ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးခေါ်သောအခါကြည့်တော်မူ၍ ထူးတော်မူပါ။ ကျွန်တော်မျိုးကိုပြန်လည်၍ခွန်အားဖြင့် ပြည့်ဝစေတော်မူပါ။ ကျွန်တော်မျိုးအားသေစေတော်မမူပါနှင့်။
ဆာလံ 54:2 - Common Language Bible ဘုရားသခင်၊ကျွန်တော်မျိုး၏ဆုတောင်း ပတ္ထနာကို ကြားတော်မူပါ။ ကျွန်တော်မျိုးတောင်းလျှောက်သောစကားတို့ကို နားထောင်တော်မူပါ။ Garrad Bible အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ၏ တောင်း လျှောက် ချက် ကို နား ညောင်း၍၊ နှုတ် မြွက် သော ပ ဌ နာ ကို ကြား နာ တော် မူ ပါ။ Judson Bible အကျွန်ုပ်ပြုသောပတ္ထနာနှင့် အကျွန်ုပ်မြွက်သောစကားကို နားထောင်နားညောင်းတော်မူပါဘုရား။ မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏နှုတ်ထွက်စကားတို့ကို စူးစိုက်နားထောင်တော်မူပါ။ |
ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးခေါ်သောအခါကြည့်တော်မူ၍ ထူးတော်မူပါ။ ကျွန်တော်မျိုးကိုပြန်လည်၍ခွန်အားဖြင့် ပြည့်ဝစေတော်မူပါ။ ကျွန်တော်မျိုးအားသေစေတော်မမူပါနှင့်။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးအော်ဟစ်သံကိုကြားတော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးတောင်းလျှောက် သံကို နားထောင်တော်မူပါ။
အို ထာဝရဘုရား၊ ယခုပင်လျှင်ကျွန်တော်မျိုးပန်ကြား လျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ ကျွန်တော်မျိုးသည်လုံးဝမျှော်လင့်ရာမဲ့လျက် နေပါပြီ။ ကျွန်တော်မျိုးအားမျက်နှာလွှဲတော်မမူပါနှင့်။ ယင်းသို့ပြုတော်မူပါလျှင်ကျွန်တော်မျိုးသည် မရဏာနိုင်ငံသို့သွားရသူကဲ့သို့ဖြစ်ပါလိမ့်မည်။
ဇိဖအရပ်မှလူအချို့တို့သည်ရှောလုရှိ ရာဂိဗာမြို့သို့သွား၍``ဒါဝိဒ်သည်အကျွန်ုပ် တို့၏နယ်အတွင်းယုဒတောကန္တာရတောင် ပိုင်း၊ ဟခိလတောင်ထိပ်ပေါ်ရှိဟောရေရှ အရပ်တွင်ပုန်းအောင်းနေပါသည်။-
ဇိဖမြို့မှလူအချို့တို့သည်ရှောလုရှိရာဂိဗာ မြို့သို့လာရောက်၍ ဒါဝိဒ်သည်ယုဒတောကန္တာရ အစွန်နားရှိဟခိလတောင်ပေါ်တွင်ပုန်းအောင်း နေပါသည်ဟုလျှောက်ထားကြ၏။-