ဗေနာယက``အမိန့်တော်အတိုင်းဖြစ်စေ ပါမည်။ အရှင်၏ဘုရားသခင်ထာဝရ ဘုရားကလည်း ထိုအမိန့်တော်ကိုအတည် ပြုတော်မူပါစေသော။-
ဆာလံ 41:13 - Common Language Bible ဣသရေလအမျိုးသားတို့၏ဘုရားဖြစ်တော် မူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကာလအစဉ် အဆက် ထောမနာပြုကြလော့။ အာမင်၊ အာမင်။ Garrad Bible ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ အ န န္တ ကာ လ ပတ် လုံး မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။ အာ မင်။ အာ မင်။ Judson Bible ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။ အာမင်နှင့် အာမင်။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားသည် ထာဝရကာလမှ ထာဝရကာလတိုင်အောင် မင်္ဂလာရှိပါစေသော။ အာမင်နှင့် အာမင်။ |
ဗေနာယက``အမိန့်တော်အတိုင်းဖြစ်စေ ပါမည်။ အရှင်၏ဘုရားသခင်ထာဝရ ဘုရားကလည်း ထိုအမိန့်တော်ကိုအတည် ပြုတော်မူပါစေသော။-
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ ထိုအခါလူအပေါင်းတို့သည်``အာမင်'' ဟုဆို ၍ထာဝရဘုရားအားထောမနာပြုကြ ကုန်၏။
ဒါဝိဒ်သည်ထိုအရပ်ရှိလူစုတစ်ရပ်လုံး၏ရှေ့ တွင်ထာဝရဘုရားအားထောမနာပြုတော် မူ၏။ မင်းကြီးက``ကျွန်တော်မျိုးတို့၏ဘိုးဘေး ယာကုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ် တော်ရှင်သည်ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော် မူပါစေသတည်း။-
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားထောမနာပြုကြ လော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ လူအပေါင်းတို့သည်အာမင်ဟုဆိုကြစေ။ ထာဝရဘုရားအားထောမနာပြုကြ လော့။
ကိုယ်တော်သည်နိမ့်ကျသူတို့ကိုထူပင့်တော် မူ၍ ယုတ်မာသူတို့ကိုမူမြေသို့တိုင်အောင်လဲကျ စေတော်မူ၏။
သက်ရှိသတ္တဝါအပေါင်းတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။ ဒါဝိဒ်မင်းကြီးနှင့်ရှင်အာသပ်အစရှိသော ပရောဖက်များတို့ရေးထားသောဆာလံကျမ်း ပြီး၏။
``သင်ပြောသည့်အတိုင်းပင်ဖြစ်ပါစေသော။ ထာဝရဘုရားသည် ဤအတိုင်းပင်ပြုတော် မူလိမ့်မည်ဟုလည်းငါမျှော်လင့်ပါ၏။ ကိုယ် တော်သည်သင်၏ဟောကြားချက်များကို အကောင်အထည်ပေါ်စေတော်မူလိမ့်မည် ဟူ၍လည်းကောင်း၊ ဗာဗုလုန်မြို့သို့သိမ်း ယူသွားသောဗိမာန်တော်ဘဏ္ဍာများနှင့် သုံ့ပန်းအဖြစ်ဖမ်းဆီးသွားသည့်သူ အပေါင်းတို့အား ပြန်လည်ခေါ်ဆောင်လာ တော်မူလိမ့်မည်ဟူ၍လည်းကောင်းငါ မျှော်လင့်ပါ၏။-
ဤရေသည်သင်၏ဝမ်းထဲသို့ရောက်၍ဝမ်း ဗိုက်ကိုဖောင်းပွလာစေလျက် သင်၏မိန်းမ အင်္ဂါကိုခြောက်ကပ်စေလိမ့်မည်။ ထိုအခါအမျိုးသမီးက``ဤသစ္စာတည်ပါ စေသော'' ဟုဝန်ခံရမည်။
အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊ စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ' ဟူ၍ဆုတောင်းကြလော့။
သင်တို့သည်စိတ်နှလုံးအားဖြင့်သာလျှင် ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ဆုတောင်း ပတ္ထနာပြုကြပါမူ ပရိသတ်ဝတ်ပြုခြင်း၌သာမန် လူတစ်ယောက်သည် သင်တို့ပြောဆိုသမျှစကား များကိုနားမလည်နိုင်သဖြင့် အဘယ်သို့လျှင် သင်တို့၏ဆုတောင်းပတ္ထနာကို ``အာမင်'' ဟုဝန်ခံ နိုင်မည်နည်း။-
ငါတို့သခင်ယေရှု၏ခမည်းတော်ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းကြကုန် စို့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းကင်လောကဆိုင်ရာဝိညာဉ်ကောင်း ချီးမင်္ဂလာအပေါင်းကို ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သူငါတို့အား ပေးသနားတော်မူသောကြောင့်တည်း။-
``ပစ္စုပ္ပန်၊အတိတ်ကာလတို့၌ရှိတော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ ကိုယ်တော်သည်မိမိ၏မဟာတန်ခိုးတော် ကို သုံးတော်မူလျက် လောကကိုအုပ်စိုးတော်မူပြီဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းပါ၏။
ဤအကြောင်းအရာများကိုသက်သေခံတော်မူ သောအရှင်က``မုချမကြာမီငါကြွလာမည်'' ဟုမိန့်တော်မူ၏။ ဤအတိုင်းပင်ဖြစ်ပါစေ သော။ သခင်ယေရှုကြွလာတော်မူပါ။
ထိုသတ္တဝါလေးပါးစလုံးတွင်အတောင်ခြောက်ခု စီရှိ၏။ သူတို့၏ကိုယ်အတွင်းအပြင်၌မျက်စိ များဖြင့်ပြည့်နှက်လျက်နေ၏။ သူတို့သည်နေ့ ရောညဥ့်ပါမနားဘဲ၊ ``ထာဝရအရှင်ဘုရားသခင်သည် မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ် သန့်ရှင်းတော်မူ၏။ ကိုယ်တော်သည်အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ကာလ အစဉ်ရှိနေတော်မူ၏။ ဟုမြွက်ဆိုကြ၏။-
သူတို့က``အာမင်။ ငါတို့ဘုရားသခင်ကို ကမ္ဘာအဆက်ဆက်ချီးမွမ်းထောမနာပြု ကြစေသတည်း။ ကိုယ်တော်သည်ဘုန်းတန်ခိုး၊ ဉာဏ်ပညာ၊ ဂုဏ်အသရေတို့နှင့်ပြည့်စုံ တော်မူပါစေသတည်း။ ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါစေ သတည်း။ ``အာမင်'' ဟုမြွက်ဆိုကြ၏။