ဤဘုရားကားငါခိုလှုံရာခိုင်ခံ့သည့် ရဲတိုက်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါလိုက်လျှောက်ရာ ခရီးလမ်းကိုဘေးမဲ့လုံခြုံစေတော်မူ၏။
ဆာလံ 18:32 - Common Language Bible ကိုယ်တော်သည်ငါ့ကိုသန်စွမ်းစေတော်မူသော ဘုရား၊ ငါလိုက်လျှောက်ရာခရီးလမ်းကိုဘေးမဲ့လုံခြုံ စေတော်မူသောဘုရားဖြစ်တော်မူ၏။ Garrad Bible ထို ဘု ရား သ ခင် သည်၊ ငါ၌ ခွန် အား ကို စည်း ပေး လျက်၊ ငါ့ လမ်း ကို စုံ လင် စေ တော် မူ၏။ Judson Bible ထိုဘုရားသခင်သည် ငါ့ကိုခွန်အားခါးပန်းနှင့် စည်း၍ ငါသွားရာလမ်းကို ဖြောင့်စေတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ငါ့ကို ခွန်အားနှင့်ပတ်စည်းသောဘုရားဖြစ်၍ ငါ၏လမ်းကို ချောမွေ့စေတော်မူ၏။ |
ဤဘုရားကားငါခိုလှုံရာခိုင်ခံ့သည့် ရဲတိုက်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါလိုက်လျှောက်ရာ ခရီးလမ်းကိုဘေးမဲ့လုံခြုံစေတော်မူ၏။
ထာဝရဘုရားသည်ငါ့ကိုကွယ်ကာ စောင့်ရှောက်တော်မူ၏။ ငါသည်ကိုယ်တော်အားကိုးစား၏။ ကိုယ်တော်သည်ငါ့အားကူမတော်မူသဖြင့် ငါသည်ဝမ်းမြောက်လျက်ကိုယ်တော်အား ထောမနာသီချင်းများကိုဆို၏။
``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကွယ်ကာရာ၊ ကျွန်တော်မျိုးခိုလှုံရာရဲတိုက်ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူ၍ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်ကိုကိုးစားပါ၏'' ဟူ၍ ထာဝရဘုရားအားလျှောက်ထားနိုင်လိမ့်မည်။
ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ဘုန်းအသရေတော်ကို ဝတ်ဆင်တော်မူ၍ တန်ခိုးအာနုဘော်တော်ကိုခါးပန်းစည်းတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍ယင်းကိုလှုပ်ရှား၍ မရနိုင်ရာ။
အို ငါ၏လူမျိုးတော်၊ မကြောက်ကြနှင့်၊ ငါသည်ရှေးပဝေသဏီကာလမှစ၍ ယခုတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာမှန် သမျှကို ကြိုတင်ကြေညာခဲ့သည်ကိုသင်တို့သိကြ၏။ သင်တို့သည်ငါ၏အသိသက်သေများဖြစ် ကြပါသည်တကား။ ငါမှတစ်ပါးအခြားအဘယ်ဘုရားရှိပါ သနည်း။ အဘယ်အခါ၌မျှငါမကြားဘူးသည့် တန်ခိုးတော်ရှင်ဘုရားသခင်ရှိပါသလော။
``ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားအဘယ်ဘုရားမျှမရှိ။ သင်သည်ငါ့ကိုမသိသော်လည်းငါသည် သင်လိုအပ်သောခွန်အားစွမ်းရည်ကိုပေးမည်။
မိမိတို့သည်ဤအမှုကိုထမ်းဆောင်နိုင်သည် ဟုပြောဆိုနိုင်ရန် ငါတို့တွင်အဘယ်စွမ်း ရည်သတ္တိမျှမရှိ။ ငါ၌ရှိသည့်စွမ်းရည် မှာဘုရားသခင်ထံတော်မှရရှိ၏။-
ဖိလိတ္တိအမျိုးသားတို့နှင့်တစ်ဖန်စစ်ဖြစ် ပြန်၏။ ဒါဝိဒ်သည်သူတို့အားပြင်းထန်စွာ တိုက်ခိုက်နှိမ်နင်းလိုက်သဖြင့် သူတို့သည် ထွက်ပြေးကြကုန်၏။