ကျွန်တော်မျိုး၏ဘုရား အို ကျွန်တော်မျိုး၏ ဘုရား၊ အဘယ်ကြောင့်ကျွန်တော်မျိုးအား စွန့်ပစ်တော်မူပါသနည်း။ ကယ်မတော်မူရန်ကျွန်တော်မျိုးသည်ဟစ် အော်ပါ၏။ သို့ရာတွင်ယခုတိုင်အောင်ကယ်မတော်မမူပါ။
ဆာလံ 38:21 - Common Language Bible အို ထာဝရဘုရား၊ ကျွန်တော်မျိုးကိုစွန့်ပစ်တော်မမူပါနှင့်။ ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးနှင့် ဝေးဝေးနေတော်မမူပါနှင့်။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို စွန့် ထား တော် မ မူ ပါ နှင့်။ အို အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ အ ကျွန်ုပ် နှင့် ဝေး ကွာ စွာ နေ တော် မ မူ ပါ နှင့်။ Judson Bible အိုထာဝရဘုရား၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။ အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ |
ကျွန်တော်မျိုး၏ဘုရား အို ကျွန်တော်မျိုး၏ ဘုရား၊ အဘယ်ကြောင့်ကျွန်တော်မျိုးအား စွန့်ပစ်တော်မူပါသနည်း။ ကယ်မတော်မူရန်ကျွန်တော်မျိုးသည်ဟစ် အော်ပါ၏။ သို့ရာတွင်ယခုတိုင်အောင်ကယ်မတော်မမူပါ။
ကျွန်တော်မျိုးနှင့်ဝေးဝေးနေတော်မမူပါနှင့်။ ကျွန်တော်မျိုးဒုက္ခရောက်ပါတော့မည်။ ကူမမည့်သူလည်းတစ်ယောက်မျှမရှိပါ။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးနှင့်ဝေးဝေးနေတော်မမူပါနှင့်။ လျင်မြန်စွာကြွလာ၍ကယ်တော်မူပါ။
ကိုယ်တော်သည်ဆင်းရဲသူတို့အားပစ်ထား တော်မမူပါ။ သူတို့၏ဆင်းရဲဒုက္ခများကိုလည်း လျစ်လူရှုတော်မမူပါ။ ကိုယ်တော်သည်သူတို့ကိုမျက်နှာတော်လွှဲ တော်မမူပါ။ ကူမတော်မူရန်သူတို့အော်ဟစ် တောင်းလျှောက်သည်ကိုနားညောင်းတော်မူပါ၏။