အို ထာဝဘုရား၊ ကျွန်တော်မျိုးမှီခိုရာကိုယ်တော်ရှင်တစ်ပါး သာလျှင် ရှိပါ၏။ ကျွန်တော်မျိုးလိုသောအရာရှိသမျှတို့ကိုလည်း ကိုယ်တော်ရှင်ပေးတော်မူပါ၏။ ကျွန်တော်မျိုး၏အနာဂတ်သည်ကိုယ်တော်၏ လက်ဝယ်ရှိပါ၏။
ဆာလံ 61:6 - Common Language Bible မင်းကြီးအားသက်တော်ရာကျော်ရှည်စေ တော်မူပါ။ ကာလအစဉ်အဆက်သက်တော်ရှည်စေတော် မူပါ။ Garrad Bible ဘု ရင် မင်း အား တစ် နေ့၊ နောက် တစ် နေ့ ထပ် ဆင့် လျက်၊ နှစ် ပေါင်း ကို လည်း လူ မျိုး အ ဆက် ဆက် ရှည် စေ တော် မူ ပါ။ Judson Bible ရှင်ဘုရင်၏ အသက်နေ့ရက်ကာလကို ရှည်စေတော်မူ၍၊ နှစ်စဉ်မပြတ် နိစ္စထာဝရတည်ပါစေသော။ မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်၏နေ့ရက်များကို ထပ်၍တိုးပေးတော်မူပါ။ သူ၏နှစ်ကာလတို့ကိုလည်း မျိုးဆက်အစဉ်အဆက် တည်စေတော်မူပါ။ |
အို ထာဝဘုရား၊ ကျွန်တော်မျိုးမှီခိုရာကိုယ်တော်ရှင်တစ်ပါး သာလျှင် ရှိပါ၏။ ကျွန်တော်မျိုးလိုသောအရာရှိသမျှတို့ကိုလည်း ကိုယ်တော်ရှင်ပေးတော်မူပါ၏။ ကျွန်တော်မျိုး၏အနာဂတ်သည်ကိုယ်တော်၏ လက်ဝယ်ရှိပါ၏။
ကျွန်တော်မျိုးအားကိုယ်တော်ရှင်ပေးတော်မူသော ဆုကျေးဇူးတော်များသည် အံ့သြဖွယ်ကောင်းလှပါသည်။ ယင်းတို့သည်ကောင်းမြတ်လှပါသည်တကား။
သူသည်အသက်ကိုတောင်းခံ၍ကိုယ်တော်ရှင်သည် သူ့အားအသက်ကိုပေးတော်မူသည်သာမက ရှည်၍မကုန်မဆုံးနိုင်သောအသက်ကို ပေးတော်မူပြီ။
ကိုယ်တော်ရှင်၏ကောင်းချီးမင်္ဂလာများသည် သူ၏အပေါ်သို့အစဉ်သက်ရောက်လျက် ရှိပါ၏။ သူ၏အနီးတွင်ကိုယ်တော်ရှိတော်မူသည် ဖြစ်၍ သူသည်ရွှင်လန်းဝမ်းမြောက်ပါ၏။
ထာဝရဘုရားက၊ ``ထိုသူသည်ငါ၏အလိုတော်အရဝေဒနာ ခံရခြင်းဖြစ်၏။ သူသည်အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်မိမိကိုယ် ကို တင်လှူပူဇော်သည်ဖြစ်၍ မိမိ၏သားမြေးအမြောက်အမြားကိုတွေ့မြင်ခွင့် ရရှိလိမ့်မည်။ သူသည်အသက်ရှည်လိမ့်မည်။ ငါ၏အကြံအစည်တော်အောင်မြင်မှုကိုလည်း အထောက်အကူပြုလိမ့်မည်။