ဘိုးဘေးတို့၏အပြစ်များအတွက် ကျွန်တော်မျိုးတို့အားဒဏ်ခတ်တော်မမူပါနှင့်။ ယခုကျွန်တော်မျိုးတို့ကိုသနားတော်မူပါ။ ကျွန်တော်မျိုးတို့သည်မျှော်လင့်ရာမဲ့လျက် ရှိကြပါ၏။
ဘိုး ဘေး တို့ ဒု စ ရိုက် များ ကို အ ကျွန်ုပ် တို့ အ ပေါ်၌ မှတ် တော် မ မူ ဘဲ၊ အ လွန် နိမ့် ကျ လျက် ရှိ သော အ ကျွန်ုပ် တို့ ကို၊ က ရု ဏာ တော် သည် အ လျင် အ မြန် ကူ မ ပါ စေ သော။
ရှေးကပြစ်မှားမိသော အပြစ်များကို အကျွန်ုပ်တို့၌ မှတ်တော်မမူပါနှင့်။ အကျွန်ုပ်တို့သည် အလွန် နှိမ့်ချလျက်ရှိပါသည်ဖြစ်၍၊ ကရုဏာတော်သည် အလျင်အမြန်ကူမပါစေသော။
ယခင်ကဒုစရိုက်များကို အကျွန်ုပ်တို့အပေါ်မှတ်တော်မမူပါနှင့်။ အကျွန်ုပ်တို့သည် အခြေအနေ အလွန်နိမ့်ပါးလျက်ရှိသည်ဖြစ်၍ ကိုယ်တော်၏သနားစုံမက်ခြင်းသည် အကျွန်ုပ်တို့ကိုကြိုဆိုရန် အလျင်အမြန်ရောက်လာပါစေသော။
သင်၏အမျိုးအနွယ်တို့သည်အမျိုးလေးဆက် တိုင်အောင်နေပြီးမှ ဤပြည်သို့ပြန်လာကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်အာမောရိအမျိုး သားတို့သည် ဆိုးသွမ်း၍ဒဏ်သင့်သည့်အခါ ရောက်မှသူတို့အား ဤပြည်မှငါနှင်ထုတ် မည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော်မူ၏။
မုဆိုးမသည်ဧလိယအား``အို ထာဝရဘုရား ၏အစေခံ၊ အရှင်သည်အဘယ်ကြောင့်ကျွန်မ အားဤသို့ဒုက္ခရောက်စေပါသနည်း။ အရှင် သည်ကျွန်မ၏သားသေရအောင်ဘုရားသခင်အား ကျွန်မ၏အပြစ်များကိုပြန် လည်သတိပေးရန်အတွက် ဤအရပ်သို့ ကြွလာတော်မူပါသလော'' ဟုဆို၏။
ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကြိမ်ဖန်များစွာကယ်ဆယ်တော်မူခဲ့သော်လည်း သူတို့သည်ကိုယ်တော်အားပုန်ကန်မြဲ ပုန်ကန်ကြသဖြင့် အပြစ်နွံတွင်ပို၍သာနစ်ကြကုန်၏။
ထာဝရဘုရားသည်ခိုကိုးရာမဲ့သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ ငါဘေးဥပဒ်ရောက်သောအခါငါ့ကို ကယ်တော်မူ၏။
အကယ်၍ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုရေးမှတ်ထားမည်ဆိုပါက အဘယ်သူသည်အပြစ်ဒဏ်စီရင်တော်မူခြင်းနှင့် ကင်းလွတ်နိုင်ပါမည်နည်း။
ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးသည်အလွန်စိတ်ပျက် အားလျော့လျက်ရှိပါ၏။ ကျွန်တော်မျိုးထက်များစွာခွန်အားကြီးမား သော ရန်သူများ၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။
ကိုယ်တော်ရှင်သည်သူ့အားမွန်မြတ်သော ကောင်းချီးမင်္ဂလာများကိုချပေးတော်မူပြီ။ သူ့အားရွှေသရဖူကိုဆောင်းစေတော်မူပြီ။
အသက်ပျိုရွယ်စဉ်အခါက ကျွန်တော်မျိုးကူးလွန်ခဲ့သည့်အပြစ်များနှင့် အမှားအယွင်းများကိုဖြေလွှတ်တော်မူပါ။ ကိုယ်တော်ရှင်သည်ခိုင်မြဲသောမေတ္တာရှိတော်မူ၍ ကောင်းမြတ်တော်မူသည်နှင့်အညီ ကျွန်တော်မျိုးအားအောက်မေ့သတိရတော်မူပါ။
ယခုသွား၍သင့်အားငါမိန့်မှာပြီးသော အရပ်သို့သူတို့ကိုပို့ဆောင်လော့။ ငါ၏ကောင်း ကင်တမန်သည် သင့်အားလမ်းပြမည်။ သို့ရာ တွင်ဤသူတို့၏အပြစ်အတွက်ငါဒဏ်စီရင် မည့်အချိန်ကျရောက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။
ကျွန်တော်မျိုးတို့အပေါ်၌ အလွန်အမင်း အမျက်ရှတော်မမူပါနှင့်။ သို့မဟုတ်လျှင် လည်းကျွန်တော်မျိုးတို့၏အပြစ်များကို အစဉ်မပြတ်အောက်မေ့သတိရတော်မမူ ပါနှင့်၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင် ၏လူမျိုးတော်ဖြစ်၍ ကျွန်တော်မျိုးတို့ အားသနားတော်မူပါ။-
``အချင်းလူသား၊ ငါ့အားပုန်ကန်တော်လှန် ကြသောဣသရေလအမျိုးသားတို့ထံသို့ သင့်ကိုငါစေလွှတ်မည်။ သူတို့သည်မိမိတို့ ဘိုးဘေးများကဲ့သို့ယခုတိုင်အောင်ပုန်ကန် လျက်နေကြ၏။-
အို အရှင်ဘုရား၊ ကိုယ်တော်သည်အတိတ် ကာလက အကျွန်ုပ်တို့အားကာကွယ်စောင့် ရှောက်တော်မူခဲ့ပါ၏။ သို့ဖြစ်၍ယေရုရှလင် မြို့ကိုဆက်လက်၍ အမျက်ဒေါသထွက်တော် မမူပါနှင့်။ ထိုမြို့သည်ကိုယ်တော်၏မြို့တော်၊ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်ဖြစ် ပါ၏။ အကျွန်ုတို့၏အပြစ်ဒုစရိုက်များ နှင့်ဘိုးဘေးတို့ပြုခဲ့သည့်မကောင်းမှုများ ကြောင့် အိမ်နီးချင်းတိုင်းပြည်များရှိလူ အပေါင်းတို့သည် ယေရုရှလင်မြို့နှင့်ကိုယ် တော်၏လူမျိုးတော်အားအထင်အမြင် သေးကြပါ၏။-
သူတို့သည်ငါ့အားယဇ်ပူဇော်၍ယဇ်ကောင် ၏အသားကိုစားကြ၏။ သို့ရာတွင်ငါ ထာဝရဘုရားသည်သူတို့၏အပြုအစု ကိုနှစ်သက်တော်မမူ၊ ယခုငါသည်သူတို့ ၏အပြစ်ကိုသတိရ၍အပြစ်အတွက် ဒဏ်စီရင်မည်။ သူတို့ကိုအီဂျစ်ပြည်သို့ ပြန်ပို့မည်။
သူတို့သည်ဂိဗာမြို့မှာကဲ့သို့အလွန် ဆိုးရွားသောအပြစ်ကိုကူးလွန်လျက် ရှိကြ၏။ ဘုရားသခင်သည်သူတို့၏ ဒုစရိုက်ကိုအောက်မေ့သတိရတော်မူ ၍အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။
``သင်တို့ပြည်တွင်နေထိုင်သောလူမျိုးခြား သားတို့သည် ဂုဏ်အသရေတိုးမြင့်သည်ထက် တိုးမြင့်၍ သင်တို့မှာမူကားဂုဏ်အသရေ ကျဆင်းလာလိမ့်မည်။-
အဘယ်ကြောင့်ဆိုသော်သူ၏အပြစ်သည် မိုးကောင်းကင်တိုင်အောင်မြင့်မား၍ သူ၏ဆိုးယုတ်သောအပြုအမူများကို ဘုရားသခင်သတိရတော်မူလေပြီ ဖြစ်သောကြောင့်တည်း။