လူအပေါင်းတို့သည်အချင်းချင်းလိမ်လည် ပြောဆို၍ မြှောက်ပင့်ကာလှည့်စားကြပါ၏။
ဆာလံ 41:6 - Common Language Bible ငါ့အားလာ၍ကြည့်ကြသူများသည် စိတ်ရိုးသဘောရိုးရှိသူများမဟုတ်။ သူတို့သည်ငါ၏အကြောင်းမကောင်းသတင်း များကို ရှာဖွေစုဆောင်းလျက်နေရာအနှံ့အပြားသို့ သွား၍ပြောဆိုတတ်ကြ၏။ Garrad Bible အ ကြည့် အ ရှု လာ သော်၊ အ ချည်း နှီး စ ကား ကို ပြော ဆို လျက်၊ ဒု က္ခ အ ဖြစ် အ ပျက် ကို မှတ် သား ပြီး လျှင်၊ ထွက် သွား ၍ ထုတ် ဖော် ပြန် ကြား ရာ၊ Judson Bible ငါ့ကို ကြည့်လာသောသူသည် မုသားစကားကို ပြောတတ်၏။ သူ၏နှလုံးသည်လည်း မကောင်းသောအကြံကို ဆည်းပူးသည်နှင့်၊ ထွက်သွားသောအခါ ထုတ်ဖော်ပြောတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ငါ့ကိုလာကြည့်သောသူသည်လည်း မဟုတ်မမှန်ပြောဆို၏။ သူ၏စိတ်နှလုံးတွင် ယုတ်ညံ့သောအရာကို စုဆောင်းလျက် အပြင်သို့ထွက်သွားသောအခါ ထိုအရာကိုပြောဆို၏။ |
လူအပေါင်းတို့သည်အချင်းချင်းလိမ်လည် ပြောဆို၍ မြှောက်ပင့်ကာလှည့်စားကြပါ၏။
ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။
ထိုနောက်ဘုရင်နှစ်ပါးသည်စားပွဲတစ်ခု တည်းတွင်ထိုင်၍ ပွဲတော်ခေါ်ကြလိမ့်မည်။ သို့ ရာတွင်သူတို့၏ရည်ရွယ်ချက်များသည်ဆိုး ညစ်သဖြင့် တစ်ဦးကိုတစ်ဦးလိမ်လည်ပြော ဆိုကြလိမ့်မည်။ သို့သော်အချိန်မတန်သေး သဖြင့် သူတို့၏လိုလားချက်များကိုရရှိ ကြလိမ့်မည်မဟုတ်။-
ငါသည်ခရီးအကြိမ်ကြိမ်ပြုရာတွင်မြစ် ရေလျှံသည့်ဘေး၊ ဋ္ဌားပြများ၏ဘေး၊ ငါ့ လူမျိုးများဖြစ်သောယုဒပြည်သူတို့၏ ဘေး၊ လူမျိုးခြားတို့၏ဘေး၊ မြို့ကြီးများ တွင်တွေ့ရတတ်သည့်ဘေး၊ တောကျေးလက် ၌ဆိုက်ရောက်တတ်သည့်ဘေး၊ ပင်လယ်ဘေး၊ မိတ်ဆွေအတုအယောင်တို့၏ဘေးများ နှင့်ကြုံတွေ့ခဲ့ရ၏။-