ငါသည်သင့်အားငါ့တိုင်းပြည်ကိုအုပ်ချုပ် စေမည်။ ငါ၏ပြည်သားအားလုံးတို့သည် သင်၏အမိန့်ကိုနာခံရမည်။ ထီးနန်းအရိုက် အရာအားဖြင့်သာလျှင်သင့်ထက်ငါကြီး မြတ်မည်။-
ဆာလံ 2:12 - Common Language Bible တုန်လှုပ်လျက်ရှေ့တော်တွင်ဦးညွှတ်ပျပ်ဝပ်ကြလော့။ ယင်းသို့မပြုပါမူကိုယ်တော်သည် အမျက်တော်ထွက်တော်မူသဖြင့် သင်တို့သည်မုချသေကြေပျက်စီးကြလိမ့်မည်။ ကိုယ်တော်ထံတော်သို့ချဉ်းကပ်ခိုလှုံသူ အပေါင်းတို့သည်မင်္ဂလာရှိကြ၏။ Garrad Bible အ မျက် တော် ထား သ ဖြင့်၊ လမ်း ခု လတ်၌ မ ပျက် စီး ရ ခြင်း ငှာ၊ သား တော် ကို ရို သေ ကျိုး နွံ ကြ လော့။ မ ကြာ မီ ပင် အ မျက် တော် ထား လိမ့် မည်။ ကိုယ် တော်၌ ခို လှုံ သ မျှ သော သူ တို့ ကား မင်္ဂ လာ ရှိ ကြ ၏။ Judson Bible သားတော်ကို နမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍၊ သင်တို့သည် လမ်း၌ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက်တော်သည် ချက်ချင်းထွက်လိမ့်မည်။ သားတော်ကို ကိုးစားသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သားတော်ကိုနမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်သဖြင့် သင်တို့သည် လမ်း၌ပျက်စီးကြရလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်၏အမျက်တော်မီးသည် တစ်ခဏချင်းတွင်တောက်လောင်လိမ့်မည်။ ကိုယ်တော်ကိုခိုလှုံသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။ |
ငါသည်သင့်အားငါ့တိုင်းပြည်ကိုအုပ်ချုပ် စေမည်။ ငါ၏ပြည်သားအားလုံးတို့သည် သင်၏အမိန့်ကိုနာခံရမည်။ ထီးနန်းအရိုက် အရာအားဖြင့်သာလျှင်သင့်ထက်ငါကြီး မြတ်မည်။-
သို့ရာတွင်ငါ့အားသစ္စာစောင့်၍ဗာလအားဦး မညွှတ်သူ၊ သူ၏ရုပ်တုကိုမနမ်းရှုပ်သူလူ ပေါင်းခုနစ်ထောင်တို့ကို ဣသရေလပြည်တွင် ကျန်ကြွင်းစေမည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်သူတော်ကောင်းများကိုပို့ဆောင်စောင့်ထိန်းတော်မူလိမ့်မည်။ သူယုတ်မာတို့မူကားဆုံးရှုံးပျက်စီးရကြလိမ့်မည်။
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏အကြောင်းဆိုးရွားသည့် သတင်းကိုလွှင့်သူကျွန်တော်မျိုး၏ရန်သူတို့ အား ဤနည်းအတိုင်းအပြစ်ပေးတော်မူပါ။
ထိုနောက်ကိုယ်တော်သည်အမျက်တော်ထွက် လျက် သူတို့အားသတိပေးတော်မူသဖြင့် သူတို့သည်အမျက်တော်အရှိန်ကြောင့် ကြောက်လန့်တုန်လှုပ်ကြကုန်၏။
မင်းကြီးက``ထာဝရဘုရား၏ဗျာဒိတ်တော်ကို ငါကြေငြာမည်။ ကိုယ်တော်ကငါ့အား`သင်သည်ငါ၏သား ဖြစ်၏။ ယနေ့ပင်လျှင်ငါသည်သင်၏အဖဖြစ်လာ ပြီ။
လူတို့၏လျှို့ဝှက်ကြံစည်မှုမှ ကင်းလွတ်စေအံ့သောငှာအထံတော်၌ ခိုလှုံကြသူတို့ကိုကိုယ်တော်ရှင်သည် အထံတော်တွင်လုံခြုံစွာဝှက်၍ထားတော်မူ ပါ၏။ ရန်သူများ၏စော်ကားမှုများမှကင်းလွတ်စေရန် သူတို့ကိုလုံခြုံရာအရပ်တွင်ဝှက်၍ ထားတော်မူပါ၏။
ထာဝရဘုရားသည်အဘယ်မျှ ကောင်းမြတ်တော်မူသည်ကိုသင်ကိုယ်တိုင် စူးစမ်း၍ကြည့်လော့။ ကိုယ်တော်၏ထံတော်၌လုံခြုံစွာနေခွင့် ရသောသူသည်မင်္ဂလာရှိပါ၏။
ကိုယ်တော်၏လူစုတော်ဝင်အပေါင်းတို့၊ ထာဝရဘုရားအားကြောက်ရွံ့ရိုသေကြ လော့။ ကိုယ်တော်၏စကားကိုနားထောင်သူတို့သည် ချို့တဲ့မှုရှိကြလိမ့်မည်မဟုတ်။
အခြားဘုရားများကိုမဆည်းကပ်၊ မိစ္ဆာဘုရားများကိုရှိမခိုးဘဲထာဝရဘုရားအား ကိုးစားသူသည်မင်္ဂလာရှိ၏။
အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်ကိုကိုးစားသူတို့သည် အလွန်မင်္ဂလာရှိပါသည်တကား။
ပညာနှင့်အမှုစောင့်သောသူသည် အကျိုးကို ရလိမ့်မည်။ ထာဝရဘုရားကို ခိုလှုံသောသူသည်လည်း မင်္ဂလာရှိ၏။
သို့ရာတွင်ထာဝရဘုရားသည်သင်တို့အား ကျေးဇူးပြုတော်မူရန် စောင့်ဆိုင်း၍နေတော်မူ ပါ၏။ ကိုယ်တော်သည်တရားမျှတမှုကို အစဉ်ပြုတော်မူတတ်သည်ဖြစ်၍ သင်တို့ အားကရုဏာပြတော်မူရန်အသင့်ရှိ တော်မူပါ၏။ ထာဝရဘုရားကိုယုံကြည် ကိုးစားကြသူတို့သည်မင်္ဂလာရှိကြ၏။
သူတို့သည်အတတ်ပညာရှင်တို့၏အကူ အညီနှင့်ငွေရုပ်တုများကိုသွန်းလုပ်ခြင်း အားဖြင့်အပြစ်ပြုမြဲပြုကြလျက်ရှိ၏။ ထိုနောက်သူတို့က``ဤရုပ်တုများကိုယဇ် ပူဇော်ကြ'' ဟုဆို၏။ လူသည်ထိုနွားရုပ် တုများကိုနမ်းသင့်ပါသလော။-
သင်တို့သည်ပန်းသဖွယ်ညှိုးနွမ်းခြောက်သွေ့ လျက်ခန္ဓာမရွေ့မီ၊ သင်တို့အပေါ်သို့ ထာဝရဘုရား၏အမျက်တော်မသက် ရောက်မီ၊ ကိုယ်တော်အမျက်ထွက်တော်မူ ရာကာလမကျရောက်မီအမြင်မှန်ရ ကြလော့။-
သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
သားတော်အားတရားစီရင်ပိုင်ခွင့်ရှိသမျှ ကိုပေးအပ်ထားတော်မူ၏။ သို့ဖြစ်၍လူတို့ သည်ခမည်းတော်အားရိုသေကြသည်နည်း တူ သားတော်အားရိုသေရကြမည်။ သားတော် အားမရိုသေသောသူသည်သားတော်ကိုစေ လွှတ်တော်မူသောခမည်းတော်အားမရိုသေ သူဖြစ်၏။
ကျမ်းစာတော်က``မည်သူမဆိုကိုယ်တော်ကို ယုံကြည်လျှင်စိတ်ပျက်ရလိမ့်မည်မဟုတ်'' ဟုဆိုသည်။-
ကျမ်းစာတော်တွင်၊ ``ကြည့်လော့။ လူတို့တိုက်မိ၍လဲစေရန်ကျောက်တစ်လုံးကို ဇိအုန်တောင်ပေါ်မှာငါချထားမည်။ ထိုကျောက်ကိုလူတို့တိုက်မိ၍လဲကြလိမ့်မည်။ သို့ရာတွင်ကိုယ်တော်ကိုယုံကြည်သူသည် အဘယ်အခါ၌မျှစိတ်ပျက်ရလိမ့်မည်မဟုတ်'' ဟုဖော်ပြပါရှိသတည်း။
သို့ဖြစ်၍ခရစ်တော်ကိုဦးစွာပထမမျှော် လင့်ခဲ့ကြသူငါတို့သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကိုချီးကူးကြကုန်စို့။
ကိုယ်တော်အားသေခြင်းမှရှင်ပြန်ထမြောက် စေ၍ ဘုန်းအသရေထွန်းတောက်စေတော်မူ သောဘုရားသခင်ကိုထိုအရှင်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍သင်တို့ သည်ဘုရားသခင်ကိုအမှီပြုလျက်ယုံ ကြည်ခြင်းနှင့်မျှော်လင့်ခြင်းရှိကြ၏။
အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်တွင် ``ငါသည်အဖိုးတန်ကျောက်တစ်လုံးကို ရွေးချယ်၍၊ ဇိအုန်တောင်ပေါ်မှာထောင့်ချုပ်ကျောက်အဖြစ် ချထား၏။ မည်သူမဆိုထိုအရှင်ကိုယုံကြည်လျှင် စိတ်ပျက်ရလိမ့်မည်မဟုတ်'' ဟုဖော်ပြပါရှိသောကြောင့်ဖြစ်၏။
ထိုနောက်ရှမွေလသည်သံလွင်ဆီဘူးကိုယူ ၍ ရှောလု၏ဦးခေါင်းပေါ်သို့သွန်းလောင်းပြီး လျှင် သူ့အားနမ်းရှုပ်လျက်``ထာဝရဘုရား သည်သင့်အား ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့၏ဘုရင်အဖြစ်ဘိသိက် ပေးတော်မူ၏။ သင်သည်ကိုယ်တော်၏လူမျိုး တော်ကိုအုပ်စိုးလျက် ရန်သူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ရမည်။ ထာဝရဘုရား သည်သင့်အားကိုယ်တော်၏လူမျိုးတော်ကို အုပ်စိုးရသူအဖြစ်ဖြင့် ဘိသိက်ပေးတော် မူကြောင်းသက်သေကားဤသို့တည်း။-