ငါတို့၏ဘုရားအားထောမနာပြုရာ သီချင်းသစ်ကိုဆိုရန်ကိုယ်တော်သည်ငါ့အား သင်ကြားပေးတော်မူ၏။ ယင်းသို့ပြုတော်မူသည်ကိုမြင်ကြရသူ တို့သည် ကြောက်ရွံ့ရိုသေကြကုန်လျက် ထာဝရဘုရားအားကိုးစားကြလိမ့်မည်။
ဆာလံ 68:11 - Common Language Bible ဘုရားရှင်အမိန့်တော်ရှိ၍အမျိုးသမီး အမြောက်အမြားသည် ``ရှင်ဘုရင်များနှင့်သူတို့၏စစ်သည်ဗိုလ်ခြေ တို့သည် ဆုတ်ပြေးကြလေပြီ'' ဟုသတင်းလွှင့်ကြ၏။ အမျိုးသမီးတို့သည်မိမိတို့အိမ်များတွင် လက်ရပစ္စည်းများကိုခွဲဝေကြ၏။ Garrad Bible အ ရှင် ဘု ရား အ မိန့် တော် ရှိ၍၊ မိန်း မ တို့ အ လုံး အ ရင်း သ တင်း လွှင့် သည် မှာ၊ Judson Bible ဘုရားရှင်အမိန့်တော်ရှိ၍၊ ဝမ်းမြောက်စရာ သတင်းကို ကြားပြောသော သူတို့သည် အတိုင်းမသိ များကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်သည် နှုတ်မြွက်ပြောကြားတော်မူ၏။ ထိုကောင်းမြတ်သောသတင်းကို ပြောကြားသောအမျိုးသမီးတို့သည် အတိုင်းမသိများပြားလှ၏။ |
ငါတို့၏ဘုရားအားထောမနာပြုရာ သီချင်းသစ်ကိုဆိုရန်ကိုယ်တော်သည်ငါ့အား သင်ကြားပေးတော်မူ၏။ ယင်းသို့ပြုတော်မူသည်ကိုမြင်ကြရသူ တို့သည် ကြောက်ရွံ့ရိုသေကြကုန်လျက် ထာဝရဘုရားအားကိုးစားကြလိမ့်မည်။
သီချင်းသီဆိုသူများသည်ရှေ့မှလိုက်၍ တူရိယာတီးမှုတ်သူများကနောက်မှလိုက် ကြပါ၏။ ပတ်သာတီးမှုတ်သူအမျိုးသမီးငယ်များကမူ အလယ်မှလိုက်ပါကြပါ၏။
ထာဝရဘုရားကမောရှေအား``အဘယ် ကြောင့်သင်တို့ဟစ်အော်နေကြသနည်း။ ဣသရေလအမျိုးသားတို့အားရှေ့သို့ ချီတက်စေလော့။-
အာရုန်၏အစ်မဖြစ်သူပရောဖက်မမိရိအံ သည် ပတ်သာဗုံကိုကိုင်၍တီးလေ၏။ အခြား အမျိုးသမီးအပေါင်းတို့ကလည်းပတ်သာ ဗုံကိုတီး၍ သူ၏နောက်မှကလျက်လိုက် ကြ၏။-
လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။-
ထိုအရှင်သည်သွေးတွင်နှစ်သည့်အဝတ်ကို ဝတ်ဆင်ထား၏။ သူ၏နာမတော်မှာ``ဘုရား သခင်၏နှုတ်ကပတ်တော်'' ဟူ၍ဖြစ်၏။-
တစ်နေ့သ၌သူသည်နဿလိနယ်မြေ၊ ကေ ဒေရှမြို့မှအဘိနောင်၏သားဗာရက်ကို ခေါ်ပြီးလျှင်``ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရားက`သင်သည်နဿလိ အနွယ်နှင့် ဇာဗုလုန်အနွယ်မှလူပေါင်းတစ် သောင်းကိုခေါ်ယူကာတာဗော်တောင်သို့ သွားရမည်။-
ဒါဝိဒ်သည်ဂေါလျတ်ကိုသတ်ပြီးနောက် စစ် သည်တပ်သားများနှင့်အတူအိမ်ပြန်လာ ရာ ရောက်ရှိလေရာမြို့များမှအမျိုးသမီး တို့သည်ရှောလုအားခရီးဦးကြိုပြုကြ၏။ လူတို့သည်ဝမ်းမြောက်စွာသီချင်းများဆို ၍ကခုန်လျက်ပတ်သာများနှင့်စောင်းငယ် များကိုတီးကြ၏။-