ဆာလံ 88:9 - Common Language Bible ကျွန်တော်မျိုးခံရသောဒုက္ခကြောင့်မျက်စိများသည် ပြာဝေလျက်ရှိပါ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်နေ့စဉ်နေ့တိုင်းကိုယ်တော်ရှင် အားခေါ်ပါ၏။ လက်အုပ်ချီ၍ကိုယ်တော်ထံဆုတောင်းပတ္ထနာပြုပါ၏။ Garrad Bible ထွက် လွတ် ခွင့် မ ရ ဘဲ အ ချုပ် ခံ ရ၍၊ ညှဉ်း ဆဲ ခြင်း ကြောင့်၊ မျက် စိ ပျက် လျက် ရှိ ပါ၏။ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည် ကိုယ် တော့် ထံ နေ့ စဉ် အော် ဟစ် လျက်၊ လက် အုပ် ချီ ပါ၏။ Judson Bible အကျွန်ုပ်ခံရသော ဒုက္ခကြောင့် အကျွန်ုပ်မျက်စိသည် ပျက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အစဉ်အော်ဟစ်ပါ၏။ အထံတော်သို့ လက်ကိုဆန့်ပါ၏။ မြန်မာ့စံမီသမ္မာကျမ်း ဖိစီးနှိပ်စက်မှုကြောင့် အကျွန်ုပ်၏မျက်စိသည် မှုန်ဝါးနေပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို နေ့စဉ်နေ့တိုင်းခေါ်လျက် ကိုယ်တော့်ထံ အကျွန်ုပ်၏လက်ကို ဆန့်တန်းနေပါ၏။ |
ငါ့သဘောကို သိသောသူသည် မြင့်သောအရပ်၌ ရှိ၏။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည် ဘုရားသခင့်ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။
ဝမ်းနည်းခြင်းအားကြီးသောကြောင့် ငါ့မျက်စိ မှုန်၏။ ကိုယ်အင်္ဂါများတို့သည် အရိပ်ကဲ့သို့ ဖြစ်ကြ၏။
မိမိသွားသောလမ်း ကွယ်ပျောက်သောသူ၊ ဘုရားသခင်ဆီးကာ ချုပ်ထားသောသူအား အလင်းနှင့် အသက်ကို အဘယ်ကြောင့် ပေးသနည်း။
ကိုယ်တော်ရှင်၏ပြင်းထန်သောအမျက်တော် ကြောင့် ကျွန်တော်မျိုးသည်ပြာကိုအစားအစာ အဖြစ်ဖြင့် စားရပါ၏။ စပျစ်ရည်ကိုလည်းမျက်ရည်နှင့်ရော၍သောက် ရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ချီးမြှောက်တော်မူပြီးမှပစ်ချတော်မူပါ၏။
ကျွန်တော်မျိုးသည်လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ၏။ ရေငတ်သောမြေကဲ့သို့ကျွန်တော်မျိုး၏ ဝိညာဉ်သည် ကိုယ်တော်ရှင်ကိုတောင့်တပါ၏။
ကျွန်တော်မျိုး၏နှလုံးသည်ခုန်၍နေပါ၏။ ကျွန်တော်မျိုးတွင်ခွန်အားမရှိတော့ပါ။ ကျွန်တော်မျိုး၏မျက်စိများသည်လည်း မှုံလျက်နေပါ၏။
ကျွန်တော်မျိုးအားသတ်ဖြတ်လိုသူတို့သည် ကျော့ကွင်းများကိုထောင်ကြပါ၏။ ကျွန်တော်မျိုးအားဥပဒ်ပြုလိုသူတို့သည် ခြိမ်းခြောက်ပြောဆိုကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားလုပ်ကြံရန် အစဉ်မပြတ်ကြံစည်လျက်နေကြပါ၏။
ငါသည်နေ့ရောညပါငိုကြွေးရသဖြင့် မျက်ရည်များသည်ငါ၏အစားအစာဖြစ် တော့၏။ ရန်သူတို့ကငါ့အား``သင်၏ဘုရားသည် အဘယ်မှာရှိသနည်း'' ဟုအစဉ်ပင် မေးလျက်နေကြ၏။
အကယ်၍ကျွန်တော်မျိုးတို့သည်မိမိတို့၏ ဘုရားအားဝတ်မပြုရှိမခိုးဘဲ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ဘုရားထံသို့ ဆုတောင်းပတ္ထနာပြုကြပါမူ
ငါ၏ညည်းတွားမြည်တမ်းသံများသည်နံနက်ချိန်၊ မွန်းတည့်ချိန်၊ညဥ့်အချိန်တို့၌ အထံတော်သို့ရောက်သဖြင့်ကိုယ်တော်သည် ကြားတော်မူလိမ့်မည်။
ရန်သူများကြောင့်ငိုယိုရသဖြင့်ကျွန်တော် မျိုး၏ မျက်စိများသည်ရောင်လျက်ရှိပါ၏။ ကြည့်၍ပင်မမြင်နိုင်ပါ။
အီဂျစ်ပြည်မှသံတမန်များသည်အထံ တော်သို့ လာကြပါလိမ့်မည်။ ဆူဒန်ပြည်သားတို့သည်လက်အုပ်ချီ၍ ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြပါလိမ့်မည်။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားသနားတော်မူပါ။ ကျွန်တော်မျိုးသည်အထံတော်သို့တစ်နေ့လုံး ဆုတောင်းပတ္ထနာပြုပါ၏။
ကျွန်တော်မျိုးကိုကယ်တင်တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကျွန်တော်မျိုးသည်နေ့အချိန်၌ဟစ်အော်၍ ညအချိန်၌ကိုယ်တော်ရှင်၏ထံတော်သို့ ချဉ်းကပ်ပါ၏။
ငါ့ကိုသံကြိုးများနှင့်ချည်နှောင်ထားတော်မူ ပါ၏။ ငါသည်အကျဉ်းသားဖြစ်၍ ငါလွတ်မြောက်ရန်လမ်းမရှိ။