ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားငယ် ရွယ်စဉ် အခါမှစ၍သွန်သင်တော်မူခဲ့သည်ဖြစ်ရာ၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော် မူသော အံ့သြဖွယ်ရာအမှုတို့ကိုယနေ့တိုင်အောင် ပြောကြားလျက်ရှိပါ၏။
ဆာလံ 22:9 - Common Language Bible ကျွန်တော်မျိုးအားဘေးဥပဒ်ကင်းရှင်းစွာ အမိဝမ်းမှမွေးဖွားစေတော်မူသောအရှင် ကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။ နို့စို့သူငယ်ဖြစ်စဉ်အခါကလည်း ကျွန်တော်မျိုးအားကိုယ်တော်ရှင်သည် ဘေးမဲ့လုံခြုံစွာထားတော်မူခဲ့ပါ၏။ Garrad Bible ကိုယ် တော် မူ ကား၊ အ ကျွန်ုပ် ကို အ မိ ဝမ်း ထဲ က ထုတ် တော် မူ ၍၊ ရင် ခွင် ၌ သိပ် ထား လျက် ပင် ကိုး စား စေ တော် မူ ပါ ၏။ Judson Bible သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲကဆွဲယူ၍၊ နို့စို့သည်ကာလ၌ စိုးရိမ်ခြင်းအကြောင်းကို ပယ်ရှင်းတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲမှထုတ်ဆောင်၍ အကျွန်ုပ်မိခင်၏ရင်ခွင်၌ အကျွန်ုပ်ကိုဘေးကင်းလုံခြုံစွာနေစေတော်မူ၏။ |
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားငယ် ရွယ်စဉ် အခါမှစ၍သွန်သင်တော်မူခဲ့သည်ဖြစ်ရာ၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော် မူသော အံ့သြဖွယ်ရာအမှုတို့ကိုယနေ့တိုင်အောင် ပြောကြားလျက်ရှိပါ၏။
ကျွန်တော်မျိုးသည်တစ်သက်လုံးကိုယ်တော်ရှင် ကို မှီခိုခဲ့ပါ၏။ ကျွန်တော်မျိုးမွေးဖွားချိန်မှစ၍ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကာကွယ်စောင့်ရှောက်တော်မူခဲ့ပါပြီ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုအစဉ် မပြတ် ထောမနာပြုပါမည်။
ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။