ဆာလံ 49:8 - Common Language Bible အဘယ်ကြောင့်ဆိုသော်လူ၏အသက်တန်ဖိုးသည် ကြီးလွန်းသောကြောင့်ဖြစ်၏။ သူ့မှာအဘယ်အခါ၌မျှအသက်ဖိုး ပေးနိုင်စွမ်းမရှိသဖြင့် အဘယ်သို့လျှင်ထာဝစဉ်အသက်ရှင်လျက် နေနိုင်ပါမည်နည်း။ အဘယ်သို့လျှင်သင်္ချိုင်းတွင်းသို့မဆင်းဘဲ နေနိုင်ပါမည်နည်း။ Judson Bible သူတို့အသက်ဝိညာဉ်၏ ရွေးရန်အဖိုးကြီးလှပေ၏။ သို့ဖြစ်၍ အစဉ်ရှုံးလျက်နေရမည်။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား လူ၏အသက်ကိုရွေးနုတ်ရန် အဖိုးအခသည် အလွန်ကြီး၏။ |
အို ဘုရားသခင်၊ ယခင်ကဖော်ပြခဲ့သောကိုယ်တော်ရှင်၏ မေတ္တာတော်ကားအဘယ်မှာနည်း။ ဒါဝိဒ်အားကိုယ်တော်ရှင်ထားတော်မူသော ကတိတော်များကားအဘယ်မှာနည်း။
လူသည်လောကတစ်ခုလုံးကိုအစိုးရသော်လည်း မိမိ၏အသက်ဆုံးရှုံးလျှင်အဘယ်အကျိုးရှိ မည်နည်း။ မိမိ၏အသက်ကိုအဘယ်အရာနှင့် လဲလှယ်နိုင်မည်နည်း။-