ဆာလံ 19:10 - Common Language Bible ယင်းတို့သည်ရွှေထက်မက၊အကောင်းဆုံး ရွှေထက် ပိုမိုနှစ်သက်ဖွယ်ဖြစ်၏။ ယင်းတို့သည်ပျားရည်ထက်မက၊အစစ်ဆုံး ပျားရည်ထက်ပို၍ချိုကြ၏။ Garrad Bible ရွှေ ထက် လည်း ကောင်း၊ ရွှေ စင် အ များ ထက် လည်း ကောင်း၊ နှစ် သက် ဖွယ် ဖြစ် လျက်၊ ပျား ရည် နှင့် ပျား လ ပို့ များ ထက် ချို မြိန် ၏။ Judson Bible ရွှေထက်မက၊ များစွာသောရွှေစင်ထက် နှစ်သက်ဖွယ်ဖြစ်၍၊ ပျားရည်ထက်မက၊ ပျားလပို့ထက်ချိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ၎င်းတို့သည် ရွှေထက်မက များစွာသောရွှေစင်ထက်ပင် နှစ်လိုဖွယ်ဖြစ်ပြီး ပျားရည်ထက်မက ပျားလပို့မှပျားရည်ထက်ပင် ချိုမြိန်၏။ |
ဆုံးမသွန်သင်တော်မူခက်တို့သည်ကွန်တော်မျိုး၏ ခံတွင်း၌လွန်စွာချိုပါ၏။ ပားရည်ထက်ပင်ချိုပါ၏။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ပညတ်တော်တို့ကိုရေ"ထက်မကရေ"စင်ထက် ပို၍နှစ်သက်မြတ်နိုးပါ၏။
ကိုယ်တော်ရှင်ပေးတော်မူသောတရားတော်သည် ကွန်တော်မျိုးအတွက်လောကရေ"ငွေ ရှိသမှထက်ပို၍အဖိုးထိုက်ပါ၏။
ကျွန်တော်မျိုး၏ဝိညာဉ်သည်ချိုမြိန်သည့်အစာကို စားသုံးရသူကဲ့သို့ကျေနပ်ရောင့်ရဲလျက်နေ ပါမည်။ ကိုယ်တော်ရှင်အားဝမ်းမြောက်စွာထောမနာ သီချင်းဆိုပါမည်။
ရွှေကိုရတတ်ခြင်းထက် ပညာကို ရတတ်ခြင်း သည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဥာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။
ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင် ထက်သာ၍မြတ်၏။ ငါကြောင့်ရသောအခွန်ဘဏ္ဍာသည် ငွေတော်ထက်သာ၍ မြတ်၏။
ငါသည်ကောင်းကင်တမန်၏လက်မှစာစောင် ငယ်ကိုယူ၍စား၏။ ထိုစာစောင်သည်ငါ၏ ခံတွင်း၌ပျားရည်ကဲ့သို့ချို၏။ ဝမ်းတွင်း သို့ရောက်သောအခါ၌မူခါးလေသည်။-