သင်၏အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည်။
ဆာလံ 37:6 - Common Language Bible သင်၏ဖြောင့်မတ်ခြင်းကိုမွန်းတည့်ရောင်ခြည် ကဲ့သို့ ထွန်းလင်းတောက်ပစေတော်မူလိမ့်မည်။ Garrad Bible သင်၏ ဖြောင့် မတ် ခြင်း ကို အ လင်း ရောင် ကဲ့ သို့လည်း ကောင်း၊ တ ရား သ ဖြင့် စောင့် ခြင်း ကို မွန်း တည့် ရောင် ခြည် ကဲ့ သို့လည်း ကောင်း၊ ထင် ပေါ် စေ တော် မူ လိမ့် မည်။ Judson Bible သင်၏ ဖြောင့်မတ်ခြင်းအကြောင်းကို အလင်းကဲ့သို့လည်းကောင်း၊ တရားသဖြင့်ပြုခြင်းအရာကို မွန်းတည့်ရောင်ခြည် ကဲ့သို့လည်းကောင်း၊ ဖော်ပြတော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် သင်၏ဖြောင့်မတ်ခြင်းကို အလင်းကဲ့သို့လည်းကောင်း၊ သင်၏တရားမျှတခြင်းကို မွန်းတည့်နေကဲ့သို့လည်းကောင်း ထွန်းလင်းစေတော်မူလိမ့်မည်။ |
သင်၏အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည်။
လူတို့၏လျှို့ဝှက်ကြံစည်မှုမှ ကင်းလွတ်စေအံ့သောငှာအထံတော်၌ ခိုလှုံကြသူတို့ကိုကိုယ်တော်ရှင်သည် အထံတော်တွင်လုံခြုံစွာဝှက်၍ထားတော်မူ ပါ၏။ ရန်သူများ၏စော်ကားမှုများမှကင်းလွတ်စေရန် သူတို့ကိုလုံခြုံရာအရပ်တွင်ဝှက်၍ ထားတော်မူပါ၏။
သို့ရာတွင်အဘယ်လက်နက်မျှသင့်အားအနာတရ ဖြစ်စေနိုင်လိမ့်မည်မဟုတ်။ သင်သည်မိမိအားပြစ်တင်စွပ်စွဲသူမှန်သမျှကို ပြန်လည်ချေပနိုင်လိမ့်မည်။ ငါသည်မိမိ၏အစေခံများကာကွယ်စောင့်ရှောက်ရန် အောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟတော်မူသော စကားပင်ဖြစ်သတည်း။
ဆာငတ်မွတ်သိပ်သူတို့အားအစားအစာ ကျွေးမွေးလျက် ချို့တဲ့သူတို့၏လိုအင်ဆန္ဒ ကိုဖြည့်ကြမည်ဆိုပါမူ သင်၏အလင်းသည် သင်၏ပတ်ဝန်းကျင်ရှိမှောင်မိုက်ကိုလင်းလိမ့် မည်။ သင်၏ညသည်မွန်းတည့်အလင်းရောင် အဖြစ်သို့ပြောင်းလဲ၍သွားလိမ့်မည်။-
``သင်တို့သည်ဤအတိုင်းပြုကျင့်ကြပါမူ ငါ၏ကျေးဇူးတော်အလင်းသည်တက်သစ်စ နေရောင်ခြည်သဖွယ် သင်တို့အပေါ်သို့သက် ရောက်၍သင်တို့အနာရောဂါများသည်လည်း လျင်မြန်စွာပျောက်ကင်းသွားလိမ့်မည်။ ဖြောင့် မတ်သောအရှင်သည်သင်တို့နှင့်ထာဝစဉ် အတူရှိနေမည်။ အဘက်ဘက်မှနေ၍ငါ ၏ဘုန်းတော်သည် သင်တို့အားကာကွယ် စောင့်ရှောက်မည်။-
``ငါ၏လူစုတော်က`ငါတို့ဖြောင့်မှန်ကြောင်း ကို ထာဝရဘုရားပြတော်မူလေပြီ။ ငါ တို့သည်ဇိအုန်မြို့သူမြို့သားတို့ထံသို့ သွား၍ ငါတို့၏ဘုရားသခင်ထာဝရ ဘုရားပြုတော်မူသောအမှုတော်ကို ပြောကြားကြကုန်အံ့' ဟုကြွေးကြော်၏'' ဟုမိန့်တော်မူ၏။
တစ်ဖန်တုံငါ၏လူစုသည်သူတော်ကောင်း နှင့် သူယုတ်မာတို့တွေ့ကြုံခံစားရမှုမတူ ပုံကိုလည်းကောင်း၊ ငါ့အားဝတ်ပြုကိုးကွယ် သူနှင့်ဝတ်မပြုမကိုးကွယ်သူတို့ တွေ့ကြုံ ခံစားရမှုမတူပုံကိုလည်းကောင်းသိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုအခါသူတော်ကောင်းတို့သည်အဖဘုရား၏ နိုင်ငံတော်တွင်နေကဲ့သို့ထွန်းလင်းတောက်ပလျက် နေကြလတ္တံ့။ ကြားတတ်သောနားရှိသူကြားကြ ကုန်လော့။
သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။