ငါသည်စကားပုံများကိုအာရုံစိုက်၍စဉ်းစားမည်။ ယင်းတို့၏အနက်အဋ္ဌိပ္ပါယ်ကိုစောင်းတီးလျက် ရှင်းလင်းဖော်ပြမည်။
ဆာလံ 78:2 - Common Language Bible ဘိုးဘေးတို့ပြောကြားခဲ့သဖြင့်ငါတို့ ကြားသိရသည့် Garrad Bible ပုံ ဆောင် သော စ ကား ကို နှုတ် မြွက် လျက်၊ ရှေး ကာ လ က နက် နဲ ရာ များ ကို ဖော် ပြ မည်။ Judson Bible ပုံစကားကို ငါမြွက်ဆို၍၊ ရှေးကာလ၏ နက်နဲသောအရာများကို ဖော်ပြပေအံ့။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် ပုံဥပမာများဆောင်လျက် ငါ့နှုတ်ကိုဖွင့်၍ ရှေးကာလမှ ပဟေဠိတို့ကို ထုတ်ဖော်ပြောဆိုမည်။ |
ငါသည်စကားပုံများကိုအာရုံစိုက်၍စဉ်းစားမည်။ ယင်းတို့၏အနက်အဋ္ဌိပ္ပါယ်ကိုစောင်းတီးလျက် ရှင်းလင်းဖော်ပြမည်။
ဆိုးယုတ်သည့်ရန်သူတို့သည်ငါ့အား ဝိုင်းရံထားသဖြင့်ငါသည်ဘေးသင့်၍နေ သော်လည်း ကြောက်လန့်လိမ့်မည်မဟုတ်။
ဥာဏ်ကောင်းသော သူသည် သုတ္တံစကားအနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိဟောပြော၍ နက်နဲသောစကားတို့ကို၎င်း၊ နားလည်သော နိဿရည်း ဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။
ရှေးပဝေသဏီအခါကဖြစ်ပျက်ခဲ့သည့် အမှုကို အောက်မေ့သတိရကြလော့။ ငါတစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ငါနှင့်တူသောအခြားဘုရားမရှိကြောင်း ကိုလည်းကောင်းသိမှတ်ဝန်ခံကြလော့။
ပုံဥပမာနှင့်ကင်း၍ဟောတော်မမူ။ တပည့်တော် တို့အားလူပရိသတ်ကင်းရှင်းချိန်၌ ခပ်သိမ်း သောအရာတို့ကိုရှင်းလင်းဖော်ပြတော်မူ၏။
ထာဝရဘုရားသည်အမျက်ပြင်းစွာထွက် တော်မူသဖြင့် သူတို့ကိုနေရင်းပြည်မှထုတ် ပယ်၍ တိုင်းတစ်ပါးသို့နှင်ပစ်တော်မူလိုက် ရာ ယနေ့တိုင်သူတို့သည်ထိုပြည်၌နေ ထိုင်လျက်ရှိကြ၏' ဟူ၍ဖြစ်သည်။