လက်တော်ကိုသိမ်းတော်မူပါ။ ကြောက်မက်ဘွယ်သော အခြင်းအရာတော်အားဖြင့် အကျွန်ုပ်ကို ချောက် တော်မမူပါနှင့်။
ဆာလံ 39:10 - Common Language Bible ထပ်မံ၍ကျွန်တော်မျိုးအား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။ ကိုယ်တော်ရှင်ပေးတော်မူသည့် ဒဏ်ရာဒဏ်ချက်များကြောင့်ကျွန်တော်မျိုး သည် သေလုပါပြီ။ Garrad Bible ဒဏ် ချက် ကို လွှဲ ဖယ် တော် မူ ပါ။ လက် တော် ဒဏ် ချက် ကြောင့်၊ အား ကုန် ခန်း လျက် ရှိ ပါ ပြီ။ Judson Bible အကျွန်ုပ်ကို ဒဏ်ခတ်တော်မမူပါနှင့်ဦး။ လက်တော်အောက်၌ ဆုံးမခြင်းကိုခံရ၍ အားကုန်ပါပြီ။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏ဒဏ်ခတ်ခြင်းကို အကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ။ လက်တော်၏ရိုက်နှက်မှုကြောင့် အကျွန်ုပ်သည် အားအင်ကုန်ခန်းပါပြီ။ |
လက်တော်ကိုသိမ်းတော်မူပါ။ ကြောက်မက်ဘွယ်သော အခြင်းအရာတော်အားဖြင့် အကျွန်ုပ်ကို ချောက် တော်မမူပါနှင့်။
ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘ သည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။
သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှါ၊ ငါကိုအပြစ်ရှိသည်ဟု စီရင်မည်လော။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားနေ့ရောညပါ အပြစ်ဒဏ်ပေးတော်မူပါ၏။ နွေရာသီအပူရှိန်ကြောင့်အစိုဋ္ဌာတ်သည် ခန်းခြောက်သွားသကဲ့သို့ ကျွန်တော်မျိုး၏အားအင်သည်လည်း လုံးဝခန်းသွားပါ၏။
ငါတို့ဒုက္ခရောက်ချိန်၌သည်းခံလျက် တိတ်ဆိတ်စွာတစ်ကိုယ်တည်းထိုင်နေရကြမည်။
ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။
အနာစိမ်း၏ပုံစံ၊ သင်တို့ပြည်ကိုဖျက်ဆီး လျက်နေသည့်ကြွက်၏ပုံစံတို့ကိုပြုလုပ်၍ ဣသရေလအမျိုးသားတို့ဘုရားကိုဂုဏ် ပြုချီးမြှင့်ရမည်။ ကိုယ်တော်သည်သင်တို့ နှင့်သင်တို့၏ဘုရားများကိုလည်းကောင်း၊ သင်တို့၏ပြည်ကိုလည်းကောင်းဒဏ်မ ခတ်တော့ဘဲနေကောင်းနေတော်မူလိမ့်မည်။-