မင်းကြီးသည်ပင်လယ်တစ်ပြင်မှတစ်ပြင် တိုင်အောင်လည်းကောင်း၊ ဥဖရတ်မြစ်မှမြေကြီးစွန်းတိုင်အောင် လည်းကောင်း အုပ်စိုးလိမ့်မည်။
ပင် လယ် တစ် ပြင် မှ တစ် ပြင် တိုင် အောင် လည်း ကောင်း၊ မြစ် ကြီး မှ မြေ စွန်း တိုင် အောင် လည်း ကောင်း၊ အုပ် စိုး ရ ပါ စေ သော။
ပင်လယ်တစ်ပါးမှ တစ်ပါးတိုင်အောင်လည်းကောင်း၊ မြစ်မှသည် မြေစွန်းတိုင်အောင်လည်းကောင်း အစိုးရတော်မူလိမ့်မည်။
သူသည် ပင်လယ်တစ်ခုမှ အခြားပင်လယ်တစ်ခုတိုင်အောင်လည်းကောင်း၊ မြစ်တစ်စင်းမှ ကမ္ဘာမြေအစွန်းတိုင်အောင်လည်းကောင်း အုပ်စိုးပါစေသော။
တုရုဘုရင်ဟိရံသည် ဒါဝိဒ်မင်း၏အဆွေ တော်အဖြစ်နှင့်အစဉ်နေထိုင်ခဲ့သူဖြစ်၏။ ထို့ကြောင့်ခမည်းတော်ဒါဝိဒ်၏အရိုက်အရာ ကိုရှောလမုန်ဆက်ခံ၍ နန်းတက်သည့်အကြောင်း ကိုကြားသိသောအခါသံတမန်များကို ရှောလမုန်ထံသို့စေလွှတ်လေသည်။-
တောင်းလော့။ လူမျိုးတကာတို့ကိုသင့်အား ငါပေးမည်။ ကမ္ဘာမြေပြင်တစ်ခုလုံးကိုသင်ပိုင်ဆိုင်ရ လိမ့်မည်။
ယင်း၏အခက်အလက်တို့သည်မြေထဲပင်လယ် သို့တိုင်အောင်လည်းကောင်း၊ ဥဖရတ်မြစ်သို့တိုင်အောင်လည်းကောင်း ရောက်ရှိကြပါ၏။
ငါသည်သူ၏တိုင်းနိုင်ငံကိုမြေထဲပင်လယ်မှ ဥဖရတ်မြစ်တိုင်အောင်ကျယ်ပြန့်စေမည်။
ဒါဝိဒ်၏မျိုးရိုးအဘယ်အခါ၌မျှမတိမ်ကောရ။ နေသည်ထွန်းလင်းလျက်နေသမျှကာလပတ်လုံး ငါသည်သူ၏ရာဇပလ္လင်ကိုတည်မြဲစေမည်။
ငါသည်သင်တို့တိုင်းပြည်၏နယ်နိမိတ်ကို ပင်လယ်နီမှမြေထဲပင်လယ်သို့လည်းကောင်း၊ တောကန္တာရမှဥဖရတ်မြစ်သို့လည်းကောင်း ကျယ်ပြန့်စေမည်။ ငါသည်ထိုပြည်သားတို့ ကိုသင်တို့၏လက်သို့အပ်သဖြင့် သင်တို့သည် သူတို့အားနှင်ထုတ်နိုင်လိမ့်မည်။-
ထာဝရဘုရားက၊ ``ငါသည်ဣသရေလပြည်မှစစ်မြင်းရထား များကို ဖယ်ရှား၍၊မြင်းများကိုယေရုရှလင်မြို့သို့ ယူဆောင်သွားမည်။ စစ်ပွဲတွင်အသုံးပြုသည့်လေးတို့ကိုလည်း ချိုးပစ်မည်။ သင်တို့ဘုရင်သည်နိုင်ငံတကာနှင့်စစ်ပြေ ငြိမ်းရေး ဆောင်ရွက်ပြီးလျှင်၊ ပင်လယ်တစ်ပြင်မှတစ်ပြင်သို့တိုင်အောင် လည်းကောင်း၊ ဥဖရတ်မြစ်မှကမ္ဘာမြေကြီးစွန်းသို့တိုင် အောင် လည်းကောင်းအစိုးရလိမ့်မည်'' ဟုမိန့်တော် မူ၏။
ထိုနောက်သတ္တမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ``ကမ္ဘာလောကကိုအုပ်စိုး သောအာဏာသည် ငါတို့အရှင်နှင့်ကိုယ်တော် ၏မေရှိယလက်ထဲသို့ရောက်လာလေပြီ။ ကိုယ်တော်သည်ကမ္ဘာအဆက်ဆက်စိုးစံတော် မူလိမ့်မည်'' ဟုကောင်းကင်မှကျယ်စွာပြော သောအသံများကိုကြားရ၏။-