ဒါဝိဒ်မင်းသည်ထိုခံတပ်တွင်နေထိုင်ရန် သွားရောက်တော်မူသည်ကိုအစွဲပြု၍ ယင်း ကို``ဒါဝိဒ်မြို့'' ဟုခေါ်ဆိုသမုတ်ကြ သတည်း။-
ဆာလံ 65:1 - Common Language Bible အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ဆုတောင်းပတ္ထနာများကို နားညောင်းတော်မူတတ်သဖြင့် ကျွန်တော်မျိုးတို့သည်ဇိအုန်တောင်တော် ပေါ်တွင် ကိုယ်တော်ရှင်အားထောမနာပြုထိုက်ပါ၏။ မိမိတို့ပြုခဲ့သည့်ကတိသစ္စာဝတ်ကိုဖြေ ထိုက်ပါ၏။ လူအပေါင်းတို့သည်မိမိတို့၏အပြစ်များ အတွက် ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်ကြပါလိမ့်မည်။ ကျွန်တော်မျိုးတို့၏မှားယွင်းချက်များသည် အလွန်ပင်များသော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အပြစ်ဖြေလွှတ်တော်မူပါ၏။ Garrad Bible အို ဘု ရား သ ခင်၊ ဇိ အုန် မြို့ ၌ ငြိမ် ဝပ် စွာ နေ ခြင်း သည်၊ ကိုယ် တော့် ထံ ချီး မွမ်း ခြင်း ဖြစ် လျက်၊ သ စ္စာ ဝတ် ကို လည်း ဖြေ ထိုက် ပါ ၏။ Judson Bible အို ဘုရားသခင်၊ ဇိအုန်မြို့၌ ကိုယ်တော်ရှေ့မှာ ငြိမ်ဝပ်စွာနေ၍ ချီးမွမ်းရပါ၏။ ကိုယ်တော်အားလည်း သစ္စာဝတ်ကိုဖြေရပါ၏။ မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ ချီးမွမ်းခြင်းသည် ဇိအုန်၌ ကိုယ်တော်ကို စောင့်ကြိုနေပါ၏။ ပြုထားသောကတိသစ္စာကိုလည်း ကိုယ်တော်ထံ ပြည့်စုံစေပါမည်။ |
ဒါဝိဒ်မင်းသည်ထိုခံတပ်တွင်နေထိုင်ရန် သွားရောက်တော်မူသည်ကိုအစွဲပြု၍ ယင်း ကို``ဒါဝိဒ်မြို့'' ဟုခေါ်ဆိုသမုတ်ကြ သတည်း။-
သေတ္တာတော်ကိုမြို့တွင်းသို့ပင့်ဆောင်လာစဉ် ရှောလုမင်း၏သမီးတော်မိခါလသည် လေ သာပြူတင်းမှကြည့်လိုက်သောအခါ ဝမ်း မြောက်စွာကခုန်လျက်နေသောဒါဝိဒ်မင်း ကိုမြင်လေသည်။ ထိုအခါသူသည်မင်းကြီး အားရွံရှာစက်ဆုပ်စိတ်ပေါ်လာ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၌မဟာတန်ခိုးတော်ရှိတော်မူ သောကြောင့် ကိုယ်တော်အားကျွန်တော်မျိုးတို့ထောမနာ ပြုကြပါ၏။ ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကို ထောမနာသီချင်းဆိုပါမည်။
အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားသစ္စာကတိ ပြုခဲ့သည့်အတိုင်းသစ္စာဝတ်ကိုဖြေပါမည်။ ချီးမွမ်းရာပူဇော်သကာကိုကိုယ်တော်ရှင်အား ဆက်သပါမည်။
ငါ့ကိုဘုရားသခင်ကယ်တင်ရန်ငါသည် စိတ်ရှည်စွာ စောင့်မျှော်လျက်နေပါ၏။ ငါသည်ကိုယ်တော်ကိုသာလျှင်မှီခိုပါ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ထားရှိခဲ့သည့်ကတိသစ္စာဝတ်ကိုဖြေကြလော့။ နီးနားဝန်းကျင်ရှိလူမျိုးတကာတို့၊ ကိုယ်တော်၏ထံတော်သို့လက်ဆောင်ပဏ္ဏာများကို ယူဆောင်ခဲ့ကြလော့။ ဘုရားသခင်သည်မိမိအားလူတို့ ကြောက်လန့်စေတော်မူ၏။
ကိုယ်တော်၏အိမ်တော်သည်ယေရုရှလင်မြို့တွင် ရှိပေသည်။ ကိုယ်တော်သည်ဇိအုန်တောင်ပေါ်တွင် ကိန်းဝပ်တော်မူ၏။