ကိုယ်တော်ရှင်သည်ချောင်းရေနှင့်စမ်းရေကို ပေါက်စေတော်မူ၍ မြစ်ကြီးများကိုခန်းခြောက်စေတော်မူပါ၏။
စမ်း ရေ နှင့် ချောင်း ရေ ကို ပေါက် စေ သည့် ပြင်၊ မြစ် ကြီး တို့ ကို ခန်း စေ ခြင်း ပြု တော် မူ ပြီ။
စမ်းရေနှင့် ချောင်းရေကို ပေါက်စေတော်မူပြီ။ ရေမပြတ်သောမြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူပြီ။
ကိုယ်တော်သည် စမ်းရေနှင့်စမ်းချောင်းကို ပေါက်ထွက်စေ၍ အမြဲစီးဆင်းသောမြစ်များကို ခန်းခြောက်စေတော်မူ၏။
သူသည်မြစ်ကမ်းပေါ်တွင်ရပ်လျက်ရေကို ဧလိယ၏ဝတ်လုံဖြင့်ရိုက်၏။ သို့ရာတွင်ရေ သည်ကွဲ၍မသွားချေ။ ဧလိရှဲသည်``ဧလိယ ၏ဘုရားတည်းဟူသောထာဝရဘုရားသခင်ကားအဘယ်မှာနည်း'' ဟုဟစ်အော်ပြီး လျှင် ရေကိုတစ်ဖန်ရိုက်ပြန်၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲသဖြင့် သူသည်မြစ်တစ်ဘက် ကမ်းသို့လျှောက်၍သွားလေသည်။-
ထိုနောက်ဧလိယသည်မိမိ၏ဝတ်လုံကိုချွတ် ၍လိပ်ပြီးလျှင် ရေကိုရိုက်လေ၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲ၍သွားသဖြင့် သူတို့နှစ်ဦး သည်ခြောက်သွေ့သောမြေပေါ်တွင်လျှောက်၍ မြစ်တစ်ဘက်သို့ကူးကြ၏။-
ကိုယ်တော်သည်ကျောက်ဆောင်ကိုခွဲတော်မူသောအခါ ရေသည်ပန်း၍ထွက်လာကာသဲကန္တာရတွင် မြစ်သဖွယ်စီး၍သွား၏။
ပင်လယ်နီသည်မြင်၍ထွက်ပြေးလေ၏။ ယော်ဒန်မြစ်သည်မစီးတော့ဘဲရပ်တန့် သွား၏။
ကိုယ်တော်သည်တောကန္တာရတွင် ကျောက်ဆောင်ကိုခွဲ၍နက်ရှိုင်းရာမှရေကို ထိုသူတို့အားတိုက်တော်မူ၏။
အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာလာစဉ်အခါကကဲ့သို့ပင် အာရှုရိ ပြည်တွင်ကျန်ရှိနေသေးသူကိုယ်တော်၏လူ မျိုးတော်ထွက်ခွာရန်အတွက်လမ်းမကြီး တသွယ်ကိုဖြစ်ပေါ်စေတော်မူလိမ့်မည်။
ငါသည်အမိန့်ပေး၍သမုဒ္ဒရာကိုခန်းခြောက် စေ၏။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား၊ ခြောက်သွေ့ပူပြင်းသောသဲကန္တာရကိုဖြတ်၍ ခေါ်ဆောင်သွားတော်မူသောအခါသူတို့သည် ရေမငတ်ကြ။ ကိုယ်တော်သည်၊သူတို့အတွက်ကျောက်ဆောင်ထဲမှ ရေစီး၍ထွက်စေတော်မူ၏။ ကျောက်ကိုကွဲအက်စေတော်မူသဖြင့် ရေသည်စီးထွက်၍လာ၏။
တောင်ဝှေးကိုမြှောက်၍ကျောက်တုံးကိုနှစ်ကြိမ် ရိုက်လေသည်။ ထိုအခါကျောက်ဆောင်မှရေ များစွာပန်းထွက်သဖြင့် လူအပေါင်းတို့နှင့် တိရစ္ဆာန်များရေသောက်ကြရသည်။
သင်တို့အီဂျစ်ပြည်မှထွက်လာစဉ်ကထာဝရဘုရားသည် သင်တို့ချီတက်ရာရှေ့၌ပင်လယ် နီရေကိုခန်းခြောက်စေတော်မူကြောင်းကို ကျွန်မတို့ကြားသိရပါသည်။ ယော်ဒန် မြစ်အရှေ့ဘက်တွင်စိုးစံသောအာမောရိ ဘုရင်နှစ်ပါးဖြစ်ကြသည့်ရှိဟုန်ဘုရင် နှင့်သြဃဘုရင်တို့ကို သင်တို့မည်ကဲ့သို့ သတ်ဖြတ်သုတ်သင်ခဲ့ကြကြောင်းကိုလည်း ကျွန်မကြားသိရပါသည်။-
ထိုနောက်ဆဋ္ဌမကောင်းကင်တမန်သည်မိမိ၏ ဖလားမှ အမျက်တော်ကိုဥဖရတ်မြစ်ကြီးပေါ် သို့သွန်းလောင်းလိုက်၏။ ထိုအခါမြစ်ရေသည် ခန်းခြောက်သွားသဖြင့် အရှေ့ပြည်မှလာသော ရှင်ဘုရင်တို့အတွက်လမ်းပွင့်သွား၏။-