ရန်သူများနှင့်လက်စားချေသူတို့မခိုးမခန့် စော်ကားပြောဆိုကြသည့်စကားများကြောင့် ကျွန်တော်မျိုးသည်အစဉ်အမြဲအသရေ ပျက်၍ အရှက်ကွဲလျက်နေပါ၏။
ဆာလံ 69:7 - Common Language Bible ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အတွက် စော်ကားခြင်းကိုခံရပါ၏။ အလွန်အရှက်ကွဲရပါ၏။ Garrad Bible အ ကျွန်ုပ် မူ ကား၊ ကိုယ် တော့် အ တွက် ကဲ့ ရဲ့ ခြင်း၊ အ ရှက် ကွဲ ၍ မျက် နှာ ပျက် ခြင်း ခံ ခဲ့ ရ ပါ ပြီ။ Judson Bible ကိုယ်တော်အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကိုခံရပါ၏။ အကျွန်ုပ်မျက်နှာသည် ရှက်ခြင်းနှင့် ပြည့်စုံပါ၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်အတွက် ကဲ့ရဲ့ပြစ်တင်ခြင်းကိုခံရပါ၏။ အသရေပျက်ခြင်းသည် အကျွန်ုပ်၏မျက်နှာကို ဖုံးလွှမ်းပါပြီ။ |
ရန်သူများနှင့်လက်စားချေသူတို့မခိုးမခန့် စော်ကားပြောဆိုကြသည့်စကားများကြောင့် ကျွန်တော်မျိုးသည်အစဉ်အမြဲအသရေ ပျက်၍ အရှက်ကွဲလျက်နေပါ၏။
သို့ရာတွင်ကိုယ်တော်ရှင်အားသစ္စာစောင့်သည့် အတွက်ကြောင့် ကျွန်တော်မျိုးတို့သည်အခါခပ်သိမ်းသေ ဘေးနှင့် ကြုံရကြပါ၏။ သတ်ရန်လျာထားသောသိုးများကဲ့သို့သူတစ်ပါးတို့ မှတ်ယူခြင်းကိုခံရကြပါ၏။
ငါသည်မိမိကိုရိုက်နှက်သူတို့အားကျောခင်း ၍ ပေးပါ၏။ ငါ၏မုတ်ဆိတ်မွေးတို့ကိုဆွဲနုတ်ပြီးလျှင် ငါ၏မျက်နှာကိုတံတွေးနှင့်ထွေး၍၊ ငါ့ကိုသူတို့စော်ကားကြသောအခါငါသည် သူတို့အားဆီးတားမှုကိုမပြု။
ငါတို့သည်သူ့အားစက်ဆုတ်ရွံရှာ၍ပစ်ပယ် ထားကြ၏။ သူသည်ဆင်းရဲဒုက္ခနှင့်ဝေဒနာကိုခံရ၏။ သူ့ကိုလှည့်၍ပင်ကြည့်မည့်သူတစ်ဦး တစ်ယောက်မျှမရှိ။ ငါတို့သည်သူ့အားတန်ဖိုးမဲ့သူအလား လျစ်လူရှု၍ထားကြ၏။
ထိုအခါငါက``ကိုယ်တော်ရှင်သိရှိနားလည် တော်မူပါ၏။ ကျွန်တော်မျိုးတို့ကိုအောက်မေ့ သတိရ၍ကူမတော်မူပါ။ ကျွန်တော်မျိုးကို ညှင်းဆဲနှိပ်စက်သူတို့အားလက်စားချေရ သောအခွင့်ကိုပေးတော်မူပါ။ သူတို့သည် ကျွန်တော်မျိုးအားသတ်ဖြတ်ကြသည့်တိုင် အောင်သည်းခံလျက်နေတော်မမူပါနှင့်။ ကျွန်တော်မျိုးအစော်ကားခံရသည်မှာ ကိုယ်တော်ရှင်၏အတွက်ကြောင့်ဖြစ်သည် ကိုအောက်မေ့သတိရတော်မူပါ။-
ဟေရုဒ်မင်းနှင့်သူ၏စစ်သားများသည်ကိုယ် တော်အားမထီမဲ့မြင်ပြု၍ပြောင်လှောင် ကြ၏။ ထိုနောက်တင့်တယ်သောဝတ်လုံကို ဝတ်ပေးပြီးလျှင် ကိုယ်တော်အားပိလတ် မင်းထံပြန်ပို့လိုက်၏။-
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။