျိုး၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးငိုယိုသောအခါကူမရန်ကြွ တော်မူပါ။ ဘိုးဘေးတို့ကဲ့သို့ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်၏ဧည့်သည်အဖြစ်နှင့် ခဏမျှသာနေရပါ၏။
ကိုယ်တော်သည်ကျွန်တော်မျိုး၏အသက်ကို လွန်စွာတိုစေတော်မူပါပြီတကား။ ကိုယ်တော်၏ရှေ့တော်တွင်ကျွန်တော်မျိုး၏ အသက်တာသည်ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ်သက်ရှိလူသတ္တဝါမည်သည်ကား ထွက်သက်ဝင်သက်တမျှ၊
သို့ဖြစ်၍ကိုယ်တော်သည်သူတို့အား ထွက်သက်ဝင်သက်တမျှတစ်ခဏချင်း၌ အသက်ဆုံးရှုံးစေတော်မူ၏။ သူတို့၏ဘဝကိုရုတ်တရက်ကျရောက်သည့် ဘေးအန္တရာယ်ကြောင့်နိဂုံးချုပ်စေတော်မူ၏။
ကိုယ်တော်ရှင်၏အဖို့အနှစ်တစ်ထောင်သည် တစ်နေ့ကဲ့သို့ဖြစ်ပါ၏။ ကုန်လွန်ပြီးသည့်ယမန်နေ့ကဲ့သို့လည်းကောင်း၊ တိုတောင်းသောညဥ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။