ထိုသူတို့သည်ကိုယ်တော်ရှင်၏လူစုတော်ကို သတ်ဖြတ်ကြပါပြီ။ ပြည်တော်ကိုလည်းယိုယွင်းပျက်စီးစေကြပါပြီ။
အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကိုကိုက်စား၍၊ သူ၏နေရာကိုလည်း သုတ်သင်ပယ်ရှင်းကြပါပြီ။
အကြောင်းမူကား သူတို့သည် ယာကုပ်အမျိုးကိုဝါးမျို၍ သူ၏မှီတင်းနေထိုင်ရာအရပ်ကို ဖျက်ဆီးကြပါပြီ။
သို့ဖြစ်၍ပရောဖက်ယေရမိအားဖြင့်``ဥပုသ် နေ့အလုပ်ရပ်နားမှု မပြုခဲ့ကြသည်ကိုပြန်လည်အစားထိုး သည့်အနေဖြင့် ပြည်တော်တွင်အနှစ်ခုနစ် ဆယ်တိုင်တိုင်လူသူဆိတ်ညံလျက်နေလိမ့် မည်'' ဟုထာဝရဘုရားမိန့်တော်မူသော ဗျာဒိတ်တော်သည်အကောင်အထည်ပေါ် လာတော့၏။
ထိုအပင်ကိုတောဝက်များသည်ကျော်နင်း ကြ၍ တောတိရစ္ဆာန်များသည်ကိုက်စားကြပါ၏။
ကျွန်တော်မျိုးတို့အပေါ်၌ အလွန်အမင်း အမျက်ရှတော်မမူပါနှင့်။ သို့မဟုတ်လျှင် လည်းကျွန်တော်မျိုးတို့၏အပြစ်များကို အစဉ်မပြတ်အောက်မေ့သတိရတော်မမူ ပါနှင့်၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင် ၏လူမျိုးတော်ဖြစ်၍ ကျွန်တော်မျိုးတို့ အားသနားတော်မူပါ။-
အရှေ့ဘက်ရှိအာရှုရိပြည်နှင့်အနောက် ဘက်ရှိဖိလိတ္တိပြည်တို့သည် ဣသရေလ ပြည်ကိုဖျက်ဆီးချေမှုန်းရန်အသင့်ပြင် ဆင်ကြကုန်၏။ သို့နှင့်လည်းထာဝရဘုရား ၏အမျက်တော်သည်မပြေ။ သူတို့အားဆုံး မရန်ကိုယ်တော်သည်လက်တော်ကိုဆန့်လျက် ပင်ရှိထားတော်မူသေး၏။
သူတို့သည်မိမိတို့နှင့်ကြုံတွေ့ရသူလူ အပေါင်းတို့၏တိုက်ခိုက်မှုကိုခံရကြ၏။ သူတို့၏ရန်သူများက`ထိုသူတို့သည် ထာဝရဘုရားကိုပြစ်မှားကြသည်ဖြစ်၍ သူတို့အားငါတို့ပြုသည့်အမှုသည်မမှား။ သူတို့၏ဘိုးဘေးများသည်ထာဝရဘုရား ကိုယုံကြည်ကိုးစားခဲ့သူများဖြစ်သဖြင့် သူတို့ကိုယ်တိုင်သည်လည်းကိုယ်တော်အား သစ္စာစောင့်သင့်ကြပေသည်' ဟုဆိုကြ၏။
ငါသည်မိမိလူမျိုးတော်အပေါ်သို့သက် ရောက်သည့်အမျက်တော်ကိုထိန်းချုပ်လျက် နေစဉ်၊ ငြိမ်းချမ်းစွာနေထိုင်ရကြသော လူမျိုးအပေါင်းတို့သည် ငါ့လူမျိုးတော် ခံစားရသည့်ဆင်းရဲဒုက္ခကိုပိုမိုကြီး လေးအောင်ပြုကြ၏။ ထိုကြောင့်ငါသည်ထို လူမျိုးတို့အားပြင်းစွာအမျက်ထွက်သဖြင့်၊-