ထာဝရဘုရားသည်ငါနှင့်အတူ ရှိတော်မူသည်ဖြစ်၍ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည် ငါ့ကိုအဘယ်သို့ပြုနိုင်ပါသနည်း။
ဆာလံ 56:12 - Common Language Bible အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားသစ္စာကတိ ပြုခဲ့သည့်အတိုင်းသစ္စာဝတ်ကိုဖြေပါမည်။ ချီးမွမ်းရာပူဇော်သကာကိုကိုယ်တော်ရှင်အား ဆက်သပါမည်။ Garrad Bible အို ဘု ရား သ ခင်၊ အ ကျွန်ုပ် သည် ရှေ့ တော်၌ ထား သော သ စ္စာ ဝတ် ကို ဖြေ လျက်၊ ချီး မွမ်း ရာ ပူ ဇော် သ က္ကာ ကို ဆက် ကပ် ပါ မည်။ Judson Bible အိုဘုရားသခင်၊ အကျွန်ုပ်သည် ရှေ့တော်၌သစ္စာပြုပါသည်ဖြစ်၍၊ သစ္စာဝတ်ကိုဖြေလျက် ကိုယ်တော်ကို ချီးမွမ်းပါမည်။ မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ ကိုယ်တော့်ထံပြုထားသောကတိသစ္စာများသည် အကျွန်ုပ်၌ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်တော်အား ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ၎င်းကိုပြည့်စုံစေပါမည်။ |
ထာဝရဘုရားသည်ငါနှင့်အတူ ရှိတော်မူသည်ဖြစ်၍ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည် ငါ့ကိုအဘယ်သို့ပြုနိုင်ပါသနည်း။
ဖြောင့်မှန်စွာစီရင်ဆုံးဖြတ်တော်မူခက်တို့ကို လိုက်နာပါမည်ဟုကွန်တော်မျိုး ကိန်ဆိုခဲ့သည့်အတိုင်းပြုပါမည်။
အို ထာဝရဘုရား၊ ကိုယ်တော်၌မဟာတန်ခိုးတော်ရှိတော်မူ သောကြောင့် ကိုယ်တော်အားကျွန်တော်မျိုးတို့ထောမနာ ပြုကြပါ၏။ ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကို ထောမနာသီချင်းဆိုပါမည်။
ကျေးဇူးတော်ချီးမွမ်းခြင်းသည်သာ လျှင် ဘုရားသခင်အားသင်တို့ပူဇော်ရာ ယဇ်ဖြစ်စေကြလော့။ ထို့ပြင်၊အနန္တတန်ခိုးရှင်အားသင်တို့သစ္စာ ကတိထားသည့်အတိုင်းပြုကြလော့။
သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ထားရှိခဲ့သည့်ကတိသစ္စာဝတ်ကိုဖြေကြလော့။ နီးနားဝန်းကျင်ရှိလူမျိုးတကာတို့၊ ကိုယ်တော်၏ထံတော်သို့လက်ဆောင်ပဏ္ဏာများကို ယူဆောင်ခဲ့ကြလော့။ ဘုရားသခင်သည်မိမိအားလူတို့ ကြောက်လန့်စေတော်မူ၏။
``အို ထာဝရဘုရားကိုယ်တော်ရှင်အား၊ ကျွန်တော်မျိုးထောမနာပြုပါ၏။ ကိုယ်တော်ရှင်သည်ယခင်ကကျွန်တော်မျိုးအား အမျက်ထွက်တော်မူခဲ့သော်လည်း၊ ယခုအခါအမျက်ထွက်တော်မမူတော့ဘဲ နှစ်သိမ့်မှုကိုပေးတော်မူပါပြီ'' ဟု လူတို့သီဆိုကူးဧကြမည့်အချိန်ကာလ ရောက်လာလိမ့်မည်။
ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။