သူယုတ်မာက``ဘုရားသခင်သည်ဤအမှုတွင် ဂရုစိုက်တော်မမူ။ ကိုယ်တော်သည်မျက်စိကိုမှိတ်၍ထားတော် မူပြီ။ ငါ့ကိုအဘယ်အခါမျှမြင်တော်မူလိမ့်မည် မဟုတ်'' ဟုတစ်ကိုယ်တည်းပြောဆိုတတ်၏။
ဆာလံ 59:8 - Common Language Bible သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်သူတို့ကိုကြည့်၍ ပြုံးရယ်တော်မူပါ၏။ ဘုရားမဲ့သူအပေါင်းတို့ကိုပြက်ရယ်ပြု တော်မူပါ၏။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ပြုံး ရယ် ၍ လူ မျိုး ခြား အ ပေါင်း တို့ ကို ကဲ့ ရဲ့ တော် မူ ပါ ၏။ Judson Bible သို့ရာတွင်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကိုပြုံးရယ်၍ သာသနာပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကိုရယ်မောတော်မူ၏။ လူမျိုးအပေါင်းတို့ကို ပြက်ရယ်ပြုတော်မူ၏။ |
သူယုတ်မာက``ဘုရားသခင်သည်ဤအမှုတွင် ဂရုစိုက်တော်မမူ။ ကိုယ်တော်သည်မျက်စိကိုမှိတ်၍ထားတော် မူပြီ။ ငါ့ကိုအဘယ်အခါမျှမြင်တော်မူလိမ့်မည် မဟုတ်'' ဟုတစ်ကိုယ်တည်းပြောဆိုတတ်၏။
ကောင်းကင်ဘုံရှိပလ္လင်တော်ပေါ်မှာထာဝရ ဘုရားသည် ပြုံးရယ်တော်မူလျက် ထိုသူတို့၏အကြံအစည်ကိုပြက်ရယ်ပြု တော်မူ၏။
သို့ရာတွင်ထိုသူသည်မကြာမမြင့်မီဆုံးပါး ပျက်စီး ရတော့မည်ဖြစ်ကြောင်း ထာဝရဘုရားသိတော်မူသဖြင့်သူ့အား ကြည့်၍ ပြုံးရယ်တော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ကြီးမြတ်တော်မူပုံကို မိုးကောင်းကင်တွင်လည်းကောင်း၊ ကိုယ်တော်ရှင်၏ဘုန်းအသရေတော်ကို ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်းပေါ်လွင်ထင်ရှား စေတော်မူပါ။
အို အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ နိုးထတော်မူ၍ကျွန်တော်မျိုးအားကူမရန် ကြွတော်မူပါ။ ဣသရေလအမျိုးသားတို့၏ဘုရား၊ ကိုယ်တော်တိုင် ရှုကြည့်တော်မူပါ။ နိုးထတော်မူ၍ဘုရားမဲ့သူတို့ကို အပြစ်ဒဏ်ခတ်တော်မူပါ။ ဆိုးယုတ်၍သစ္စာဖောက်သူတို့အား သနားတော်မမူပါနှင့်။
သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သော အမှုရောက်သော အခါ ငါပြက်ယယ်ပြုမည်။
အကယ်၍သူသည်ထိုသူတို့၏စကားကိုလည်း နားမထောင်ပြန်လျှင်အသင်းတော်အားတိုင်ကြား လော့။ အသင်းတော်၏စကားကိုပင်နားမထောင် လျှင်ထိုသူအားဘုရားမဲ့သူတစ်ယောက်၊ သို့ မဟုတ်အခွန်ခံသူတစ်ယောက်ကဲ့သို့မှတ်ယူ လော့။