ကျွန်တော်မျိုး၏အပြစ်ကိုဖယ်ရှားတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်သန့်စင်ပါလိမ့်မည်။ ကျွန်တော်မျိုးအားဆေးကြောတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်မိုးပွင့်ထက်ပင် ပို၍ဖြူပါလိမ့်မည်။
ဆာလံ 68:14 - Common Language Bible အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဇာလမုန်တောင်ပေါ်တွင်ဘုရင်မင်းတို့ကို ကွဲလွင့်စေတော်မူသောအခါထိုတောင်ပေါ် တွင် မိုးပွင့်များကျစေတော်မူ၏။ Garrad Bible ဇာ လ မုန် တောင် ပေါ် မှာ၊ ဘု ရင် မင်း တို့ ကို၊ အ န န္တ တန် ခိုး တော် ရှင် ကွဲ လွင့် စေ တော် မူ သော အ ခါ၊ မိုး ပွင့် ကျ သ ကဲ့ သို့ ဖြစ် ၏။ Judson Bible အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသောဘုရားသည်၊ ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသောအရပ်သည် ဇာလမုန်တောင်ပေါ်မှာ မိုးပွင့်ကဲ့သို့ ဖြစ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း အနန္တတန်ခိုးရှင်သည် ရှင်ဘုရင်တို့ကို ထိုအရပ်တွင် ကွဲလွင့်စေတော်မူသောအခါ ဇာလမုန်တောင်ပေါ်၌နှင်းပွင့်ကျလေ၏။ |
ကျွန်တော်မျိုး၏အပြစ်ကိုဖယ်ရှားတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်သန့်စင်ပါလိမ့်မည်။ ကျွန်တော်မျိုးအားဆေးကြောတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်မိုးပွင့်ထက်ပင် ပို၍ဖြူပါလိမ့်မည်။
ထာဝရဘုရားက``သင်တို့၏အမှုကို ယခုစဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ်သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည်သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေးကြောတော်မူမည်။ သင်တို့သည်အပြစ်သွေးဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့သို့ဖြူဖွေး၍လာလိမ့်မည်။-
အို ဣသရေလအမျိုးတို့၊သင်တို့ကို ငါတစ်ဦးတည်းသာလျှင်ပိုင်တော်မူ၏။ သင်တို့သည်ငါပိုင်သောအမြတ်ထားရာ ဖြစ်၏။ ငါသည်သင်တို့ကိုထိခိုက်နာကျင်စေသူ အပေါင်းအား ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခရောက်စေခဲ့၏။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း။''
ထာဝရဘုရားသည်သူတို့လျှောက်ထားသည် အတိုင်းခါနာန်အမျိုးသားတို့ကိုတိုက်ခိုက် အောင်မြင်စေတော်မူ၏။ ထိုကြောင့်ဣသရေလ အမျိုးသားတို့သည်သူတို့၏မြို့များကို လုံးဝဖျက်ဆီးပစ်ပြီးလျှင် ထိုအရပ်ကို ဟော်မာဟူ၍နာမည်မှည့်ခေါ်လေသည်။
ယောရှုအသက်ရှင်လျက်ရှိနေသမျှကာလ ပတ်လုံးဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားကိုးကွယ်ကြ၏။ ယောရှု ကွယ်လွန်ပြီးသည့်နောက်၌ပင်လျှင်ဣသရေလ အမျိုးသားတို့အတွက်ထာဝရဘုရားပြု တော်မူသောကြီးမြတ်သည့်အမှုတော်တို့ကို မိမိတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရသူခေါင်း ဆောင်များအသက်ရှင်လျက်ရှိနေသမျှ ကာလပတ်လုံး လူတို့သည်ဆက်လက်၍ ထာဝရဘုရားအားကိုးကွယ်ကြသေး၏။-
မိမိ၏လူတို့နှင့်အတူဇာလမုန်တောင်သို့ တက်ပြီးနောက် ပုဆိန်ဖြင့်သစ်ကိုင်းတစ်ခုကို ခုတ်၍ထမ်း၏။ မိမိ၏လူတို့အားလည်းထို နည်းတူအလျင်အမြန်ပြုရန်ပြောလေသည်။-