ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ထံမှရန်သူ များကို ထွက်ပြေးစေတော်မူပါ၏။ ကျွန်တော်မျိုးသည်လည်းမိမိကိုမုန်းသူတို့အား ချေမှုန်းသုတ်သင်ပစ်ပါ၏။
မုန်း ထား သူ တို့ အား၊ အ ကျွန်ုပ် ခုတ် ဖြတ် နိုင် စေ ရန်၊ ရန် သူ တို့ ကို နောက် လှည့် စေ တော် မူ ပါ ၏။
အကျွန်ုပ်ကို မုန်းသောရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌အပ်၍၊ ဖျက်ဆီးရသောအခွင့်ကို ပေးတော်မူ၏။
အကျွန်ုပ်ရှေ့တွင် အကျွန်ုပ်၏ရန်သူတို့ကို လည်စင်းခံရစေသဖြင့် အကျွန်ုပ်ကိုမုန်းသောသူတို့အား အကျွန်ုပ်ဖယ်ရှားသုတ်သင်နိုင်ခဲ့ပါ၏။
အာဒါလဆယ့်သုံးရက်နေ့ကျရောက်လာ၏။ ထိုနေ့ရက်သည်ဘုရင့်ကြေညာချက်စတင် အတည်ဖြစ်သည့်နေ့၊ မိမိတို့လက်တွင်းသို့ ယုဒအမျိုးသားများရောက်ရှိလာရန်အ တွက်ရန်သူတို့စောင့်မျှော်နေသောနေ့ဖြစ်၏။ သို့ရာတွင်သူတို့မျှော်လင့်သည့်အတိုင်း မဖြစ်ဘဲယုဒအမျိုးသားတို့ကသူ တို့အားအနိုင်ရကြလေသည်။-
မင်းကြီးသည်လေးနှင့်ခွင်းတော်မူလျက် သူတို့အား တပ်ခေါက်၍ထွက်ပြေးစေတော်မူလိမ့်မည်။
ကိုယ်တော်သည်ထိုသူတို့၏ယုတ်မာမှုများ အတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။ သူတို့၏အပြစ်များအတွက်သူတို့အား သုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားသုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။