အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ဘုရားများရှေ့တွင်ကိုယ်တော်ရှင်အား ထောမနာသီချင်းဆိုပါ၏။
ဆာလံ 9:2 - Common Language Bible ကိုယ်တော်ရှင်ကိုအမှီပြု၍ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားထောမနာသီချင်းဆိုပါမည်။ Garrad Bible မြင့် မြတ် သော အ ရှင်၊ ကိုယ် တော်၌ အား ရ ရွှင် လန်း လျက်၊ နာ မ တော် ဂုဏ် တော် ကို ကျူး ဧ ပါ မည်။ Judson Bible ကိုယ်တော်ကို အမှီပြု၍ ဝမ်းသာရွှင်လန်းပါမည်။ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။ အမြင့်ဆုံးသောဘုရား။ မြန်မာ့စံမီသမ္မာကျမ်း အို အမြင့်ဆုံးသောအရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းပါမည်။ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းပါမည်။ |
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ဘုရားများရှေ့တွင်ကိုယ်တော်ရှင်အား ထောမနာသီချင်းဆိုပါ၏။
ကျွန်တော်မျိုးသည်ကျေးဇူးတော်ချီးမွမ်းရာ သီချင်းကိုဆို၍ ကိုယ်တော်ရှင်ပြုတော်မူသောအံ့သြဖွယ် အမှုအရာအပေါင်းတို့ကိုပြောကြားပါ၏။
သို့ဖြစ်၍ငါသည်မိမိအားဝိုင်းရံထားသည့် ရန်သူများကိုအောင်မြင်ခွင့်ရလိမ့်မည်။ ငါသည်ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော် လျက် ဗိမာန်တော်တွင်ယဇ်ပူဇော်မည်။ သီချင်းဆိုမည်။ ထာဝရဘုရားအား ထောမနာပြုမည်။
ထာဝရဘုရားသည်ငါ့ကိုကွယ်ကာ စောင့်ရှောက်တော်မူ၏။ ငါသည်ကိုယ်တော်အားကိုးစား၏။ ကိုယ်တော်သည်ငါ့အားကူမတော်မူသဖြင့် ငါသည်ဝမ်းမြောက်လျက်ကိုယ်တော်အား ထောမနာသီချင်းများကိုဆို၏။
ထိုအခါ အို ဘုရားသခင်၊ကျွန်တော်မျိုးသည် ယဇ်ပလ္လင်တော်သို့ချဉ်းကပ်ပါမည်။ ကျွန်တော်မျိုးသည်အထံတော်မှရွှင်လန်း ဝမ်းမြောက်ခြင်းကိုခံယူရရှိပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုး၏ဘုရား၊ကိုယ်တော်အား စောင်းတီးလျက်ချီးမွမ်းထောမနာပြုပါမည်။
သို့ရာတွင်ကိုယ်တော်ရှင်ထံတော်တွင်လုံခြုံစွာ ခိုလှုံကြသောသူအပေါင်းတို့သည် ဝမ်းမြောက်ရွှင်လန်းရကြပါလိမ့်မည်။ သူတို့သည်ဝမ်းမြောက်သဖြင့်အစဉ် သီချင်းဆိုကြပါလိမ့်မည်။ ကိုယ်တော်ရှင်သည်မိမိအားချစ်သူတို့ကို ကွယ်ကာစောင့်ထိန်းတော်မူပါ၏။ ကိုယ်တော်ရှင်ကြောင့်သူတို့သည်အကယ်ပင် ဝမ်းမြောက်ရကြပါ၏။
ထာဝရဘုရားသည်တရားမျှတတော်မူသည့်အတွက် ငါသည်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ အမြင့်မြတ်ဆုံးသောဘုရားဖြစ်တော်မူသော ထာဝရဘုရားကိုထောမနာပြု၍သီချင်းဆိုပါမည်။
သူတို့သည်ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် ထာဝရဘုရားဖြစ်တော်မူ၍ ကမ္ဘာတစ်ဝန်းလုံးတွင်ဘုရင်တကာတို့၏ဘုရင် ဖြစ်တော်မူကြောင်းကိုသိရှိကြပါစေသော။
အို ဘုရားရှင်၊ ကျွန်တော်မျိုး၏ဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးသည် စိတ်နှလုံးအကြွင်းမဲ့ထောမနာပြုပါမည်။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ကြီးမြတ် ပုံကို အစဉ်အမြဲထုတ်ဖော်ကြေညာပါမည်။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကို ချီးမွမ်းရခြင်းသည်လည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသခင်၊ ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုထောမနာ သီချင်း ကူးအေးရခြင်းသည်လည်းကောင်း၊
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော အမှုတော်များသည်ကျွန်တော်မျိုးအား ဝမ်းမြောက်ရွှင်လန်းစေပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်များကြောင့် ကျွန်တော်မျိုးသည်ဝမ်းမြောက်စွာသီချင်းဆိုပါ၏။
လူမျိုးတကာတို့အားကိုယ်တော်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊ လူအပေါင်းတို့အားကိုယ်တော်၏ အံ့သြဖွယ်ကောင်းသောအမှုတော်တို့ကို လည်းကောင်း ထုတ်ဖော်ကြေညာကြလော့။
အို သူတော်ကောင်းအပေါင်းတို့၊ ထာဝရဘုရားပြုတော်မူသောအမှုတော် ကြောင့် ရွှင်လန်းဝမ်းမြောက်ကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရား ပြုတော်မူခဲ့သည့် အမှုတော်ကိုအောက်မေ့သတိရလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
အနန္တတန်ခိုးရှင်ထာဝရဘုရား၊ကိုယ်တော် ရှင်သည် ကမ္ဘာမြေတစ်ပြင်လုံးကိုအစိုးရတော်မူသော အရှင်ဖြစ်တော်မူပါ၏။ ဘုရားရှိသမျှတို့ထက်အလွန်ကြီးမြတ်တော် မူပါ၏။
``အမြင့်မြတ်ဆုံးသောဘုရားသခင်သည် အရှင့်ခမည်းတော်နေဗုခဒ်နေဇာမင်းအား အုပ်စိုးခွင့်အာဏာနှင့်ကြီးမြတ်သည့်ဘုရင် တစ်ပါးဖြစ်စေတော်မူလျက် ဂုဏ်အသရေ နှင့်လည်းကောင်း၊ အာနုဘော်နှင့်လည်းကောင်း ပြည့်စုံစေတော်မူပါ၏။-
သင်တို့သည်သခင်ဘုရားနှင့် တစ်လုံးတစ်ဝ တည်းဖြစ်လျက်ဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။