အို ထာဝရဘုရား၊ ရှေးကာလမှစ၍ကိုယ်တော်ရှင်ပြတော် မူသည့် ကရုဏာတော်နှင့်ခိုင်မြဲသောမေတ္တာတော် တို့ကို အောက်မေ့သတိရတော်မူပါ။
ဆာလံ 77:9 - Common Language Bible ဘုရားသခင်သည်သနားကြင်နာရန် မေ့လျော့တော်မူပြီလော။ ကရုဏာတော်အစားအမျက်တော်ကို ပြတော်မူပြီလော။'' Garrad Bible ဘု ရား သ ခင် သည်၊ ကျေး ဇူး ပြု ရန် သ တိ လစ်၍၊ အ မျက် တော် ဖြင့်၊ က ရု ဏာ တော် ကို ရုပ် သိမ်း တော် မူ ပြီ လော ဟူ၍ တည်း။ Judson Bible ဘုရားသခင်သည် သနားခြင်းငှာ မေ့လျော့တော်မူသလော။ အမျက်ထွက်သဖြင့် စုံစမ်းခြင်းကရုဏာတော်ကို ချုပ်တည်းတော်မူသလော။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် သနားကြင်နာရန် မေ့လျော့တော်မူပြီလော။ သို့မဟုတ် အမျက်တော်ထွက်၍ မိမိ၏သနားစုံမက်ခြင်းကို ချုပ်တည်းတော်မူပြီလော။(စေလာ) |
အို ထာဝရဘုရား၊ ရှေးကာလမှစ၍ကိုယ်တော်ရှင်ပြတော် မူသည့် ကရုဏာတော်နှင့်ခိုင်မြဲသောမေတ္တာတော် တို့ကို အောက်မေ့သတိရတော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအစဉ် သနားကြင်နာတော်မူမည်ကိုကျွန်တော် မျိုးသိပါ၏။ ကိုယ်တော်ရှင်၏မေတ္တာတော်နှင့်သစ္စာတော်သည် ကျွန်တော်မျိုးအားအစဉ်အမြဲစောင့်ထိန်းပါ လိမ့်မည်။
အို ဘုရားသခင်၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့်အညီ ကျွန်တော်မျိုးအားသနားတော်မူပါ။ လွန်စွာသနားကြင်နာတော်မူတတ်သည် နှင့်အညီ ကျွန်တော်မျိုး၏အပြစ်များကိုဖြေလွှတ် တော်မူပါ။
အို ဣသရေလအမျိုးသားတို့၊ ထိုသို့ဖြစ်ပါမူ ထာဝရဘုရားသည်သင်တို့၏ဆင်းရဲဒုက္ခ များကို သိတော်မမူဟူ၍သော်လည်းကောင်း သင်တို့၏အမှုကိစ္စများအဆင်ပြေရေးအတွက် စိတ်ဝင်စားတော်မမူဟူ၍သော်လည်းကောင်း အဘယ်ကြောင့်သင်တို့သည် ညည်းညူကြပါသနည်း။
အို ထာဝရဘုရား၊ သန့်ရှင်းမြင့်မြတ်၍ဘုန်း အသရေတော်တောက်ပရာကောင်းကင်ဘုံတည်း ဟူသော ကိုယ်တော်ရှင်ကျိန်းဝပ်တော်မူရာအရပ် မှနေ၍ကျွန်တော်မျိုးတို့အားငုံ့၍ကြည့်တော် မူပါ။ ကျွန်တော်မျိုးတို့အတွက်ကိုယ်တော်ရှင် စိုးရိမ်ကြောင့်ကြတော်မူသည်ကားအဘယ်မှာ နည်း။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည်အဘယ် မှာနည်း။ ကိုယ်တော်ရှင်၏မေတ္တာနှင့်သနားကြင် နာမှုသည်အဘယ်မှာနည်း။ ကျွန်တော်မျိုး တို့အားလျစ်လူရှုတော်မမူပါနှင့်။-
ဘုရားသခင်သည်လူကဲ့သို့မုသားစကား ကိုမပြော။ လူကဲ့သို့စိတ်ပြောင်းလဲတော်မမူ။ ကတိတော်အတိုင်းပြုတော်မူ၏။ အမိန့်တော်အတိုင်းဖြစ်ပျက်တတ်၏။
လူသားအပေါင်းတို့သည်မနာခံကြသည့် အတွက် ဘုရားသခင်သည်သူတို့အားအကျဉ်း သားများသဖွယ်ဖြစ်စေတော်မူ၏။ ဤသို့ ကိုယ်တော်ပြုတော်မူရခြင်းမှာသူတို့အား ကရုဏာတော်ကိုပြတော်မူလိုသောကြောင့် ပင်ဖြစ်ပေသည်။
လောကီစည်းစိမ်ဥစ္စာကြွယ်ဝသူဖြစ်ပါလျက် မိမိ၏ညီအစ်ကိုတစ်စုံတစ်ယောက်ချို့တဲ့မှု ကိုမြင်သောအခါ ကရုဏာစိတ်မရှိသူတွင် အဘယ်သို့လျှင်ဘုရားသခင်၏မေတ္တာတော် ကိန်းအောင်းနိုင်မည်နည်း။-