အို ထာဝရဘုရား၊ ကြွလာတော်မူ၍ကျွန်တော်မျိုးအားကယ်တော် မူပါ။ ကိုယ်တော်၏ကရုဏာတော်နှင့်အညီကျွန်တော် မျိုးအား သေဘေးမှကယ်ဆယ်တော်မူပါ။
ဆာလံ 74:10 - Common Language Bible အို ဘုရားသခင်၊ ရန်သူများသည်အဘယ်ကာလတိုင်အောင် ကိုယ်တော်ရှင်အားပြောင်လှောင်လျက် နေကြပါမည်နည်း။ သူတို့သည်ကိုယ်တော်ရှင်၏နာမတော်ကို အစဉ်အမြဲ စော်ကားကြပါမည်လော။ Garrad Bible အို ဘု ရား သ ခင်၊ ရန် ဘက် ပြု သူ သည်၊ မည် မျှ ကြာ ကဲ့ ရဲ့ ခွင့် ရ ပါ မည် နည်း။ ရန် သူ သည်၊ နာ မ တော် ကို အ စဉ် မ ထီ လေး စား ပြု ခွင့် ရ မည် လော။ Judson Bible အို ဘုရားသခင်၊ ရန်သူသည် အဘယ်မျှကာလပတ်လုံး ကဲ့ရဲ့ပါလိမ့်မည်နည်း။ ရန်ဘက်ပြုသောသူသည် နာမတော်ကို အစဉ်မထီမဲ့မြင် ပြုရပါမည်လော။ မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ ရန်ဖက်ပြုသောသူသည် မည်မျှကြာအောင် ကဲ့ရဲ့ပြစ်တင်လျက်နေလိမ့်မည်နည်း။ ရန်သူသည် ကိုယ်တော်၏နာမတော်ကို အစဉ်မထီလေးစားပြုမည်လော။ |
အို ထာဝရဘုရား၊ ကြွလာတော်မူ၍ကျွန်တော်မျိုးအားကယ်တော် မူပါ။ ကိုယ်တော်၏ကရုဏာတော်နှင့်အညီကျွန်တော် မျိုးအား သေဘေးမှကယ်ဆယ်တော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားစော်ကားပြောဆို ကြသည့် တိုင်းနိုင်ငံတို့သည်ခုနစ်ဆမျှပို၍ အစော်ကားခံစေတော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုအစဉ်ပင် ဖုံးကွယ်၍ထားတော်မူပါမည်လော။ ကိုယ်တော်ရှင်၏အမျက်တော်သည်အဘယ်မျှ ကြာအောင်မီးကဲ့သို့တောက်လောင်၍ နေတော်မူပါမည်နည်း။
သင်သည်အဘယ်သူအားစော်ကားကဲ့ရဲ့လျက် နေသည်ဟုထင်မှတ်ပါသနည်း။ ဣသရေလ အမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်တော်မူ သောငါဘုရားအားမလေးမခန့်ပြု၍ နေပါသည်တကား။-
တစ်ယောက်ကမြစ်အထက်ပိုင်းတွင်ရပ် နေသူအား``ဤအံ့သြဖွယ်ကောင်းသည့် အမှုအရာများသည် အဘယ်ကာလမှ ပြီးဆုံးပါမည်နည်း'' ဟုမေး၏။
ထိုဝိညာဉ်များက``သန့်ရှင်းမြင့်မြတ်ဖြောင့်မှန် တော်မူသောအနန္တတန်ခိုးရှင်၊ အကျွန်ုပ်တို့အား သတ်ဖြတ်ခဲ့သည့်အပြစ်အတွက်ကမ္ဘာသူကမ္ဘာ သားတို့အား အဘယ်ကာလတိုင်အောင်တရား စီရင်အပြစ်ဒဏ်မပေးဘဲနေတော်မူမည် နည်း'' ဟုအသံကျယ်စွာဟစ်အော်ကြ၏။-