သူတို့၏အသက်သည်မင်းကြီး၏ရှေ့တော်တွင် အဖိုးထိုက်သည်အလျောက်ဖိစီးနှိပ်စက်မှုနှင့် အကြမ်းဖက်မှုများမှသူတို့ကိုကယ်ဆယ် တော်မူ၏။
သူ တို့ အ သွေး ကို နှ မြော သည့် အ လျောက်၊ အ ဓ မ္မ မှု နှင့် ကြမ်း ကြုတ် မှု မှ၊ အ သက် ကို ရွေး နုတ် ခြင်း ပြု တော် မူ လိမ့် မည်။
သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှရွေးနုတ်၍၊ သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။
သူသည် သူတို့၏အသက်ကို ဖိနှိပ်ခြယ်လှယ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ထဲမှ ရွေးနုတ်တော်မူလိမ့်မည်။ အကြောင်းမူကား သူ့အဖို့ သူတို့၏သွေးသည် တန်ဖိုးကြီးလှ၏။
``အို ထာဝရဘုရား၊ အကျွန်ုပ်သည်အဘယ် နည်းနှင့်မျှဤရေကိုမသောက်နိုင်ပါ။ အသက် စွန့်၍ရေခပ်ကြသူတို့၏သွေးကိုသောက် သည်နှင့်တူပါလိမ့်မည်'' ဟုလျှောက်၏။ ဤကားနာမည်ကျော်သူရဲကောင်းသုံးဦး တို့၏စွန့်စားခန်းများပင်တည်း။
ဒါဝိဒ်က``ငါ့အားဘေးအန္တရာယ်အပေါင်းမှ ကယ်တော်မူသောအသက်ရှင်တော်မူသော ထာဝရဘုရားကိုတိုင်တည်၍ငါကျိန်ဆို ပါ၏။-
ထာဝရဘုရား၏လူစုတော်အနက်တစ်စုံ တစ်ယောက် သေဆုံးသွားလျှင် ကိုယ်တော်အတွက်ကြီးမားသောဆုံးရှုံးမှု ဖြစ်ပါသည်တကား။
ကိုယ်တော်သည်မိမိ၏လူစုတော်ဖြစ်သော ဣသရေလအားအပြစ်အပေါင်းမှ ကယ်တော်မူလိမ့်မည်။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ဣသရေလလူမျိုးအား ဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူပါ။
ကြွလာတော်မူ၍ကျွန်တော်မျိုးကိုကယ်တော် မူပါ။ ရန်သူများ၏လက်မှကယ်ဆယ်တော်မူပါ။
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
ထိုအမျိုးသမီးသည်ဘုရားသခင်လူစုတော် ၏သွေးကိုလည်းကောင်း၊ သခင်ယေရှုကိုသစ္စာ ရှိသဖြင့် အသတ်ခံရသူတို့၏သွေးကိုလည်း ကောင်းသောက်၍ယစ်မူးလျက်ရှိသည်ကိုငါ တွေ့မြင်ရ၏။ သူ့ကိုမြင်ရသောအခါငါသည်လွန်စွာ အံ့သြ၍နေ၏။-
ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် ဖြောင့်မှန်ပါ၏။ မိမိ၏ကာမဂုဏ်စည်းစိမ်အား ဖြင့် ကမ္ဘာသူကမ္ဘာသားတို့အားဖောက်ပြန်ပျက်စီး စေသည့်ပြည့်တန်ဆာမကြီးအား အပြစ်ဒဏ် ခတ်တော်မူပြီ။ ကိုယ်တော်၏အစေခံတို့အား သတ်ခဲ့သောကြောင့် ဒဏ်ခတ်တော်မူပြီ'' ဟု ကြွေးကြော်ကြ၏။-
ရှောလုကလည်း``ငါမှားလေပြီ။ ငါ့သားဒါဝိဒ်၊ ငါ့ထံသို့ပြန်ခဲ့လော့။ သင်သည်ယနေ့ညငါ၏ အသက်ကိုချမ်းသာပေးခဲ့သဖြင့် ငါသည်သင့် အားနောင်အဘယ်အခါ၌မျှဘေးအန္တရာယ် ပြုတော့မည်မဟုတ်။ ငါသည်မိုက်မဲသူဖြစ် ချေပြီ။ အလွန်ဆိုးရွားသည့်အမှုကိုပြုမိ လေပြီတကား'' ဟုမိန့်တော်မူ၏။