လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့်မိုဃ်းချုန်းတော်မူ၏။ အသံ တော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်း တော်မမူ။
ဆာလံ 18:14 - Common Language Bible ကိုယ်တော်သည်မြားတော်တို့ကိုပစ်လွှတ်တော် မူလျက် ရန်သူများကိုကွဲလွင့်စေတော်မူ၏။ လျှပ်စစ်ပြက်စေတော်မူလျက်သူတို့အား ထွက်ပြေးစေတော်မူ၏။ Garrad Bible မြှား တော် များ ကို ပစ်၍၊ ရန် သူ တို့ ကို ကွဲ လွင့် စေ တော် မူ၏။ လျှပ် စစ် အ ထပ် ထပ် ပြက် စေ သ ဖြင့်၊ ရှုံး နိမ့် စေ တော် မူ ၏။ Judson Bible လေးမြားတော်တို့ကိုပစ်၍ လျှပ်စစ်ပြက်စေသဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ၍ ရှုံးစေတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း မြားတို့ကို ပစ်လွှတ်၍ ရန်သူတို့ကို ကွဲလွင့်စေတော်မူ၏။ လျှပ်စီးလက်စေ၍ သူတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။ |
လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့်မိုဃ်းချုန်းတော်မူ၏။ အသံ တော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်း တော်မမူ။
အံ့ဩဘွယ်သော အခြင်းအရာပါလျက်၊ ဘုရားသခင်သည် အသံတော်နှင့်မိုဃ်းချုန်းတော်မူ၏။ ကြီး သောအမှု ငါတို့နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ၏။
လျှပ်စစ်တို့ကို လွှတ်နိုင်သလော။ သူတို့က ကျွန်တော်တို့ရှိပါ၏ဟု သင့်ကိုလျှောက်လျက် သွားကြ လိမ့်မည်လော။
အနန္တတန်ခိုးရှင်ပစ်တော်မူသော မြှားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကိုမွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဘွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။
လျှပ်စစ်ပြက်တော်မူ၍ကိုယ်တော်၏ရန်သူ တို့ကို ကစဥ့်ကရဲဖြစ်စေတော်မူပါ။ ကိုယ်တော်ရှင်၏လေးတော်တို့ကိုပစ်တော်မူ၍ သူတို့အားထွက်ပြေးစေတော်မူပါ။
မင်းကြီးသည်လေးနှင့်ခွင်းတော်မူလျက် သူတို့အား တပ်ခေါက်၍ထွက်ပြေးစေတော်မူလိမ့်မည်။
ထာဝရဘုရား၏အသံတော်သည် ပင်လယ်များပေါ်တွင်ထွက်ပေါ်လာ၏။ ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူသော ထာဝရဘုရားသည်မိုးချုန်းတော်မူ၏။ အသံတော်သည်သမုဒ္ဒရာပေါ်တွင်ပဲ့တင်ထပ် လေ၏။
မိုးတိမ်တို့သည်မိုးကိုရွာသွန်းပေးပါ၏။ ကောင်းကင်ပြင်တွင်မိုးကြိုးပစ်လျက် အရပ်လေးမျက်နှာတွင်လျှပ်စစ်များလက်ပါ၏။
ကိုယ်တော်ရှင်၏မိုးကြိုးသံသည်မြည်ဟည်း ထွက်ပေါ်လာလျက် လျှပ်ပန်းလျှပ်နွယ်တို့သည်လည်းကမ္ဘာ တစ်ဝန်းလုံးကိုလင်းစေပါ၏။ မြေကြီးသည်ထိတ်လန့်တုန်လှုပ်ပါ၏။
ထာဝရဘုရားသည်လူအပေါင်းတို့အား အာနုဘော်တော်နှင့်ပြည့်ဝသည့်အသံတော် ကိုကြားစေတော်မူ၍ မိမိ၏အမျက်တော် အရှိန်ကိုခံစားစေတော်မူလိမ့်မည်။ မီး တောက်မီးလျှံများ၊ မိုးထစ်ချုန်းမှု၊ မိုးသီး များကျမှုနှင့်သည်းထန်စွာမိုးရွာသွန်း မှုကိုဖြစ်ပွားစေတော်မူလိမ့်မည်။-
ထာဝရဘုရားသည်မိမိတပ်မတော်ကို မိုးကြိုးသံနှင့် တူသည့်အသံဖြင့်အမိန့်ပေးတော်မူ၏။ ကိုယ်တော်၏အမိန့်တော်ကိုနာယူကြသူ စစ်သည်တပ်သားများသည်၊ အရေအတွက်အားဖြင့်များ၏။ တန်ခိုး ကြီးကြ၏။ ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ရက်ကာလသည် အဘယ်မျှကြောက်မက်ဖွယ်ကောင်းပါသနည်း။ ထိုနေ့ရက်ကာလကိုအဘယ်သူ လွန်မြောက်နိုင်ပါမည်နည်း။
ဘုရားသခင်သည်သူတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့တော်မူ၏။ သူတို့သည်နွားရိုင်းကဲ့သို့ခွန်အားကြီး၏။ သူတို့သည်ရန်သူများကိုချေမှုန်းကြ၏။ ရန်သူတို့၏အရိုးများကိုညက်ညက်ကြေ စေလျက် သူတို့၏မြားများကိုချိုးဖျက်ကြ၏။
`` `ငါသည်သူတို့အားဘေးဒဏ်များကို အဆက်မပြတ်တွေ့ကြုံစေမည်။ ငါ၏မြားကုန်စင်အောင်သူတို့ကိုပစ်ခွင်းမည်။
ငါ၏မြားများတွင်သူတို့၏သွေးစက်စီး ကျလိမ့်မည်။ ငါ၏သန်လျက်သည်ငါ့အားဆန့်ကျင်သူ ရှိသမျှတို့ကိုသုတ်သင်လိမ့်မည်။ ငါ့ကိုရန်ဖက်ပြုသူတို့အားတစ်ယောက်မကျန် အဆုံးစီရင်မည်။ ဒဏ်ရာရသူနှင့်သုံ့ပန်းများပင်လျှင် သေဆုံးရလိမ့်မည်။'
ထာဝရဘုရားသည်ရန်သူတို့အားဖရို ဖရဲထွက်ပြေးစေတော်မူ၏။ ထိုအခါ ဣသရေလတပ်သားတို့သည်ဂိဗောင်မြို့ တွင်ရန်သူအမြောက်အမြားကိုသတ်ဖြတ် ၍ ဗေသောရုံတောင်ကြားကိုလွန်လျက်တောင် ဘက်အဇေကာမြို့နှင့်မက္ကဒါမြို့များသို့ တိုင်အောင်လိုက်လံတိုက်ခိုက်ကြလေသည်။-
ထာဝရဘုရား၏ရန်သူများသည်ချေမှုန်းခြင်းကို ခံရကြလိမ့်မည်။ သူတို့အပေါ်ကောင်းကင်မှမိုးချုန်း စေတော်မူလိမ့်မည်။ ထာဝရဘုရားသည်ကမ္ဘာတစ်ခုလုံးကို တရားစီရင်တော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိရွေးချယ်ခန့်ထားတော် မူသော ဘုရင်အား၊တန်ခိုးနှင့်ပြည့်စုံစေ၍ မိမိဘိသိက်ပေးတော်မူသောသူအား အောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။''