ဆာလံ 29:3 - Common Language Bible ထာဝရဘုရား၏အသံတော်သည် ပင်လယ်များပေါ်တွင်ထွက်ပေါ်လာ၏။ ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူသော ထာဝရဘုရားသည်မိုးချုန်းတော်မူ၏။ အသံတော်သည်သမုဒ္ဒရာပေါ်တွင်ပဲ့တင်ထပ် လေ၏။ Garrad Bible မိုး သား ပေါ် မှာ ထာ ဝ ရ ဘု ရား၏ အ သံ တော် ရှိ လျက်၊ ဘုန်း ကြီး တော် မူ သော ဘု ရား သ ခင် သည်၊ မိုး ချုန်း သံ ပြု တော် မူ၏။ မိုး သား များ ပေါ် တွင် ထာ ဝ ရ ဘု ရား စံ တော် မူ ၏။ Judson Bible ထာဝရဘုရား၏အသံတော်သည် သမုဒ္ဒရာပေါ်မှာ ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် မိုးချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်မှာ ရှိတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏အသံတော်သည် ရေပေါ်၌ရှိတော်မူ၏။ ဘုန်းကြီးသောဘုရားသည် ထစ်ချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်၌ရှိတော်မူ၏။ |
သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။
မိုးမျက်နှာကျက်ရှိရေပြင်အထက်တွင်အိမ်တော်ကို တည်တော်မူပါ၏။ ကိုယ်တော်ရှင်သည်မိုးတိမ်တို့ကိုရထားသဖွယ်၊ လေကိုအတောင်များသဖွယ်စီးတော်မူ၏။
တတိယနေ့တွင်တောင်ပေါ်၌မိုးချုန်း၍ လျှပ်စီးလက်ပြီးလျှင်ထူထပ်သောမိုးတိမ် ကျရောက်လေသည်။ အလွန်ကျယ်လောင်သော တံပိုးမှုတ်သံလည်းထွက်ပေါ်လာ၏။ ထို အခါစခန်းထဲရှိလူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။-
ငါတို့သည်မိုးသီးနှင့်မိုးကြိုးဒဏ်ကိုမခံ နိုင်တော့ပြီဖြစ်၍ ထာဝရဘုရားထံဆု တောင်းပေးပါလော့။ ငါသည်သင်တို့အား ချက်ခြင်းသွားခွင့်ပေးပါမည်'' ဟုဆိုလေ၏။
မောရှေသည်ဘုရင်ထံမှထွက်၍ မြို့ပြင်သို့ သွားပြီးလျှင်လက်များကိုမြှောက်၍ ထာဝရ ဘုရားထံဆုတောင်းသဖြင့်မိုးကြိုးသံနှင့် မိုးသီးများစဲလေ၏။ မိုးလည်းရပ်စဲသွား၏။-
ထိုနေရာတွင်ရပ်လျက်နေကြသောလူပရိသတ် သည်ထိုအသံကိုကြား၍အချို့က ``မိုးချုန်း သည်'' ဟုဆိုကြ၏။ အချို့ကမူ ``ကိုယ်တော်အား ကောင်းကင်တမန်စကားပြောသည်'' ဟုဆိုကြ၏။
သတေဖန်က``ညီအစ်ကိုများနှင့်ဖခင်တို့၊ နားထောင်ကြပါလော့။ ငါတို့အဖအာဗြဟံ သည်ခါရန်မြို့သို့သွား၍မနေထိုင်မီ မေသော ပေါတာမိပြည်တွင်ရှိစဉ် ဘုန်းအသရေနှင့် ပြည့်စုံတော်မူသောဘုရားသခင်အား ဗျာဒိတ်ရူပါရုံတွင်ဖူးမြင်ရလေသည်။-
ထိုအခါကောင်းကင်ဘုံ၌ဘုရားသခင် ၏ဗိမာန်တော်တံခါးသည်ပွင့်၍လာသဖြင့် ဗိမာန်တော်ထဲကပဋိညာဉ်သေတ္တာတော်ကို ငါမြင်ရ၏။ ထိုနောက်လျှပ်စစ်များပြက် ခြင်း၊ မိုးခြိမ်းခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မိုး သီးမုန်တိုင်းကြီးကျခြင်းများဖြစ်လေ သည်။
ထိုနောက်လျှပ်ပန်းလျှပ်နွယ်များ၊ တော်လဲသံများ၊ မိုးကြိုးသံများထွက်ပေါ်လျက်မြေငလျင်ပြင်း စွာလှုပ်လေ၏။ လူ့သမိုင်းတွင်ဤမျှပြင်းထန်စွာ မြေငလျင်လှုပ်ခြင်းမရှိဘူးချေ။-
ထိုနောက်လူပရိသတ်ကြီး၏အသံကဲ့သို့လည်း ကောင်း၊ အဟုန်ဖြင့်စီးသောရေသံနှင့်မိုးချုန်းသံ ကဲ့သို့လည်းကောင်းထွက်ပေါ်လာသောအသံ ကိုငါကြားရ၏။ ထိုအသံကြီးက``ဘုရား သခင်၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူသောထာဝရအရှင် ငါတို့၏ဘုရားသခင်သည်စိုးစံတော်မူလေပြီ။-
ပလ္လင်တော်ထဲမှလျှပ်စစ်ပြက်သည့်အရောင်များ၊ မိုးချုန်းသံများ၊ မိုးကြိုးသံများထွက်ပေါ်လာ၏။ ပလ္လင်တော်၏ရှေ့တွင်ဘုရားသခင်၏ဝိညာဉ်ခုနစ် ပါးတည်းဟူသောမီးတိုင်သည်ထွန်းလင်းလျက် ရှိ၏။-
ထိုနောက်ကောင်းကင်တမန်သည်လင်ပန်းကို ယူပြီးလျှင် ယဇ်ပလ္လင်ကမီးကိုထည့်၍ကမ္ဘာ မြေပေါ်သို့ပစ်ချလိုက်၏။ ထိုအခါမိုးကြိုး ထစ်ချုန်းခြင်း၊ အသံမြည်ခြင်း၊ လျှပ်ပြက် ခြင်း၊ မြေငလျင်လှုပ်ခြင်းတို့ဖြစ်ပေါ်လာ လေသည်။
ရှမွေလသည်ယဇ်ပူဇော်လျက်နေစဉ်ဖိလိတ္တိ အမျိုးသားတို့သည် ဣသရေလအမျိုးသား တို့အားတိုက်ခိုက်ရန်ချီတက်လာကြ၏။ သို့ ရာတွင်ထိုအချိန်၌ပင်လျှင်ထာဝရဘုရား သည် သူတို့အပေါ်မှာပြင်းစွာမိုးချုန်းစေ တော်မူသဖြင့် သူတို့သည်ကစဥ့်ကရဲဖြစ် လျက်ထွက်ပြေးကြကုန်၏။-