သူတို့အဖက``သင်တို့သည်ငါ့သားများကို တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးစေတော့ မည်လော။ ယောသပ်လည်းမရှိ။ ရှိမောင်လည်း မရှိ။ ယခုဗင်္ယာမိန်ကိုခေါ်ဆောင်သွားကြ ဦးမည်လော။ ငါ၌အတိဒုက္ခရောက်ရပါ သည်တကား'' ဟုဆိုလေ၏။
ဆာလံ 39:13 - Common Language Bible ကျွန်တော်မျိုးသေ၍ပျောက်ကွယ်မသွားမီ ရွှင်လန်းမှုအနည်းငယ်ရရှိစေရန် ကျွန်တော်မျိုးထံမှမျက်နှာတော်ကိုလွှဲတော်မူပါ။ Garrad Bible ဘိုး ဘေး ရှိ သ မျှ ကဲ့ သို့ ရှေ့ တော် ၌ ဝင် နေ သူ၊ အာ ဂ န္တု ဖြစ် သော အ ကျွန်ုပ် အား၊ ပျောက် ဆုံး ချိန် မ တိုင် မ ချင်း ရွှင် လန်း ခွင့် ရ စေ ရန်၊ မျက် နှာ လွှဲ တော် မူ ပါ။ Judson Bible အကျွန်ုပ်သည် ရွေ့သွား၍မပျောက်မီတွင် သက်သာရမည်အကြောင်း၊ မျက်နှာလွှဲတော်မူပါ။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ထွက်ခွာသွား၍ ပျောက်ကွယ်မသွားမီ အကျွန်ုပ်ရွှင်လန်းခြင်းရှိစေရန် အကျွန်ုပ်ထံမှ အကြည့်လွှဲတော်မူပါ။” |
သူတို့အဖက``သင်တို့သည်ငါ့သားများကို တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးစေတော့ မည်လော။ ယောသပ်လည်းမရှိ။ ရှိမောင်လည်း မရှိ။ ယခုဗင်္ယာမိန်ကိုခေါ်ဆောင်သွားကြ ဦးမည်လော။ ငါ၌အတိဒုက္ခရောက်ရပါ သည်တကား'' ဟုဆိုလေ၏။
ယာကုပ်က``ကျွန်တော်မျိုးသည်လောကတွင် ဧည့်သည်အာဂန္တုအဖြစ်နှစ်ပေါင်းတစ်ရာ့သုံး ဆယ်နေထိုင်ခဲ့ပါပြီ။ သို့ရာတွင်ဘိုးဘေး တို့၏သက်တမ်းကိုမမီပါ။ ကျွန်တော်မျိုး အသက်ရှင်ခဲ့သောနှစ်များမှာတို၍ကြမ်း တမ်းလှပါ၏'' ဟုလျှောက်လေ၏။-
သူသည်သူ၏ဘဝတစ်လျှောက်လုံးတွင် ထာဝရ ဘုရားနှင့်မိတ်သဟာယဖွဲ့၍ သက်ရှင်နေထိုင် ပြီးနောက် ထာဝရဘုရားကသူ့အားသိမ်းယူ တော်မူသဖြင့်ကွယ်ပျောက်သွားလေ၏။
``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော် ၏အမှုတော်ကိုသစ္စာနှင့်ဆောင်ရွက်လျက် ကိုယ် တော်ပြုစေလိုသည်အတိုင်းပြုသည်ကိုသတိ ရတော်မူပါ'' ဟုပတ္ထနာပြုပြီးလျှင်အလွန် ငိုကြွေးလေ၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့သည် ဘိုးဘေးများနည်းတူပြည်နှင်ဒဏ်ခံရ ကြသူများနှင့်သူစိမ်းတစ်ရံဆံများကဲ့ သို့ဤဘဝတွင်ကျင်လည်ရကြကြောင်း ကိုယ်တော်ရှင်သိတော်မူပါ၏။ ကျွန်တော် မျိုးတို့၏နေ့ရက်များသည်ရှည်လျား လျက်နေသောအရိပ်ကဲ့သို့ဖြစ်၍ ကျွန် တော်မျိုးတို့သည်သေဘေးနှင့်မလွတ် နိုင်ကြပါ။-
အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု မျက်နှာ လွှဲတော်မူမည်နည်း။ ငါသည်ကိုယ်တံထွေးကို မျိုရသည် တိုင်အောင်၊ အဘယ်ကာလမှ တတ်တိုင်းရှိစေတော် မူမည်နည်း။
ကွန်တော်မျိုးသည်ဤကမ္ဘာမြေပေ"တွင် ခေတ္တခဏမှသာနေရပါ၏။ ကိုယ်တော်ရှင်၏ပညတ်တော်တို့ကို ကွန်တော်မျိုးထံမှဝှက်ထားတော်မမူပါ နှင့်။
ထိုအခါထာဝရဘုရား၏အမျက်တော် ကြောင့် ကမ္ဘာပေါ်တွင်သိမ့်သိမ့်တုန်အောင် မြေငလျင်လှုပ်လေ၏။ တောင်တို့သည်လည်းအောက်ခြေမှတုန်လှုပ် ကြကုန်၏။
မြေကိုသင်တို့မပိုင်။ ဘုရားသခင်သာပိုင် သဖြင့် ယင်းကိုအပြီးအပိုင်မရောင်းရ။ သင် တို့သည်ဧည့်သည်အာဂန္တုအဖြစ်နှင့်သာ ထို ပြည်သို့ဝင်ရောက်အခြေစိုက်နေထိုင်သူ များဖြစ်ကြမည်။