ဤရွှေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို၏။
ဆာလံ 40:5 - Common Language Bible ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် များစွာသောအမှုတို့ကိုပြုတော်မူပါပြီ။ ကိုယ်တော်ရှင်နှင့်နှိုင်းယှဉ်နိုင်သူတစ်ယောက် မျှမရှိပါ။ ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့အတွက် ကြံစည်သောအကြံအစည်တော်တို့သည် အံ့သြဖွယ်ဖြစ်ပါ၏။ ထိုအမှုအရာတို့သည်များပြားလှသဖြင့် ယင်းတို့ကိုမရေမတွက်နိုင်ပါ။ Garrad Bible အ ကျွန်ုပ် ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ပြု တော် မူ ရာ အံ့ ဖွယ် မှု များ နှင့်၊ အ ကျွန်ုပ် တို့ အ တွက် ကြံ စည် တော် မူ ချက် များ သည် များ ပြား လှ၍၊ ရှေ့ တော်၌ စီ စဉ် မ ထား နိုင် ပါ။ ဖော် ပြ ပြော ဆို လို လျှင်၊ ရေ တွက်၍ မ ကုန် နိုင် ပါ။ Judson Bible အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့အဖို့ ပြုတော်မူသော အံ့ဩဖွယ်အမှုတို့နှင့် ကြံစည်တော်မူသော အကြံအစည်တို့သည် များလှပါ၏။ ရှေ့တော်၌ အစဉ်အတိုင်း လျှောက်၍မကုန်နိုင်ပါ။ အကျွန်ုပ် ထုတ်ဖော်ကြားပြောမည်ဟု ဆိုသော်၊ ရေတွက်၍ မကုန်နိုင်အောင်များလှပါ၏။ မြန်မာ့စံမီသမ္မာကျမ်း အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတည်းဟူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများနှင့် အကျွန်ုပ်တို့အတွက် ကိုယ်တော်၏အကြံအစည်များသည် များပြားလှပါ၏။ ကိုယ်တော်နှင့်နှိုင်းယှဉ်ရမည့်သူမရှိပါ။ ထိုအမှုတို့ကို အကျွန်ုပ်ထုတ်ဖော်၍ပြောဆိုသောအခါ ရေတွက်မကုန်နိုင်အောင် များပြားလှပါ၏။ |
ဤရွှေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို၏။
ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။
စစ်၍မသိနိုင်အောင် အလွန်ကြီးသောအမှု၊ မရေတွက်နိုင်အောင်များ၍ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူ၏။
ကိုယ်တော်တစ်ပါးတည်းသာလျှင်အလွန် ထူးဆန်းသော နိမိတ်လက္ခဏာတို့ကိုပြတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
ကျွန်တော်မျိုး၏အကြောင်းကိုကိုယ်တော်ရှင် သိတော်မူပုံမှာအံ့သြဖွယ်ဖြစ်ပါ၏။ ထိုသို့သောအသိဉာဏ်သည်ကျွန်တော်မျိုး နားမလည်နိုင်အောင်နက်နဲလှပါ၏။
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကောင်းမြတ်တော်မူပုံကိုပြောကြားပါမည်။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးသည် ကျွန်တော်မျိုးနားလည်နိုင်သည်ထက်ပို၍ နက်နဲပါ၏။ သို့ရာတွင်ထိုကျေးဇူးတော်အကြောင်းကို ကျွန်တော်မျိုးသည်တစ်နေ့လုံးပြော ကြားပါမည်။
သို့သော်လည်းကျွန်တော်မျိုးအဖို့မှာမူဘုရားသခင်၏ အပါးတော်တွင်နေရခြင်း၊ အရှင်ဘုရား၏ထံတော်၌ခိုလှုံရခြင်းနှင့် ကိုယ်တော်ပြုတော်မူသောအမှုတော်အပေါင်းကို ထုတ်ဖော်ကြေညာရခြင်းတို့သည်လွန်စွာမြတ် နိုးဖွယ် ဖြစ်ပါသည်တကား။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်တို့သည် ကြီးမြတ်လှပါ၏။ ကိုယ်တော်ရှင်၏အကြံအစည်တော်သည်လည်း နက်နဲလှပါ၏။
ထိုအခါသင်၏မှူးမတ်တို့သည်ကျွန်ုပ်ထံသို့ လာ၍ပျပ်ဝပ်လျက်`သင်နှင့်သင်၏လူစုအပေါင်း တို့ထွက်သွားကြပါ' ဟုရှိခိုးတောင်းပန်ကြ လိမ့်မည်။ ထိုနောက်မှကျွန်ုပ်ထွက်သွားပါမည်'' ဟုလျှောက်လေ၏။ ထိုနောက်မောရှေသည် ဒေါသအမျက်ထွက်လျက်ဘုရင်ထံမှ ထွက်သွားလေ၏။
အို ထာဝရဘုရား၊ကိုယ်တော်နှင့်တူသော အဘယ်ဘုရားရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့သန့်ရှင်းမြင့်မြတ်ဘုန်း ကြီးသော ဘုရားအဘယ်မှာရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြုနိုင်သောဘုရား အဘယ်မှာရှိအံ့နည်း။
သင်တို့အတွက်ငါပြုလုပ်ထားသည့်အကြံ အစည်များကိုငါသာလျှင်သိ၏။ ထိုအကြံ အစည်တို့သည်သင်တို့ကောင်းစားမှု၊ သင်တို့ စောင့်မျှော်နေသည့်အနာဂတ်ကိုထုတ်ဖော်ပေး မှုနှင့်ဆိုင်သောအကြံအစည်များဖြစ်ပေ သည်။ သင်တို့အားဘေးအန္တရာယ်ရောက်စေ မည့်အကြံအစည်များမဟုတ်။-