ကျွန်တော်မျိုးအတွက်ထိုသူတို့ထောင်ထားသော ထောင်ချောက်မှလည်းကောင်း၊ မကောင်းမှုပြုသူတို့၏ကျော့ကွင်းမှလည်းကောင်း ကွယ်ကာတော်မူပါ။
ဆာလံ 64:3 - Common Language Bible သူတို့သည်မိမိတို့၏လျှာကိုဋ္ဌားသဖွယ် သွေးကြပါ၏။ သနားကြင်နာခြင်းကင်းမဲ့သောစကား များဖြစ်သော မြားများကိုချိန်ရွယ်ကြ၏။ Garrad Bible ထို သူ တို့ သည် ကိုယ့် လျှာ ကို ဓား ကဲ့ သို့ ကျင်း ခြင်း၊ နစ် နာ ရာ စ ကား ဖြစ် သော မြှား ကို ရွယ် ခြင်း၊ စုံ လင် သော သူ့ ကို၊ အောင်း ရာ မှ ပစ် ခြင်း ကြံ လျက်၊ ရှောင် တ ခင် ဘေး ကင်း စွာ ပစ် တတ် ကြ သည် တ ကား။ Judson Bible ထိုသူတို့သည် မိမိတို့လျှာကို ဓားကဲ့သို့ သွေးတတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မိမိတို့လျှာကို ဓားကဲ့သို့ထက်စေပြီး မိမိတို့၏ခါးသီးသောစကားများကို မြားကဲ့သို့ချိန်ရွယ်လျက် |
ကျွန်တော်မျိုးအတွက်ထိုသူတို့ထောင်ထားသော ထောင်ချောက်မှလည်းကောင်း၊ မကောင်းမှုပြုသူတို့၏ကျော့ကွင်းမှလည်းကောင်း ကွယ်ကာတော်မူပါ။
ရန်သူများသည်လူသားကိုစားသည့်ခြင်္သေ့များ သဖွယ် ငါ့ကိုဝိုင်းရံထား၏။ သူတို့၏သွားများသည်လှံများ၊မြားများ နှင့်တူ၏။ သူတို့၏လျှာများသည်သန်လျက်ကဲ့သို့ ထက်၏။
သူတို့သည်စီးဆင်းပျောက်ကွယ်သွားတတ်သည့် ရေကဲ့သို့ဖြစ်ကြပါစေသော။ လူသွားလမ်းပေါ်မှပေါင်းပင်များကဲ့သို့ ကြေမွသွားကြပါစေသော။
သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ် သော လူတချို့ရှိ၏။ ပညာရှိတို့၏ လျှာမူကား အနာကို ပင် ပျောက်စေတတ်၏။
ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။
သို့ရာတွင်အဘယ်လက်နက်မျှသင့်အားအနာတရ ဖြစ်စေနိုင်လိမ့်မည်မဟုတ်။ သင်သည်မိမိအားပြစ်တင်စွပ်စွဲသူမှန်သမျှကို ပြန်လည်ချေပနိုင်လိမ့်မည်။ ငါသည်မိမိ၏အစေခံများကာကွယ်စောင့်ရှောက်ရန် အောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟတော်မူသော စကားပင်ဖြစ်သတည်း။
သူတို့သည်လိမ်လည်ပြောဆိုရန်လေးမှ လွှတ်သော မြားကဲ့သို့အဘယ်အခါ၌မျှနှုတ်မလေးကြ။ တိုင်းပြည်တွင်သစ္စာတရားအုပ်စိုးမည့်အစား မုသားစကားအုပ်စိုးလျက်နေ၏။ ထာဝရဘုရားက၊ ``ငါ၏လူမျိုးတော်သည်ဒုစရိုက်တစ်ခုပြီး တစ်ခု ကူးလွန်လျက် ငါ့ကိုသူတို့၏ဘုရားအဖြစ်လက်မခံကြ'' ဟုမိန့်တော်မူ၏။