ကိုယ်တော်ရှင်သည်သန့်ရှင်းသူတို့၏ကောင်စီတွင် ရိုသေလေးမြတ်ခြင်းကိုခံရပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားလွန်စွာ ကြောက်ရွံ့ရိုသေကြပါ၏။
ဆာလံ 2:11 - Common Language Bible သင်တို့သည်ကြောက်ရွံ့ရိုသေသောစိတ်နှင့် ထာဝရဘုရား၏အမှုတော်ကိုထမ်းရွက်ကြလော့။ Garrad Bible ထာ ဝ ရ ဘု ရား ကို ခန့် ညား လျက် ဝတ် ပြု ကြ လော့။ တုန် လှုပ် လျက် ရွှင် လန်း ကြ လော့။ Judson Bible ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏အမှုတော်ကိုထမ်းရွက်၍၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ကြောက်ရွံ့သောစိတ်ဖြင့် ထာဝရဘုရား၏အမှုတော်ကို ဆောင်ရွက်ကြလော့။ ထိတ်လန့်တုန်လှုပ်လျက် ရွှင်လန်းကြလော့။ |
ကိုယ်တော်ရှင်သည်သန့်ရှင်းသူတို့၏ကောင်စီတွင် ရိုသေလေးမြတ်ခြင်းကိုခံရပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားလွန်စွာ ကြောက်ရွံ့ရိုသေကြပါ၏။
ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ အချင်းကမ္ဘာမြေကြီး၊ရွှင်လန်းဝမ်းမြောက်လော့။ ပင်လယ်များတွင်ရှိသည့်ကျွန်းအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။
ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ လူတို့သည်ကြောက်လန့်တုန်လှုပ်ကြကုန်၏။ ကိုယ်တော်သည်ခေရုဗိမ်တို့အထက်စံတော် မူ၏။ ကမ္ဘာမြေကြီးသည်တုန်လှုပ်လေ၏။
သို့ဖြစ်၍ချစ်ဆွေတို့၊ သင်တို့နှင့်ငါရှိစဉ်အခါ ကသင်တို့သည်ငါ့စကားကိုအစဉ်နားထောင်ခဲ့ ကြသည်နည်းတူ ယခုလည်းငါနှင့်ဝေးကွာလျက် နေချိန်၌ငါ့စကားကိုနားထောင်ရန်ပို၍ ပင်အရေးကြီးပေသည်။ ဘုရားသခင်၏အကြံ တော်အတိုင်းလိုက်လျှောက်လိုသောစိတ်နှင့်လိုက် လျှောက်နိုင်သောစွမ်းအားကို သင်တို့အထဲ၌ အစဉ်ပြုပြင်လျက်ရှိသည်ဖြစ်၍သင်တို့သည် ကယ်တင်ခြင်းခံရစိမ့်သောငှာ ကြောက်ရွံ့ တုန်လှုပ်သောစိတ်နှင့်လုပ်ဆောင်လျက်နေ ကြလော့။
ထိုကြောင့်သင်တို့သည်မိန့်တော်မူသံကို ကြားနာရန်ငြင်းဆန်သူများမဖြစ်စေရန် သတိပြုကြလော့။ ဗျာဒိတ်တော်ကိုဆင့် ဆိုသောသူကိုကမ္ဘာမြေကြီးပေါ်တွင်နား ထောင်ရန်ငြင်းဆန်သူတို့သည်အပြစ်ဒဏ် ခံကြရလျှင် ငါတို့သည်ကောင်းကင်ဘုံမှ မိန့်တော်မူသောအရှင်အားကျောခိုင်းကြ မည်ဆိုပါမူအဘယ်သို့လျှင်အပြစ် ဒဏ်မှလွတ်မြောက်နိုင်ပါမည်နည်း။-