စားကျက်တို့တွင်သိုးအုပ် ဆိတ်အုပ်များရှိပါ၏။ တောင်ကုန်းတို့သည်သာယာရွှင်လန်းလျက်ရှိပါ၏။
ဆာလံ 72:3 - Common Language Bible တိုင်းပြည်တွင်သာယာဝပြော၍တရား မျှတမှု စိုးမိုးခြင်းရှိပါစေသော။ Garrad Bible တောင် ကြီး တောင် ငယ် များ သည် ဖြောင့် မတ် ခြင်း အား ဖြင့်၊ လူ မျိုး တော် ကို ချမ်း သာ ခွင့် ပို့ ပါ စေ သော။ Judson Bible တောင်ကြီးတောင်ငယ်တို့သည် တရားတော်အားဖြင့်၊ ကိုယ်တော်၏လူတို့အား ချမ်းသာပေးကြပါလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း တောင်များသည်ငြိမ်းချမ်းခြင်းကိုလည်းကောင်း၊ တောင်ကုန်းများသည် ဖြောင့်မတ်ခြင်းကိုလည်းကောင်း လူမျိုးတော်ထံသို့ ယူဆောင်လာကြပါစေသော။ |
စားကျက်တို့တွင်သိုးအုပ် ဆိတ်အုပ်များရှိပါ၏။ တောင်ကုန်းတို့သည်သာယာရွှင်လန်းလျက်ရှိပါ၏။
တိုင်းပြည်အတွင်း၌စားနပ်ရိက္ခာပေါများပါ စေသော။ လေဗနုန်တောင်တွင်သစ်တောများဖြင့် ဖုံးအုပ်လျက်ရှိသကဲ့သို့ တောင်ကုန်းများသည်ကောက်ပဲသီးနှံများ ဖြင့် ဖုံးအုပ်လျက်ရှိပါစေသော။ မြို့ကြီးများရှိလူဦးရေသည်ကွင်းပြင်ရှိ မြက်ကဲ့သို့ထူထပ်ပေါများပါစေသော။
ငါသည်အောင်ပွဲကိုမိုးရေသဖွယ် ကောင်းကင်မှချပေးမည်။ ယင်းကိုကမ္ဘာမြေကြီးသည်ဖွင့်ဟခံယူကာ လွတ်လပ်မှုနှင့်တရားမျှတမှုတည်းဟူ သော အသီးအပွင့်များကိုဆောင်လိမ့်မည်။ ငါထာဝရဘုရားသည်ဤအမှုအရာ များကို ဖြစ်ပျက်စေတော်မူပေအံ့။''
ငြိမ်းချမ်းရေးတည်းဟူသောသတင်းကောင်းကို ယူဆောင်လာသူ၊စေတမန်တစ်ဦး တောင်ရိုးကိုဖြတ်ကျော်နေသည်ကိုတွေ့မြင်ရပုံမှာ ကျက်သရေရှိလှပါသည်တကား။ ထိုစေတမန်သည်ကယ်တင်ခြင်းသတင်းကို ကြေညာလျက်၊ ဇိအုန်မြို့အား``သင်၏ဘုရားသခင်သည် ဘုရင်ဖြစ်တော်မူ၏'' ဟုဆို၏။
``ငါသည်သင့်အားကြေးဝါအစားရွှေ၊ သံအစားငွေနှင့်သစ်သားအစားကြေးဝါ ကို ပေးတော်မူမည်။ သင်သည်ကျောက်အစားသံကိုရရှိလိမ့်မည်။ သင်တို့ကိုအုပ်ချုပ်သူတို့အားတရားမျှတ ငြိမ်းချမ်းစွာအုပ်စိုးစေမည်။
``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
ထိုကာလ၌တောင်တို့သည်စပျစ်ဥယျာဉ် များနှင့် ဖုံးလွှမ်းလျက်ရှိလိမ့်မည်။ တောင်ကုန်းမှန်သမျှတို့တွင်လည်းကျွဲနွားများ ကိုမြင်ရလိမ့်မည်။ ယုဒပြည်တစ်ခုလုံး၌ရေအလုံအလောက် ရရှိကြလိမ့်မည်။ စမ်းရေသည်ထာဝရဘုရား၏ဗိမာန်တော်မှ စီးဆင်းလာလျက်ရှိတ္တိမ်ချိုင့်ဝှမ်းကိုစိုပြေစေ လိမ့်မည်။