အို ဘုရားသခင်၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။ အို ထာဝရဘုရား၊ ယခုပင်ကျွန်တော်အားကူမတော်မူပါ။
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို ကယ် လွှတ် တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ အ မြန် ကြွ ၍ မ စ တော် မူ ပါ။
အိုဘုရားသခင်၊ အကျွန်ုပ်ကို နုတ်ယူတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန် ပြုတော်မူပါ။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
အို ထာဝရဘုရား၊ ယခုပင်လျှင်ကျွန်တော်မျိုးပန်ကြား လျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ ကျွန်တော်မျိုးသည်လုံးဝမျှော်လင့်ရာမဲ့လျက် နေပါပြီ။ ကျွန်တော်မျိုးအားမျက်နှာလွှဲတော်မမူပါနှင့်။ ယင်းသို့ပြုတော်မူပါလျှင်ကျွန်တော်မျိုးသည် မရဏာနိုင်ငံသို့သွားရသူကဲ့သို့ဖြစ်ပါလိမ့်မည်။
အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ကျွန်တော်မျိုးအား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။
ကြွလာတော်မူ၍ကျွန်တော်မျိုးကိုကယ်တော် မူပါ။ ရန်သူများ၏လက်မှကယ်ဆယ်တော်မူပါ။
အို ဘုရားသခင်၊ ဝေးဝေးနေတော်မမူပါနှင့်။ ကျွန်တော်မျိုး၏ဘုရားသခင်၊ကျွန်တော်မျိုး အား ကူမရန်အလျင်အမြန်ကြွတော်မူပါ။