ဘုရားသခင်သည်ငါ၏ဆုတောင်းပတ္ထနာကို ပယ်တော်မမူသဖြင့်လည်းကောင်း၊ငါ့ထံမှခိုင်မြဲသော မေတ္တာတော်ကိုရုပ်သိမ်းတော်မမူသဖြင့်လည်းကောင်း ငါသည်ကိုယ်တော်အားချီးမွမ်းထောမနာပြုပါ၏။
ငါ့ ပ ဌ နာ ကို ပယ် တော် မ မူ၊ က ရု ဏာ တော် ကို ဖယ် တော် မ မူ သော ဘု ရား သ ခင် သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။
ငါမြွက်ဆိုသော ပတ္ထနာကိုပယ်တော်မမူ။ ကျေးဇူးတော်ကို ငါမှ ရုပ်သိမ်းတော်မမူသော ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
ငါ၏ဆုတောင်းချက်ကိုလည်းကောင်း၊ မိမိ၏မေတ္တာကရုဏာတော်ကိုလည်းကောင်း ငါ့ထံမှပယ်ရှားတော်မမူသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော။
ကိုယ်တော်သည်ဆင်းရဲသူတို့အားပစ်ထား တော်မမူပါ။ သူတို့၏ဆင်းရဲဒုက္ခများကိုလည်း လျစ်လူရှုတော်မမူပါ။ ကိုယ်တော်သည်သူတို့ကိုမျက်နှာတော်လွှဲ တော်မမူပါ။ ကူမတော်မူရန်သူတို့အော်ဟစ် တောင်းလျှောက်သည်ကိုနားညောင်းတော်မူပါ၏။
ကိုယ်တော်ရှင်သည်ငါ့အားရှေ့တော်မှောက်မှ နှင်ထုတ်တော်မူလေပြီဟူ၍ ငါသည်ကြောက်လန့်စိုးရိမ်မိပါ၏။ သို့ရာတွင်အထံတော်သို့ကူမတော်မူရန် ငါအော်ဟစ်သောအခါ၊ကိုယ်တော်ရှင်သည် ငါ၏အော်ဟစ်သံကိုကြားတော်မူ၏။
ရှေ့တော်မှောက်မှကျွန်တော်မျိုးအား နှင်ထုတ်တော်မမူပါနှင့်။ ကိုယ်တော်ရှင်၏ဝိညာဉ်တော်ကိုကျွန်တော် မျိုးထံမှ ရုပ်သိမ်းတော်မမူပါနှင့်။
သန့်ရှင်းရာဌာနတော်မှကြွလာတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ရိုသေကြောက်ရွံ့ဖွယ်ဖြစ်ပါသည်တကား။ ကိုယ်တော်သည်မိမိ၏လူစုတော်အားတန်ခိုးနှင့် စွမ်းရည်ကိုပေးတော်မူ၏။ ဘုရားသခင်အားထောမနာပြုကြလော့။